Apr 06, 2022
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ယနေ့မွန်းလွဲ ၃ နာရီတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာဗီနေးကူးမားကို နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Apr 06, 2022
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် မြန်မာနိုင်ငံတော်ဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး မစ္စတာဗီနေးကူးမားကို နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Apr 06, 2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိပြီး လေဆိပ်၌ တာဝန်ထမ်းဆောင်နေသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
Apr 06, 2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် နိုင်ငံဝန်ထမ်းများအကြား နည်းပညာနှင့် အတွေးအခေါ် အသစ်အဆန်းများ ရရှိစေရန်၊ တစ်ဦးချင်း၏ လေ့လာမှတ်သားထားရှိချက်များအား မျှဝေဖလှယ်နိုင်ရန် ကဏ္ဍအလိုက် ခေါင်းစဉ်များသတ်မှတ်၍ လစဉ် စကားဝိုင်းဆွေးနွေးပွဲများအား ကျင်းပခဲ့ရာ အဌမအကြိမ်အဖြစ် ယနေ့ကျင်းပပြုလုပ်သည့် စကားဝိုင်း ဆွေးနွေးပွဲကို “လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး (R&D)” ခေါင်းစဉ်ဖြင့် ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
Apr 06, 2022
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ ဗီးနေကူးမားကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
Apr 06, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာစည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
Apr 06, 2022
၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ မကျည်း ကျေးရွာ၊ မကျည်းကျွန်း မြောက်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
Apr 06, 2022
ဟိုတယ်နှင့်ခရီး သွားလာရေးဆိုင်ရာ နိုင်ငံအလိုက်သုတေသနအစီရင်ခံစာ (Country Report)အတွက် ပြင်ဆင်ဆောင်ရွက်ရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
Apr 06, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ၂၀၂၂ ခုနှစ် သာသနာ တော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ သံဃာတော်အရှင်သူမြတ်များအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းကြသည်။