Skip to main content

မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ တွေ့ဆုံ

မော်လမြိုင် ဖေဖော်ဝါရီ ၂၄ မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ကောင်စီဝင်များသည် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အောင်ဆန်းခန်းမတွင် ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းက အဖွင့် အမှာစကားပြောကြားပြီး ကောင်စီဝင်များမှ မိတ်ဆက်အမှာစကားပြောကြားသည်။ ထို့နောက် ဌာန ဆိုင်ရာများမှ လိုအပ်သည်များကို ရှင်းလင်းတင်ပြရာ မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် ကောင်စီဝင်များမှ လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေးပေးခဲ့ပြီး ကောင်စီဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။ ခရိုင်(ပြန်/ဆက်)