နေပြည်တော် ဧပြီ ၄
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးကြည်သိန်း၊ ဦးခင်မောင်ကြီး၊ ဦးတင်ဟုန်၊ ဒေါ်ခင်မေရီ တို့ ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၁၉/၂၀၂၀ (ရှမ်း)၊ ၃၈/၂၀၂၀ (တနင်္သာရီ)၊ ၄၅/ ၂၀၂၀ ( ကရင် )၊ ၄၆/၂၀၂၀ ( တနင်္သာရီ ) ၆/၂၀၂၁ ( ရန်ကုန် )၊ ၁၄/၂၀၂၁ ( မန္တလေး ) နှင့် ၂၉ / ၂၀၂၁ ( ရန်ကုန် ) စုစုပေါင်း တရားမ အထူးအယူခံမှု (၇) မှုတို့ကို စီရင်ချက်ချမှတ်သည်။
ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၇/၂၀၂၁ (ရန်ကုန်)၊ ၅၀/၂၀၂၀ (ပဲခူး)၊ ၁/၂၀၂၁ (ရန်ကုန်)၊ ၂/၂၀၂၁ (စစ်ကိုင်း)နှင့် ၈/၂၀၂၁ (ရန်ကုန်)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၅) မှု တို့ကို ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ရုံးထိုင်ကြားနာခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)