Skip to main content

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒ ဘာသာရပ် မြန်အောင်မြို့နယ်အတွင်းရှိ စာစစ်ဌာန (၉)ခု၌  ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဆက်လက်ဖြေဆို

မြန်အောင် ဧပြီ ၄

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် အတွင်းရှိ စာစစ်ဌာန (၉)ခု၌ ဓာတုဗေဒဘာသာရပ်အား ယနေ့ နံနက်က  ဆက်လက် ဖြေဆိုလျက်ရှိရာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန် မြန်အောင်မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် တာဝန်ရှိသူများက သက်ဆိုင်ရာစာစစ်ဌာနများ၌ ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရှိရသည်။

မြန်အောင်မြို့နယ်အတွင်း ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေး ပွဲ ကို အ.ထ.က(၁) မြန်အောင်၊အ.ထ.က(၂)နေခြည် မြန်အောင်၊ အ.ထ.က ကနောင်၊ အ.ထ.က သပြေကုန်း၊ အ.ထ.က အင်ပင်၊ အ.ထ.က တာခွ၊ အ.ထ.က ဇလုပ်မ၊ အ.ထ.က လက်ပံကွင်းနှင့် အ.ထ.က ရွှေကျင် စာစစ်ဌာန(၉)ခုတို့တွင် အတွဲ(၇) ဖြေဆိုမည့်ကျောင်းသား/သူ စာရင်းရှိ ကျား (၁၅၂) ဦး၊ မ (၂၆၁) ဦး၊ စုစု ပေါင်း (၄၁၃) ဦးရှိရာ ယနေ့ ဓါတုဗေဒဘာသာရပ် ဖြေဆိုသောနေ့တွင် ဖြေဆိုသူ ကျား (၁၃၅) ဦး၊ မ (၂၅၀) ဦး၊ စုစုပေါင်း(၃၈၅) ဦး (ဖြေဆိုရာနှုန်း ၉၃.၂၂% )၊ ပျက်ကွက် ကျား (၁၇) ဦး၊ မ (၁၁) ဦး၊ စုစုပေါင်း (၂၈) ဦး (ပျက်ကွက် ရာနှုန်း ၆.၇၈%) ရှိကြောင်း မြိုနယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

ဝင်းဗိုလ် မြန်အောင်