Skip to main content

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့တွင် ဓာတုဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၂၇၇၄၆ ဦးရှိ

နေပြည်တော် ဧပြီ ၄

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ  တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဓာတုဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၂၇၇၄၆ ဦး ရှိကြောင်း သိရသည်။

ယခုနှစ်တွင် နိုင်ငံခြားစာစစ်ဌာန ၂၀ နှင့် ပြည်တွင်း၌ စာစစ်ဌာန  ၁၂၃၂ ခု စာစစ်ဌာန စုစုပေါင်း ၁၂၅၂  ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူ ဦးရေ စုစုပေါင်း ၂၅၂၄၄၁ ဦးရှိပြီး စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၂၇၇၄၆ ဦးရှိကာ ဖြေဆိုသူ ရာခိုင်နှုန်း ၉၀ ဒသမ ၂၂ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

(သတင်းစဉ်)