Skip to main content

သာစည်မြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့တွင် ငွေကျပ် ၂ ဒသမ ၃၉ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၁ သိန်းကျော် ဖမ်းဆီးရမိ

နေပြည်တော် ဧပြီ ၃

သာစည်မြို့နယ်နှင့် မရမ်းကုန်း မြို့နယ်တို့တွင် ငွေကျပ် ၂ ဒသမ ၃၉ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၁ သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး  ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၃၁ ရက် ညနေ ၆ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် မိတ္ထီလာ- တောင်ကြီးသွား    ကားလမ်း ကျွဲတပ်ဆုံစစ်ဆေးရေးစခန်းအနီးတွင် ကလောမှ သာစည်ဘက်သို့ ဝေပိုင်ဦး မောင်းနှင်ပြီး ၎င်း၏ဇနီး မနန်းမူးကေသာ၊ စောအောင်လွင် ဦး (ခ) အောင်လွင်ဦးနှင့် ဗိုလ်ဗိုလ်နိုင်တို့ လိုက်ပါလာသည့် ALPH-ARD မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွ ရူးသွပ်ဆေးပြား ၅ ဒသမ ၈၅ သိန်း သိမ်းဆည်းရမိခဲ့ပြီး  ကွင်းဆက် ဖော်ထုတ်ချက်အရ ဧပြီ ၁ ရက် နံနက် ၁၁ နာရီတွင် ရာပါ (ခ)ကိုကိုမောင် နေထိုင်သည့် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့ နယ် မဉ္ဇူလမ်းရှိ နေအိမ်မှ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၅ ဒသမ ၂ သိန်း နှင့်အတူ  Kluger  မော်တော် ယာဉ်တစ်စီးတို့ကို လည်းကောင်း၊ ဝေပိုင်ဦးနှင့် မနန်းမူးကေသာတို့ နေထိုင်သည့်  ဒဂုံဆိပ်ကမ်း မြို့နယ် အမှတ် (၈၉) ရပ်ကွက် ကနောင် မင်းသားကြီးလမ်းရှိ နေအိမ်မှ Landcruiser မော်တော် ယာဉ် တစ်စီးကို လည်းကောင်း ထပ်မံသိမ်းဆည်း ရမိခဲ့၍  ဒေသကာလတန်ဖိုး ငွေကျပ် ၂ ဒသမ ၃၉   ဘီလီယံကျော်တန်ဖိုးရှိ စုစုပေါင်း စိတ်ကြွ ရူးသွပ် ဆေးပြား ၂၁ ဒသမ ၀၅ သိန်း သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့ကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများကို  ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်