မော်လမြိုင် ဖေဖော်ဝါရီ ၂၄
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များသည် ယနေ့မွန်းလွဲ ၁၂ နာရီခွဲ အချိန်က မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အောင်ဆန်းခန်းမတွင် ဌာနဆိုင်ရာများ၏ ဆောင်ရွက် ပြီး၊ ဆောင်ရွက် ဆဲနှင့် ဆောင်ရွက်ရန် ကျန်ရှိသည့် လုပ်ငန်းများနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲတွင် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းက အမှာ စကားပြောကြားပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာများမှ မိမိတို့ဌာနအလိုက် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန် ကျန်ရှိသည့် လုပ်ငန်းများနှင့် လိုအပ်သည်များကို ဆွေးနွေးတင်ပြကြ သည်။
ထို့နောက် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များမှ ဌာနဆိုင်များမှ တင်ပြချက်များအပေါ် လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေးပြီး မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌမှ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)