လင်းခေး ဖေဖော်ဝါရီ ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊လင်းခေးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်က မြို့နယ်အတွင်းရှိ နိုင်ငံ့ ဝန်ထမ်း အငြိမ်းစားပြည်သူများအား ၄င်းတို့၏ ပင်စင်လစာများကို ယမန်နေ့က ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဘဏ်ဖွင့်ချိန် နံနက်၉နာရီခွဲမှ စတင်ကာ အငြိမ်းစားလစာစား ပြည်သူများအနေဖြင့် မိမိတို့၏ ပင်စင် လစာ များကို အေးချမ်းစွာလာရောက်ထုတ်ယူခဲ့ကြကြောင်းနှင့် ဘဏ်ဝန်ထမ်းများက လည်း လုပ်ငန်းများ အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေး)