Apr 06, 2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် (၇)ရပ်ကွက် သံသုမာလမ်းနှင့် မင်းရဲကျော်စွာ (၉)လမ်းထောင့်ရှိ KBZ ဘဏ်ခွဲ(၂၀)တွင် ယနေ့မွန်းလွဲ ၁ နာရီ မိနစ်၂၀ ခန့်က လုယက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Apr 06, 2022
အမျိုးသားစံချိန်စံညွှန်းကောင်စီအစည်းအဝေး(၁/၂၀၂၂)ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Apr 06, 2022
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Apr 06, 2022
“ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ”၏ (၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Apr 06, 2022
မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီက ကြီးမှူး၍ ၂၀၂၂ ခုနှစ် (၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဧပြီ ၂၂ ရက်မှ ၂၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
Apr 06, 2022
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ကုမ္ပဏီတစ်ခု၊ ယာဉ်စီးရေတစ်စီးဖြင့် နှာခေါင်းစည်း Disposable Mask သုံးတန်ကို တင်သွင်းခဲ့ကြောင်း သိရသည်။
Apr 06, 2022
အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား အစားအစာ ဘေးအန္တရာယ် ကင်းရှင်းစေရေးဆိုင်ရာ သတင်းအချက်အလက်များဖလှယ်ခြင်း၊ ညွှန်ကြားချက်များ ထုတ်ပြန်ခြင်းနှင့် စပ်လျဉ်းသည့် အာဆီယံအစားအစာနှင့် တိရစ္ဆာန်အစာ ဘေးကင်းလုံခြုံရေးဆိုင်ရာ လျင်မြန်စွာ လှုံ့ဆော်မှုစနစ် ( ASEAN Rapid Alert System for Food and Feed-ARASFF) ဆိုင်ရာ လက်ရှိဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ ကြုံတွေ့ရသည့် အခက်အခဲများ၊ ရှေ့ဆက်လက် ဆောင်ရွက်မည့် ကိစ္စရပ်များအား ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ ASEAN အဖွဲ့ဝင်နိုင်ငံများမှ အိမ်ရှင်နိုင်ငံအဖြစ် အက္ခရာစဉ်အတိုင်း နှစ်စဉ်အလှည့်ကျ လက်ခံကျင်းပ ဆောင်ရွက်လျက်ရှိရာ အာဆီယံအစားအစာနှင့် တိရစ္ဆာန်အစာ ဘေးကင်းလုံခြုံရေးဆိုင်ရာ လျင်မြန်စွာလှုံ့ဆော်မှုစနစ် (၉)ကြိမ်မြောက် National Contact Points နှင့် (၇)ကြိမ်မြောက် Steering Committee အစည်းအဝေးများကို ဧပြီ ၄ ရက်နှင့် ၅ ရက်တို့တွင် မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် အွန်လိုင်းမှတစ်ဆင့် ကျင်းပခဲ့သည်။
Apr 06, 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ တားဆီးရေးဆိုင်ရာ အစီအမံများနှင့်အညီ ရုပ်ရှင်ရုံများ ပြန်လည်ပြသရေးအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများနှင့် ရုပ်ရှင်လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
Apr 06, 2022
ပြည်ထောင်စုနယ်မြေ နေပြည်တော်ဧရိယာအတွင်း လယ်ယာသားငါးထုတ်လုပ်မှု တိုးတက်ရေး၊ စိုက်ပျိုးမွေးမြူရေးအခြေခံသော တန်ဖိုးမြင့်ကုန်ချော ထုတ်လုပ်မှု ဖွံ့ဖြိုးလာရန် ပုဂ္ဂလိကကဏ္ဍရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်ရေးအတွက် လိုအပ်သောအားပေး ကူညီမှုများဆောင်ရွက်ပေးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် တာဝန်ရှိသူများသည် ဧပြီ ၃ ရက်က လယ်ဝေးမြို့နယ် ပြောင်ခေါင်းကြီး မွေးမြူရေးဇုန်အတွင်း ဥစားကြက်၊ အသားစားကြက်များ မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးကာ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူများ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
Apr 06, 2022
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ဧပြီ ၄ ရက် နံနက်ပိုင်းတွင် ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းနှင့်အတူ ဝိုင်းမော်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံကာ မြစ်ကြီးနားမြို့ ကိုယ်ပွားသတင်းစာတိုက်ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။