Feb 26, 2020
မော်လမြိုင် ဖေဖော်ဝါရီ ၂၆
နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရနည်းပညာအထက်တန်းကျောင်း (မော်လမြိုင်) တွင် မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများအသင်း(မွန်)မှ တာဝန်ယူတည်ဆောက် မည့် Hospitality and Catering Training Center (HCTC) တည်ဆောက်ရေးလုပ်ငန်း၏ ပန္နက်တော် တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မော်လမြိုင်မြို့ ကြာအင်းစံပြကျေးရွာရှေ့ရှိ အဆိုပါကျောင်းဝင်းတွင်း၌ ကျင်းပသည်။
Feb 26, 2020
လွိုင်ကော် ဖေဖော်ဝါရီ ၂၆
ကယားပြည်နယ်၊ လွိုင်ကော်မြို့အတွင်း ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပြည်သူ့ အကျိုးပြ လုပ်ငန်းများအား သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီ ပြီးစီးရေးအတွက် အလေးပေးဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို နှင့် တာဝန်ရှိသူတို့က ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အား ကွင်းဆင်း ကြည့်ရှုစစ်ဆေးကြသည်။
Feb 26, 2020
လွိုင်ကော် ဖေဖော်ဝါရီ ၂၆
ပညာရေးကောလိပ် (လွိုင်ကော်) ကျောင်း၏ လိုအပ်ချက်များ၊ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် ပညာရေးကောလိပ် (လွိုင်ကော်)မှ ဆရာ/ ဆရာမများနှင့် သင်တန်းသား/ သင်တန်းသူများအား ကာယားပြည်နယ် အစိုးရဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီး တို့က ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က သွားရောက်တွေ့ဆုံသည်။
Feb 26, 2020
မန္တလေး ဖေဖော်ဝါရီ ၂၆
မန္တလေးမြို့ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံမှ ကျောင်းသားကျောင်းသူများ စဉ်းစားတွေးခေါ်မှု တိုးတက် စေရန်နှင့် ချစ်ကြည်ရင်းနှီးစေရန် ရည်ရွယ်၍ စကားရည်ပြိုင်လုပွဲ 2020 DEBATE ပြိုင်ပွဲကို မန္တလေး တက္ကသိုလ်ရှိ အင်းဝ(၉)ခန်းမ တွင် ယနေ့ နေ့လယ် ၂ နာရီ က ကျင်းပပြုလုပ်သည်။
Feb 26, 2020
ရန်ကုန် ဖေဖော်ဝါရီ ၂၆
ဒါရိုက်တာ “Lars von Trier” ၏ Drama, Horror အမျိုးအစား လက်ရာကောင်းတစ်ခုဖြစ်သော “Antichrist" ရုပ်ရှင်ဇာတ်ကားကို မတ်လ ၁ ရက်၊ မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်မြို့၊ အမှတ်(၅၀)၊ ရွှေတောင်ကြားလမ်းရှိ ရုပ်ရှင်အနုပညာရပ်ဝန်း၊ ရုပ်ရှင်ပြခန်းမ၌ ကြည့်ရှုပြီး ရုပ်ရှင်ဇာတ်ကားအပေါ် ခွဲခြမ်းစိတ်ဖြာ လေ့လာမှုအစီအစဉ် ပြုလုပ်ကြမည်ဖြစ်သည်။
Feb 26, 2020
မန္တလေး ဖေဖော်ဝါရီ ၂၆
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ကြီးမှူး၍ ဒသမအကြိမ် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲကို ယနေ့ နံနက် ၉ နာရီ က မန္တလေးမြို့ တိုင်းရင်းဆေး တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင် ခန်းမတွင် ကျင်းပသည်။
Feb 26, 2020
ရန်ကုန် ဖေဖော်ဝါရီ ၂၅
ကြက်ခြေနီစေတနာလုပ်အားရှင် ကိုးဦးအား တစ်သက်တာ အခမဲ့ဆေးကုသခွင့်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကုသရေးဦးစီးဌာနက ယခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ချီးမြှင့်လိုက်ကြောင်း သိရသည်။
Feb 26, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၅
မြန်မာ့အားကစားအဆင့်အတန်း တိုးတက်စေရန် ရည်ရွယ်၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဝန်ကြီးရုံး (အားကစား)နှင့် အားကစားနှင့် ကာယပညာဦးစီးဌာနရှိ အရာထမ်းများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသော အားကစားနည်းပြများက အားကစားနည်း အလိုက် မိတ်ဆက်ကြသည်။
ရှာဖွေလေ့လာရန်လိုအပ်
Feb 26, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၅
Feb 26, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၅
ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဋ္ဌ ဦးအောင်မင်းသည် JICA Myanmar ရုံးမှ Chief Representative, Mr. Karasawa Masayuki နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-3) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဂျပန်နိုင်ငံ၏ ယန်း ဘီလီယံ ၈၀၀ ထောက်ပံ့ကူညီရေးအစီအစဉ်ဖြင့် ဆောင်ရွက်မည့် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်
Feb 26, 2020
ရန်ကုန် ဖေဖော်ဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘေးအန္တရာယ်ဆိုင်ရာ လူထုအသိပညာ မြှင့်တင်မှုမဟာဗျူဟာ နှင့်စပ်လျဉ်း၍ (ပထမအကြိမ်) အလုပ်ရုံဆွေးနွေးပွဲမှ ရရှိထားသော အချက်အလက်များ အတည်ပြုချက်ရယူခြင်းနှင့် ရှေ့လုပ်ငန်းစဉ် များဆွေးနွေးသည့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Summit Park View Hotel ၌ ကျင်းပသည်။