Apr 05, 2022
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဧပြီ ၃ ရက်တွင် ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) နှင့် စပ်လျဉ်း၍ နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်း (AD) လိုင်စင်ရဘဏ်များ တိကျစွာ လိုက်နာဆောင်ရွက်ရေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၁ နာရီတွင် ကျင်းပသည်။
Apr 05, 2022
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး အရာထမ်း၊ အမှုထမ်းများ ဌာနတွင်း လူ့အခွင့် အရေး အသိပညာပေးသင်တန်း အမှတ်စဉ် (၂/၂၀၂၂) ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ကော်မရှင်ရုံး Conference Room ၌ ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ နှင့်အညီ ကျင်းပသည်။
Apr 05, 2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနသည် Online e-Visa စနစ်ဖြင့် Business Visa (လုပ်ငန်းဗီဇာ) လျှောက်ထားမှုကို ယာယီရပ်ဆိုင်း ထားရာမှ ခွင့်ပြုချက်ဖြင့် ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှစ၍ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ပြန်လည် ခွင့်ပြုဆောင်ရွက်လျက်ရှိရာ ခရီးသွားများ အဆင်ပြေစွာ လျှောက်ထားဆောင်ရွက်နိုင်ရေးအတွက် Online e-Visa ထုတ်ပေးခြင်းဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Apr 05, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ဗထူးတပ်မြို့ရှိ တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်ရင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Apr 05, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီချုပ်၊ ကာကွယ်ရေးဦးစီချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ကာကွယ်ရေးဉီးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ဗထူးတပ်နယ်ရှိ တပ်မတော်(ကြည်း) အရာခံနှင့် အကြပ်ကြီးသင်ကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Apr 05, 2022
ညီညွတ်ခြင်းသည် ဘေးအန္တရာယ် ကင်းရှင်းချမ်းသာခြင်းကို ဖြစ်စေပါသည်။ “နွားကွဲလျှင် ကျားဆွဲ” ဆိုသကဲ့သို့ စည်းလုံးညီညွတ်မှုပျက်ပြားသည်နှင့် ဘေးအန္တရာယ်များ ကျရောက်လာတတ်ပါသည်။ ထို့ကြောင့် ဘေးအန္တရာယ်များ မကျရောက်စေရန်အတွက် အသိုက်အမြုံတစ်ခုအတွင်း ညီညွတ်ခြင်းကို ခိုင်ခိုင်မာမာ တည်ဆောက်ထားကြရမည်ဖြစ်သည်။