Apr 04, 2022
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ မန္တလေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ် ဝင်တန်းစာမေးပွဲ စာစစ်ဌာနများသို့ သွားရောက်၍ စတုတ္ထနေ့ ဓာတုဗေဒဘာသာ ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။
Apr 04, 2022
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ ၁၄-၃-၂၀၂၂ ရက်မှ ၂၆-၃-၂၀၂၂ ရက်အထိ ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (International Labour Organization-ILO) ၏ (၃၄၄) ကြိမ်မြောက် အုပ်ချုပ်မှုအဖွဲ့အစည်းအဝေးတွင် လွတ်လပ်စွာ အသင်းအပင်းဖွဲ့ခြင်းနှင့် ဖွဲ့စည်းခွင့်ကို အသိအမှတ်ပြုရေးဆိုင်ရာ ပြဋ္ဌာန်းချက် (Convention No. 87) နှင့် အလုပ်သမားများကို အတင်းအကြပ်မလုပ်မနေရ အဓမ္မခိုင်းစေမှုဆိုင်ရာ ပြဋ္ဌာန်းချက် (Convention No. 29) တို့အား လိုက်နာ ဆောင်ရွက်မှုမရှိကြောင်း စွပ်စွဲချက်ဖြင့် စုံစမ်းစစ်ဆေးရေးကော်မရှင် (Commission of Inquiry) တစ်ရပ်ဖွဲ့စည်းရန် ဆုံးဖြတ်ချက်ချခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနက သိရှိရသည်။ အဆိုပါ ဆုံးဖြတ်ချက်ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ညွှန်ကြားရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာအရ ချမှတ်ခဲ့ခြင်းဖြစ်ပြီး ယင်းအစီရင်ခံစာတွင် နိုင်ငံရေးသွတ်သွင်းသည့် အချက်အလက်များ၊ မဟုတ်မမှန်သည့် စွပ်စွဲချက်များနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းစီရင်ပိုင်ခွင့် အတွင်း ရောက်ရှိနေသော ကိစ္စရပ်များ ပါဝင်သည်။
Apr 04, 2022
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် သည် ယနေ့နံနက်ပိုင်းတွင် အတားအဆီးမဲ့သွားလာနိုင်သော ခရီးသွားလုပ်ငန်း (Barrier Free Tourism) အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ရုံးခွဲတာဝန်ခံများကို ဝန်ကြီးဌာန နီလာခန်းမ၌ ဗွီဒီယို ကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံသည်။
Apr 04, 2022
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက မြန်မာနိုင်ငံပန်းချီ၊ ပန်းပုအစည်းအရုံး (ဗဟို)သို့ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ကျင်းပသည်။
Apr 04, 2022
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးကြည်သိန်း၊ ဦးခင်မောင်ကြီး၊ ဦးတင်ဟုန်၊ ဒေါ်ခင်မေရီ တို့ ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၁၉/၂၀၂၀ (ရှမ်း)၊ ၃၈/၂၀၂၀ (တနင်္သာရီ)၊ ၄၅/ ၂၀၂၀ ( ကရင် )၊ ၄၆/၂၀၂၀ ( တနင်္သာရီ ) ၆/၂၀၂၁ ( ရန်ကုန် )၊ ၁၄/၂၀၂၁ ( မန္တလေး ) နှင့် ၂၉ / ၂၀၂၁ ( ရန်ကုန် ) စုစုပေါင်း တရားမ အထူးအယူခံမှု (၇) မှုတို့ကို စီရင်ချက်ချမှတ်သည်။
Apr 04, 2022
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဓာတုဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၂၇၇၄၆ ဦး ရှိကြောင်း သိရသည်။
Apr 04, 2022
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် အတွင်းရှိ စာစစ်ဌာန (၉)ခု၌ ဓာတုဗေဒဘာသာရပ်အား ယနေ့ နံနက်က ဆက်လက် ဖြေဆိုလျက်ရှိရာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန် မြန်အောင်မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် တာဝန်ရှိသူများက သက်ဆိုင်ရာစာစစ်ဌာနများ၌ ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရှိရသည်။
Apr 04, 2022
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဟင်္သာတခရိုင် လက်ထောက်ညွှန်ကြားရေးမှုး ဦးကျော်သန့်သည် ယမန်နေ့ နေ့လည်ပိုင်းက ကြံခင်းမြို့နယ်တွင် နွေရာသီအားကစားသင်တန်း ဖွင့်လှစ်သင်ကြားနေမှုနှင့် ကွင်းတည်ဆောက်ပြီးစီးမှုအား ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
Apr 04, 2022
သာစည်မြို့နယ်နှင့် မရမ်းကုန်း မြို့နယ်တို့တွင် ငွေကျပ် ၂ ဒသမ ၃၉ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၁ သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Apr 04, 2022
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၁ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လေဆိပ်ကုန်လှောင်ရုံ တာဝန်ကျအကောက်ခွန်အဖွဲ့မှ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားခြင်းမရှိသော တရားမဝင် လုပ်ငန်းသုံးစက်ပစ္စည်းများ၊ အိမ်သုံးလျှပ်စစ် ပစ္စည်းများနှင့် မော်တော်ယာဉ် အပိုပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၃၈၂,၀၀၀) ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။