Skip to main content

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဟင်္သာတခရိုင် လက်ထောက်ညွှန်ကြားရေးမှုးက နွေရာသီ အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားနေမှု၊ ကွင်းတည်ဆောက်ပြီးစီးမှု အခြေအနေအား ကြည့်ရှု့စစ်ဆေး

ကြံခင်း ဧပြီ ၄

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဟင်္သာတခရိုင် လက်ထောက်ညွှန်ကြားရေးမှုး ဦးကျော်သန့်သည် ယမန်နေ့ နေ့လည်ပိုင်းက ကြံခင်းမြို့နယ်တွင် နွေရာသီအားကစားသင်တန်း ဖွင့်လှစ်သင်ကြားနေမှုနှင့် ကွင်းတည်ဆောက်ပြီးစီးမှုအား ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

ဟင်္သာတခရိုင်လက်ထောက်ညွှန်ကြားရေးမှုး ဦးကျော်သန့်သည် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ခံ ဒေါ်ခင်မိုးဝါနှင့် ဝန်ထမ်းများအား တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန့်များအား ပေါင်းစပ် ညှိနှိုင်းမှာကြားခဲ့ကြောင်းသိရသည်။

ထိုနောက်နွေရာသီ အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေမှုကို ကြည့်ရှုပြီး သင်တန်းသားများနှင့် တွေ့ဆုံအားပေးခဲ့ပြီး နောက်အားကစားကွင်းတည်ဆောက်ပြီးစီးမှု အခြေအနေအား ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များအား မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)