Skip to main content

Feb 25, 2020

မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအမွေအနှစ်များ ပေါများကြွယ်ဝသောနိုင်ငံ ဖြစ်သည်ကို အားလုံး သိရှိကြသည်။ ယဉ်ကျေးမှုအမွေအနှစ်များ ပေါများသည်ဆိုသော်လည်း အမြတ်တနိုးတန်ဖိုးထားမှု၊ စနစ်တကျထိန်းသိမ်း စောင့်ရှောက်မှုရှိမှသာ မြန်မာသာမက ကမ္ဘာကပါ အသိအမှတ်ပြုကာ ဂုဏ်ယူဝင့်ကြွား တင့်တယ်မော်ကြားသည့် နိုင်ငံဖြစ်ပေလိမ့်မည်။

ဆက်လက်ဖတ်ရှုရန်

Feb 25, 2020

နေပြည်တော် ဖေဖော်ဝါရီ ၂၄

ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အခြေခံသင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲအခမ်း အနားကို ယနေ့ နံနက် ၉ နာရီက စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုသင်တန်းကျောင်း စီမံခန့်ခွဲမှု အဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်း တက်ရောက် အမှာစကား ပြောကြား သည်။

ဆက်လက်ဖတ်ရှုရန်

Feb 25, 2020

နေပြည်တော် ဖေဖော်ဝါရီ ၂၄

၂၀၁၉ ခုနှစ် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် ဆောင်းပါး၊ ဝတ္ထုတို၊ ကဗျာနှင့် ဓာတ်ပုံ ပြိုင်ပွဲများ၏ ဆုချီးမြှင့်ပွဲ အခမ်းအနားကို မတ်လအတွင်း အားကစားနှင့် ကာယပညာ ဦးစီးဌာန နေပြည်တော်၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှု ဆောင်းပါး၊ ဝတ္ထုတို၊ ကဗျာနှင့် ဓာတ်ပုံပြိုင်ပွဲများ ဖိတ်ခေါ် ယှဉ်ပြိုင်ခဲ့ရာ ဆောင်းပါး ၈၃ ပုဒ်၊ ဝတ္ထုတို ၄၆ ပုဒ်၊ ကဗျာ ၆၈ ပုဒ်နှင့် ဓာတ်ပုံ ၄၂၇ ပုံတို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 25, 2020

ရန်ကုန် ဖေဖော်ဝါရီ ၂၄

ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၉ ရက်အထိ ကျင်းပမည့် ၂၀၂၀ ဂျပန်-အာဆီယံ ယူ-၁၉ ဖိတ်ခေါ် ပြိုင်ပွဲတွင် မြန်မာ ယူ-၁၉ အသင်း ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းသည် ယင်းပြိုင်ပွဲ ယှဉ်ပြိုင်ရန် ဖေဖော်ဝါရီ ၂၃ ရက် ညပိုင်းက ဂျပန်နိုင်ငံသို့ ထွက်ခွာခဲ့ပြီး ဂျပန်နိုင်ငံ၌ လေ့ကျင့်မှုပြုလုပ်နေပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2020

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် (၄၃) ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပခဲ့သည်။ ဖေဖော်ဝါရီလ၂၆ ရက်နေ့တွင ပြုလုပ်သည့် အစည်းအဝေး ၏အဆင့်မြင့်ကဏ္ဍသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေတက်ရောက်မိန့်ခွန်းပြောကြားခဲ့ရာ နိုင်ငံများအနေဖြင့် လူ့အခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့်တို့အား ကာကွယ်မြှင့်တင်ရန်တာဝန်ရှိသည့် နည်းတူပြည်တွင်း၌ဆောင်ရွက်နိုင်သည့် နည်းလမ်း များ မကုန်ဆုံးသည်အထိ အခြားအရေးယူဆောင်ရွက်ခြင်းတို့ မပြုလုပ်သည့်မူဝါဒအား ထောက်ခံအားပေး ရမည်ဖြစ်ကြောင်း မီးမောင်း ထိုးပြခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2020

(၂၄-၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ

 

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့ တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူ လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2020

 

ရန်ကုန် ဖေဖော်ဝါရီ ၂၄

Film Digital Restoration Workshop သင်တန်းဖွင့်ပွဲခမ်းအနားကို  ယနေ့ နံနက် ၉ နာရီခွဲအချိန်က ရန်ကုန် တိုင်းဒေသကြီး၊ အမှတ် (၅၀)၊ရွှေတောင်ကြားလမ်းရှိ ရုပ်ရှင်အနုပညာရပ်ဝန်း၊ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေး စင်တာ ရုပ်ရှင်ပြခန်းမ၌   ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2020

 

နေပြည်တော် ဖေဖော်ဝါရီလ ၂၄



Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်း အစည်းအဝေး (၂၃/၂၀၂၀) ကို ယနေ့၊ နံနက် (၉:၃၀) နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ဉီးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေး၌ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းမှ လမ်းညွှန်ပြောကြားရာတွင် -

ဆက်လက်ဖတ်ရှုရန်

Feb 24, 2020

နေပြည်တော် ဖေဖော်ဝါရီ ၂၄

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့တွင် ထားဝယ်တက္ကသိုလ် ဥပဒေပညာဌာနမှ ဒေါက်တာစိမ်းလဲ့လဲ့အောင် (ပါမောက္ခ၊ ဌာနမှူး) ဦးဆောင်သည့် ကြီးကြပ်သူဆရာမများနှင့် ကျောင်းသား ကျောင်းသူ ၁၁၀ တို့သည် ယနေ့ နံနက် ၁ဝ နာရီတွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက်လေ့လာပြီး လွှတ်တော်အဆောက်အဦများကို လေ့လာကြည့်ရှုခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2020

နေပြည်တော် ဖေဖော်ဝါရီ ၂၄

သင့်လျော်ကောင်းမွန်သောအလုပ်အကိုင်အစီအစဉ်နှင့် အလုပ်သမားဥပဒေပြင်ဆင်ရေး အမျိုးသားအဆင့် ပါဝင်သက်ဆိုင်သူများ စတုတ္ထ အကြိမ်မြောက် ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2020

နေပြည်တော် ဖေဖော်ဝါရီ ၂၄

ပြည်သူ့ရေးရာမူဝါဒ (Public Policy) နှင့် အခြေခံလူမှုရေး သုတေသနနည်းစနစ် (Basic Social Research Methodology) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2020

နေပြည်တော်    ဖေဖော်ဝါရီ ၂၄

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် အရှေ့အာရှ အက်ဆစ်ဖြစ်ထွန်းမှု စောင့်ကြည့်လေ့လာရေး ကွန်ရက် (EANET)တို့ ပူးပေါင်းပြီး  “အမျိုးသားအဆင့် အက်ဆစ် ဖြစ်ထွန်းမှုနှင့် လေထုညစ်ညမ်းမှု စောင့်ကြည့်လေ့လာခြင်းဆိုင်ရာ လူထုအသိပညာပေး အလုပ်ရုံ ဆွေးနွေးပွဲ” အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ Hotel Royal Aster ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2020

မြစ်ကြီးနား  ဖေဖော်ဝါရီ    ၂၄

ကချင်ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း(မြစ်ကြီးနား)မှ ကြီးမှူးကျင်းပသည့် တတိယအကြိမ်အဖြစ် မြန်မာကျပ်ငွေဖြင့် ကျောက်စိမ်းအရောင်းပြပွဲကို ယနေ့ နံနက် ၈ နာရီက မြစ်ကြီးနားမြို့ ကျောက်မျက်လုပ်ငန်းရှင်များအသင်းရုံးဝင်းအတွင်း၌ ကျင်းပပြု လုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2020

နေပြည်တော် ဖေဖော်ဝါရီ ၂၄

ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များတွင် လွှတ်တော်၏အခန်းကဏ္ဍ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦ သဘင်ဆောင်၌ ကျင်းပရာ ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2020

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

သတင်းထုတ်ပြန်ချက်အမှတ်၊ ၈ / ၂၀၂၀

၁၃၈၁ ခုနှစ်၊ တပေါင်းလဆန်း ၂  ရက်

(၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ  ၂၄  ရက်)

“တိုင်ကြားပေးပို့လာသော မူးယစ်ဆေးဝါးသတင်းများနှင့် စပ်လျဉ်း၍ ထပ်မံဖော်ထုတ်ရရှိမှုများ ထုတ်ပြန်ခြင်း”

ဆက်လက်ဖတ်ရှုရန်

Feb 24, 2020

နေပြည်တော် ဖေဖော်ဝါရီ ၂၄

ဒုတိအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းဝေးဒသမနေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2020

နေပြည်တော် ဖေဖော်ဝါရီ ၂၄

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အစည်း အဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်