တန့်ယန်း ဖေဖေါ်ဝါရီ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ယခုပွင့်လင်းရာသီသို့ စတင်ဝင်ရောက်လာပြီဖြစ်ရာ မီးဘေး အန္တရာယ် ကင်းဝေးပြီး မီးဘေးအသိ မီးဘေးသတိ ရှိစေရန်အတွက် အသိပညာပေး နှိုးဆော်ခြင်းကို ဖေဖေါ်ဝါရီ ၂၃ ရက် ညပိုင်းက မြို့တွင်းသို့ လှည့်လည် ကြေညာပေးနေလျှက်ရှိသည်။
ထိုသို့ မီးဘေးအန္တရာယ် ကင်းဝေးပြီး မီးဘေးအသိ မီးဘေးသတိ ရှိစေရန်အတွက် အသိပညာပေး ခြင်းကို မြို့နယ် အရန်မီးသတ်တပ်ရင်းမှတပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်ကင်းဝေးစေရေး တေးသီချင်းများ ဖွင့်လှစ်ခြင်း၊ လျှပ်စစ် မီးနှင့် မီးဖိုမီး သုံးစွဲမှုများကို ပြည်သူများမှ စနစ်တကျ စည်းကမ်းရှိစွာ သုံးစွဲလိုက်နာ ဆောင်ရွက်ရေး အကြောင်းတို့ကို မြို့တွင်းလှည့်လည်ကာ အသံချဲ့စက်ဖြင့် အသိပညာပေး ဆော်သြကြေညာ လျှက်ရှိကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)