Apr 07, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မှ တပ်မတော် အရာရှိကြီးများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် နောင်ဝို၊ ကျိုင်းခမ်း၊ မိုင်းပျဉ်းနှင့် တောင်ကြီးတပ်နယ်တို့ရှိ တပ်နယ်မြေခံတပ်များသို့ သွားရောက်၍ အရာရှိ၊ စစ်သည်၊ မိသားစုများအား သီးခြားစီ တွေ့ဆုံအမှာစကား ပြောကြားသည်။
Apr 07, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာ ဗီနေးကူးမား ကို ယနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Apr 07, 2022
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ညောင်ငုတ်တိုကျေးရွာရှိ “သစ္စာရွှေဂူ” ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်ထားသည့် “မေတ္တာရိပ်”မိဘမဲ့ဂေဟာမှ စေတနာ့ဝန်ထမ်း ဆရာမတစ်ဦးအား PDF အမည်ခံအကြမ်းဖက်သမားများက သေနတ်ဖြင့် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ပြီး ကျေးရွာအတွင်းရှိ ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
Apr 07, 2022
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) ပြုလုပ်ခွင့်လျှောက်ထားမှုများကိုစိစစ်၍ အထောက်အထားပြည့်စုံသူများကို ရုံးဖွင့်ရက်များတွင် OWIC ပြုလုပ်ခွင့် ပေးလျက်ရှိပါသည်။
Apr 07, 2022
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် တြိဂံဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏ အနောက်မြောက်ဘက် (၁၇)မိုင်ခန့်အကွာ ဝမ်တာပုံကျေးရွာ အထက်ဘက် နမ့်လွေမြစ်ပေါ်တွင် တည်ဆောက်ရန် လျာထား ဆောင် ရွက်မည့် ဝမ်တာပုံရေအားလျှပ်စစ်စီမံကိန်းကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
Apr 07, 2022
(၆-၄-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၇-၄-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၄,၂၄၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၅၃) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုး တွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၃၇) ရာခိုင်နှုန်း ရှိပါသည်။
Apr 07, 2022
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သတ္တမနေ့ကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပထဝီဝင်ဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၅၄၇၄၃ ဦး ရှိကြောင်း သိရသည်။
Apr 07, 2022
နေပြည်တော်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေမှုများကို ယနေ့နံနက်ပိုင်းတွင် ကရုဏာကမ္ဘာဘိုးဘွားရိပ်သာမှ ဒုတိယဥက္ကဋ္ဌ(၂) ဗိုလ်ချုပ်သိန်းထွန်း (အငြိမ်းစား)ဦးဆောင်သည့် အဘိုးအဘွားများ သွားရောက် လေ့လာကြည်ညိုကြသည်။
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့တွင် ဘောဂဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၀၉၃၉၃ ဦးရှိ
Apr 07, 2022
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဘောဂဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၀၉၃၉၃ ဦးရှိကြောင်း သိရသည်။
Apr 07, 2022
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇီဝဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၆၉၅၈၅ ဦးရှိကြောင်း သိရသည်။