Apr 05, 2022
ရန်ကုန်မြို့ရှိ စာပေတိုက်တစ်တိုက်မှ ထုတ်ဝေသည့် စာအုပ် တစ်အုပ်နှင့်စပ်လျဉ်း၍ ပြည်သူလူထုအတွင်းမှ ဝေဖန်ကန့်ကွက် ရှုတ်ချမှုများ ပေါ်ထွက်လျက်ရှိသည်။ လူမှုကွန်ရက်စာမျက်နှာများ ပေါ်တွင်လည်း အဆိုပါစာအုပ်၏ မျက်နှာဖုံးပုံ၊ စာအုပ်ကိုဝယ်ယူရန်အတွက် စာပေတိုက်ရှေ့တွင် အမျိုးသမီးငယ် အများအပြား ပါဝင်သည့် တန်းစီနေသူများ စသည့်ပုံများတင်ထားသည်ကို တွေ့ရှိရပြီး မြန်မာ့ယဉ်ကျေးမှုနှင့် မြန်မာ့လူ့အဖွဲ့အစည်းကို အန္တရာယ်ဖြစ်စေမည့် စာအုပ်ဖြစ်ကြောင်း ဝေဖန်သုံးသပ်ချက်များ ကိုလည်း တွေ့ရှိရသည်။
Apr 04, 2022
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ် အေးချမ်းမှုပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာ အဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက် ဖောက်ခွဲမှုများပြုလုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ရက်စက်စွာ လုပ်ကြံ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ထားရာ သာသနာပိုင်အဆောက်အဦများကိုပါ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင် ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းများအား စိတ်နှလုံး ညှိုးနွမ်းဖွယ် ရက်စက်စွာ ပြုလုပ်နေကြသည်ကို တွေ့ရှိရပါသည်။
Apr 04, 2022
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့် ကဏ္ဍ တစ်ခုတွင်ပါဝင်သော ပညာရည်မြင့်မားရေး၊ အနာဂတ်မျိုးဆက်သစ် လူငယ်များ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိသည်။
Apr 04, 2022
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့ အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Apr 04, 2022
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့အတွင်း၌ ဧပြီ ၃ ရက်၊ နေ့လယ်ပိုင်းတွင် လေပြင်းတိုက်ခိုက်မှုကြောင့် ကျေးရွာများရှိ နေအိမ်များပြိုကျ ပျက်စီးခဲ့ပြီး အမိုးလန် ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ရာ အနောက်တောင်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း၊ တပ်ဖွဲ့များမှ နယ်မြေခံတပ်မတော်သားများက ဌာနဆိုင်ရာ ဝန်ထမ်းများက ယနေ့တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ပေးသည်။
Apr 04, 2022
၁။ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများ နှင့်အညီ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းများကို စိစစ်ခွင့်ပြုပေးလျက်ရှိပါသည်။ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ(၈)တွင် ပုံနှိပ်သူများ၊ ထုတ်ဝေသူများသည် အောက်ပါအချက် တစ်ရပ်ရပ်တွင် အကျုံးဝင်သော ထုတ်ဝေစာများကို ပုံနှိပ်ခြင်း သို့မဟုတ် ထုတ်ဝေခြင်းမပြုရန် ပြဋ္ဌာန်းထားရှိပါသည်-
Apr 04, 2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းနှင့် အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းတွင် မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာ စက်မှုဥယျဉ် မြို့တော်အနီး သရက်ချိုပင်ကျေးရွာအုပ်စုရှိ မြေလွတ်မြေရိုင်းနေရာတွင် အကောင် အထည်ဖော် ဆောင်ရွက်မည့် မွေးမြူရေးဇုန်နှင့် အဆိုပါမွေးမြူရေးဇုံအတွက် လိုအပ်လာမည့် သောက်သုံးရေ ရရှိရေးလုပ်ငန်းများ၊ တည်ဆောက်လျက်ရှိသည့် လျှိုပိတ်တမံတည်ဆောက်ရေး လုပ်ငန်းများကို စစ်ဆေးခဲ့ကြသည်။
Apr 04, 2022
အလုပ်သမားဝန်ကြီးဌာန၏ ခရိုင်/ မြို့နယ်တာဝန်ခံများအား လုပ်ငန်းစွမ်းဆောင်ရည်မြှင့် တင်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း ပင်လုံခန်းမ၌ ဧပြီ ၄ ရက်မှ ၇ ရက်အထိ ဖွင့်လှစ်မည့် လုပ်ငန်းခွင် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါခန်းမ၌ ကျင်းပသည်။
Apr 04, 2022
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း သည် မြန်မာနိုင်ငံ ပြောင်း လုပ်ငန်းအသင်းဥက္ကဋ္ဌ ဦးမင်းခိုင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့၊ မွန်းလွဲ ၁၂ နာရီခွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
Apr 04, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။