နေပြည်တော် ဖေဖော်ဝါရီ ၂၃
မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား တပ်ရင်းမှူး အဆင့် အလံတင်အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် မြန်မာနိုင်ငံ မောင်တောမြို့ အမှတ်(၁) လူဝင်/ ထွက် စစ်ဆေးရေးစခန်း (POE) ၌ ကျင်းပ သည်။
အဆိုပါ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား တပ်ရင်းမှူးအဆင့် အလံတင်အစည်း အဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမှတ် (၄) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှူး ဒုတိယ ရဲမှူးကြီးဇော်လင်းအောင် ဦးဆောင်သော ကိုယ်စားလှယ် ခုနှစ်ဦးနှင့် အမှတ် (၂) ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (တက္ကနုဖ်)မှ တပ်ရင်းမှူး Lt. Col. Mohammad Faisal Hasan Khan ဦးဆောင်သော ကိုယ်စားလှယ် ၁၁ ဦးတို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် နယ်စပ်ဖြတ် ကျော်၍တရားမဝင် ဝင်/ထွက်သွားလာမှု များအား တားဆီးထိန်းသိမ်းပေးရေး၊ နယ်စပ်ဒေသနေပြည်သူများအား အသိ ပညာပေးရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ မဖြစ်ပေါ်စေရန်နှင့် နယ်စပ် ဒေသ တည်ငြိမ်အေးချမ်းမှုရှိစေရန်တို့အတွက် အပြန်အလှန် သတင်းဖလှယ်ပြီး ပူးပေါင်း ဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေး နွေးခဲ့ကြပြီး မြန်မာနိုင်ငံ၏ ပြည်တွင်း ဥပဒေနှင့်အညီ အရေးယူခဲ့ပြီးဖြစ်သော ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၄ ဦးကို မြန်မာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်သို့ စနစ်တကျ ပြည်နှင့် လွှဲပြောင်းပေးအပ်ခဲ့သည်။ ၎င်းတို့မှာ တရားမဝင် ဝင်ရောက်နေထိုင် သူ ၂၂ ဦး၊ တရားမဝင် ငွေကြေး လဲလှယ်သူ တစ်ဦးနှင့် တရားမဝင်ကုန်စည် ပို့ဆောင်သူ တစ်ဦးတို့ဖြစ်ပြီး ၁၉၈၀ ပြည့်နှစ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြား အစီအစဉ်များနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် အပိုင်း (၂)၊ အပိုဒ် (၇) နှင့်အညီ ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်