Skip to main content

တောင်ဥက္ကလာပမြို့နယ် KBZ ဘဏ်ခွဲ (၂၀)အား လုယက်မှုဖြစ်ပွား

ရန်ကုန်    ဧပြီ   

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ()ရပ်ကွက် သံသုမာလမ်းနှင့် မင်းရဲကျော်စွာ ()လမ်းထောင့်ရှိ KBZ ဘဏ်ခွဲ(၂၀)တွင် ယနေ့မွန်းလွဲ နာရီ မိနစ်၂၀ ခန့်က လုယက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ KBZ ဘဏ်ခွဲ မန်နေဂျာဖြစ်သူ ဦးသန်းထိုက်အုန်း၏ ပြောကြားချက်အရ ဧပြီ ရက်နံနက် ၉နာရီ မိနစ် ၃၀ ခန့်က ဘဏ်ဖွင့်ပြီး ဘဏ်ဝန်ထမ်း (၂၀) ဦးဖြင့် ဘဏ်လုပ်ငန်းများ ဆောင်ရွက်နေစဉ်  မွန်းလွဲ ၁နာရီခန့် က လျှပ်စစ်မီးပြတ်တောက်သွားသဖြင့် ဘဏ်လုံခြုံရေးဝန်ထမ်း ကိုဖြိုးမောင်မောင် က မင်းရဲကျော်စွာ ()လမ်းဘက်ခြမ်း ဘဏ်နှင့်ကပ်လျှက် ဘဏ်အပြင်ဘက်ရှိ မီးစက်အား သွားရောက်နိုးနေစဉ် လူငယ်()ဦးခန့်မှ ဝင်ရောက်လာသဖြင့် တုံကင်ပေးရသော နေရာတွင် တာဝန်ယူဆောင်ရွက်နေသော မနှင်းယုဝေမှ မေးမြန်းရာအကောင့်ဖွင့်မည်ပြောသဖြင့် မှတ်ပုံတင်တောင်း၍ တုံကင်ပေးရန်ပြုလုပ်နေစဉ် အတူပါရှိသူထဲမှ လူငယ် ()ဦးသည် သေနတ်တိုတလက်ထုတ်၍ မနှင်းယုဝေအား ချိန်ရွယ်စဉ် လုံခြုံရေးဝန်ထမ်း ကိုဖြိုးမောင်မောင် ရောက်ရှိလာပြီး မေးမြန်းစဉ် လူငယ်()ဦးမှ အသင့်ပါလာသည့် ကျင်စက်ဖြင့်တို့ခဲ့ရာ ကိုဖြိုးမောင်မောင်၏ ဝဲဘက်တစ်ထောင်စစ်၊ ယာဘက်လက်ခုံတို့တွင် ပွန်းခြစ်ဒဏ်ရာ(မစိုးရိမ်ရ) တို့ရရှိခဲ့ပြီး ရုန်းရင်းဆန်ခတ်ဖြစ်၍ အဆိုပါလူငယ် ()ဦးအပြင် ယခင်ထဲကဘဏ်ထဲတွင် ရောက်ရှိနေသော လူငယ်()ဦး စုစုပေါင်း လူငယ်()ဦးတို့သည် ဘဏ်ဝန်ထမ်းများနှင့် ဘဏ်သို့ ငွေအထုတ်အသွင်း ပြုလုပ်ရန်ရောက်ရှိလာသည့် လူ(၁၀)ဦးတို့၏ ဖုန်းများအား လိုက်လံသိမ်းဆည်းကာ မနှင်းယုဝေ လက်ထောက်ကြီးကြပ်ရေးမှူး အပါအဝင် ငွေကိုင်ဝန်ထမ်း ()ဦး ရှိနေသော ကောင်တာထဲသို့ ဂျင်းအင်္ကျီအပြာရောင် ဝတ်ဆင်ထားသည့် လူငယ်()ဦးမှ ဝင်ရောက်ကာ ကောင်တာအပေါ် အလယ်နှင့်အတွင်းရှိ စားပွဲပေါ်မှ ငွေစက္ကူ သိန်း(၂၁၇၀) ကျပ်အား အသင့်ပါလာသည့် လက်ကိုင်ပါသော ပီနံအိတ် ()လုံးအတွင်းသို့ ထည့်ကာ ယူဆောင်ထွက်ပြေး သွားခဲ့ကြောင်း သိရသည်။

အဆိုပါဘဏ်အတွင်းမှ ငွေကျပ်သိန်း(၂၁၇၀)ကျပ်အား လုယက်ယူဆောင်သွားသူ လူငယ်() ဦးအား ဘဏ်မန်နေဂျာဖြစ်သူ ဦးသန်းထိုက်အုန်းမှ တရားလိုပြုလုပ်၍ အမှုဖွင့်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဒဏ်ရာရရှိသူ ဘဏ်လုံခြုံရေး ကိုဖြိုးမောင်မောင်အား သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

စန္ဒာမိုး(ပြန်/ဆက်)