Skip to main content

ဇေယျာသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဇေယျာသီရိ ဖေဖော်ဝါရီ - ၂၄ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်စီမံအုပ်ချုပ်မှုူအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ် ရေးမှူးများလုပ်ငန်းညှိနှိုင်းအစည်းဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝေးခန်းမ၌ ဖေဖော်ဝါ ရီလ ၂၄ ရက် နံနက်ပိုင်းကကျင်းပခဲ့သည်။ အစည်းအဝေးတွင် ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးထင်က မြို့နယ် စီမံအုပ်ချုပ်မှုအဖွဲ့ဝင်များနှင့် တက်ရောက်လာသောဌာနဆိုင်ရာတာဝန်ရှိ သူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ် ရေးမှူးများအား အသီးသီးမိတ်ဆက်ခဲ့ပြီးနောက် မြို့နယ်အတွင်းရပ်ရွာ အေးချမ်း သာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးယန္တရားလည်ပတ်နိုင်ရန်ဌာဆိုင်ရာများတွင်လည်းတာဝန်ရှိကြောင်း၊ အုပ်ချုပ်ရေး ယန္တရား ပုံမှန် လည်ပတ် နိုင်မှသာ ရပ်ရွာအေးချမ်းသာယာရေးနှင့်တရာဥပဒေစိုးမိုး ရေးကိုဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ဌာနာ ဆိုင်ရာများ အနေဖြင့် မိမိတို့ရုံးလုပ်ငန်းများအရှိန်မပျက် လည်ပတ်နိုင်ရန်နှင့် လုံခြုံရေး အနေဖြင့် အထူးကြပ်မတ် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တစ်နှစ်တာ ကာလအတွင်းဆောင်ရွက်မည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အထက် ဌာန အသီးသီးသို့တင်ပြပြီးအရှိန်မပျက် ဆောင်ရွက်ရန်ရှိပါကြောင်း၊ covid -19 ကာကွယ်ဆေးကို ယခု လက်ရှိအချိန်တွင် ကျန်းမာရေးဝန်ထမ်း များသာထိုးနှံပြီးဖြစ်ကာ ဆက်လက်ပြီးမြို့နယ်အတွင်း သက်ကြီး ရွယ်အိုများနှင့် အများပြည်သူများအား လုံး ကာကွယ်ဆေးထိုးနိုင်ရန်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြို့နယ် အတွင်းဆေးရုံ ဆေးခန်းများပုံမှန်လည်ပတ်နိုင်ရေး တာဝန်ရှိသူများအနေဖြင့် ဆောင်ရွက်ရန် လိုအပ် ကြောင်း၊ မကြာမှီ အချိန်တွင်စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ရာ တာဝန်ရှိသူများအနေဖြင့် covid -19 ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရှိရန်လိုအပ်ကြောင်း ပြောကြား ခဲ့သည်။ ထို့နောက်တက်ရောက်လာသည့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွပ်/ကျေးရွာအုပ်ချုပ်ရေး မှူးများက မိမိတို့ လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် လိုအပ်ချက်များအားဆွေးနွေးတင်ပြရာ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ တာဝန်ရှိသူများက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ အေးလင်းထွန်း(ဇေယျာသီရိပြန်/ဆက်)