Apr 04, 2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သည့် သစ်တောဥပဒေ ပုဒ်မ(၆)၊ ပုဒ်မခွဲ(င) နေပြည်တော် ဒက္ခိဏခရိုင် ပျဉ်းမနားမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာ အကျယ်အဝန်း ၇၉၂၇ ဧကရှိသော နယ်မြေကို “နန်ချို ကြိုးပြင် ကာကွယ်တောအပိုင်း(၂)” အဖြစ် အမိန့်ကြော်ငြာစာ အမှတ်(၆၃/၂၀၂၂)အရ ၁၃၈၃ ခုနှစ် တန်ခူးလဆန်း ၁ ရက် (၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။
Apr 04, 2022
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနနှင့် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနအဖွဲ့တို့သည် ငါးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာ စေရန်၊ ငါးမျိုးပြုန်းတီးမှုမှ ကာကွယ်တားဆီးရန်၊ ငါးမျိုးစိတ်များကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ ရေချိုငါးလုပ်ငန်းရေပြင်များ ပျက်စီးခြင်းမှ ကာကွယ်စောင့်ရှောက်ရန်၊ ငါးစားသုံးမှုဖူလုံစေပြီး ပိုလျှံသည်များကို ပြည်တွင်းပြည်ပသို့ တင်ပို့ရောင်းချရန် ရည်ရွယ်၍ ဧပြီ ၁ ရက်က ဗန်းမော်မြို့ ကမ်းနားဈေးသို့သွားရောက် ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
Apr 04, 2022
အနာဂတ်မျိုးဆက်သစ်လူငယ်များနှင့် Human Resources (HR) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာသင်ကြားမှုများ ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်အချို့ရှိ တက္ကသိုလ် များနှင့် စာသင်ကျောင်းများအား PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်မိုင်း၊ လက်လုပ် စိန်ပြောင်းများဖြင့် ပစ်ခတ်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မတ္တရာမြို့နယ် ကင်းကျေးရွာရှိ တောင်ကျောင်းဆရာတော်အား PDF အမည်ခံ အကြမ်းဖက် သမားများက ရက်စက်စွာသတ်ဖြတ်
Apr 04, 2022
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော် အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ဌာနဆိုင်ရာ အဆောက်အအုံများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ ဆရာ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများကို ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်းများ ပြုလုပ် လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွတ်အမြတ်ထားရာ သာသနာပိုင် အဆောက်အအုံများကိုပါ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းများကို လုပ်ဆောင်လျက် ရှိသည်။
Apr 04, 2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရက ၂၀၂၂ ခုနှစ်တွင် ဆက်ကပ်လှူဒါန်းပူဇော်သည့် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို ရရှိ တော်မူသော ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ်ရှိ ဆေကဝတီ ဗုဒ္ဓတက္ကသိုလ်တည်ထောင် သူနှင့် ဒုတိယပါမောက္ခချုပ် ချမ်းမြေ့ဂုဏ်ဝေ သီလရှင်စာသင်တိုက်ကြီးများ၏ အဓိပတိ ပဓာန နာယကဆရာကြီး ဒေါက်တာ ဒေါ်ဆေကဝတီအား ဂုဏ်ပြုပူဇော်ခြင်းဂုဏဝိသိဋ္ဌ ပူဇာမင်္ဂလာကို ယနေ့ ညနေပိုင်းတွင် အဆိုပါ သီလရှင်စာသင်တိုက်၌ ပြုလုပ်ရာ ပင့်ဖိတ်ထားသော သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်ဆရာကြီး၊ ဆရာလေးများ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
Apr 04, 2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ဧပြီ ၂ ရက်တွင် ရှမ်းပြည်နယ် တောင်ပိုင်း ပေါင်းလောင်းမြို့ လိမ်းလီရွာအနီးရှိ ပေါင်းလောင်း ဆည်အတွင်း ရေပေါ်လှောင်အိမ်ဖြင့် တီလားပီးယားငါးမျိုးများ မွေးမြူထားရှိမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။
Apr 04, 2022
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများ က မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက် လျက်ရှိသည်။
Apr 04, 2022
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့် ဆောင်တို့နှင့်အတူ ယနေ့နံနက် ပိုင်းတွင် မြစ်ကြီးနားမြို့ရှိ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားထပ်ဆင့် လွှင့်စက်ရုံသို့ ရောက်ရှိပြီး ကချင် ပြည်နယ်အတွင်း ရုပ်သံထပ်ဆင့် ထုတ်လွှင့်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (တိုင်းရင်းသားဘာသာ) အစီအစဉ် အတွက် လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
Apr 04, 2022
မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့လာရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် ပြည်သူများ နေ့စဉ် လူမှုဘဝ၌ လိုအပ်လျက်ရှိသည့် စားသောက်ကုန်များကို ပြည်တွင်း၌ လုံလောက်အောင် စိုက်ပျိုး ထုတ်လုပ်ပြီး ဈေးနှုန်းတည်ငြိမ်ပိုလျှံရေးသည် အရေးပါသည့်အချက်ဖြစ်သည်။ မြန်မာနိုင်ငံရှိ ပြည်သူများ နေ့စဉ်စားသောက် မှုဘဝတွင် ဆန်နှင့်ဆီသည် အဓိကကျသည့်စားသောက်ကုန်ဖြစ်သည်။
Apr 04, 2022
တောင်သူများ ဝင်ငွေတိုးရေးအတွက် ဝဥစိုက်ပျိုးရန် နှိုးဆော် တိုက်တွန်းလျက်ရှိသည်။ ဆန်အစားထိုး စားသုံးနိုင်သည့် သီးနှံဖြစ်သော ဝဥကို မြန်မာနိုင်ငံတွင် စားသုံးမှုနည်းပါးလျက် ရှိသေးသော်လည်း ဝဥသည် စားသောက်ကုန်၊ အလှကုန်နှင့် ဆေးဝါး ကုန်ကြမ်း၊ စက်မှုကုန်ကြမ်းအဖြစ် အသုံးဝင်သောကြောင့် ပြည်ပ ဝယ်လိုအားရှိသော စိုက်ပျိုးရေး ထွက်ကုန်ဖြစ်သည်။