နေပြည်တော် ဖေဖော်ဝါရီလ ၂၄
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၏ လုပ်ငန်းတာဝန် များအား ရှင်းလင်း တင်ပြသည့် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
အစည်းအဝေးတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာနက မသန်စွမ်းသူများ၏အခွင့် အရေး များဆိုင်ရာ အမျိုးသား ကော်မတီ ဖြစ်ပေါ်လာပုံနှင့် အကြောင်းအရာများ၊ မသန်စွမ်း သူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီ၏ လုပ်ငန်းတာဝန်များ၊ အမျိုးသား ကော်မတီနှင့် ဆက်စပ် ဆောင်ရွက်သည့် လုပ်ငန်းစဉ်များ၊ မသန်စွမ်း သူများ၏ အခွင့်အရေး များဆိုင်ရာ အမျိုးသား ကော်မတီပြင်ဆင်ဖွဲ့စည်းရန် အဆိုပြုခြင်းတို့ကို ပြည်ထောင်စု ဝန်ကြီး ထံ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်း သူများ မှတ်ပုံတင်ခြင်း လုပ်ငန်းအား အရှိန်အဟုန်မပျက် ဆက်လက်လုပ် ဆောင်ရန် လိုအပ်ပါ ကြောင်း၊ မသန်စွမ်း သူများ၏ အခွင့် အရေးများဆိုင်ရာ မဟာဗျူဟာ(၅)နှစ်စီမံကိန်း အချော သတ်ရေးဆွဲနိုင်ရေးအတွက်လည်း ကြိုးပမ်း ဆောင်ရွက် ရန် လိုအပ်ပါကြောင်း၊ မသန်စွမ်းသူ များ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေးဆုံး ဖြတ်ချက်များတွင် ဆောင်ရွက်ရန်ကျန်ရှိသည့် အစည်းအဝေးဆုံးဖြတ်ချက်တို့ကို ဦးစားပေး အဆင့်အလိုက် ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီကိုလည်း ပြန်လည်ပြင်ဆင်ဖွဲ့စည်း၍ အစည်းအဝေးများ ဆက်လက်ကျင်းပသွား မည်ဖြစ်ပါကြောင်း၊ မသန်စွမ်း အရေးဆောင်ရွက်နေကြသည့် UN, INGO, NGO အဖွဲ့အစည်း များ နှင့်လည်းတွေ့ဆုံ၍ လုပ်ငန်းစဉ်များ အရှိန်ဟုန် မပျက် ဆက် လက်ဆောင်ရွက်နိုင်ရေး အတွက် ဝိုင်းဝန်းကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားပြီး အစည်း အဝေးသို့ တက်ရောက်လာသူများက လိုအပ်သည်များ အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)