Apr 07, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E. Mr. Vinay Kumar သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။
Apr 07, 2022
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့သည် စတင်ဖွဲ့စည်းစဉ်အချိန်မှစ၍ ကမ္ဘာ့နိုင်ငံများ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်မှု၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး တို့အတွက် ရည်ရွယ်ဖွဲ့စည်းထားသော နိုင်ငံအားလုံးကို ကိုယ်စားပြုသည့်အဖွဲ့အစည်း ဖြစ်ပါသည်။ ကုလသမဂ္ဂအဖွဲ့ကြီး၏ မွန်မြတ်သော ရည်ရွယ်ချက်များနှင့်အညီ ကုလသမဂ္ဂလုပ်ငန်းအဖွဲ့များသည် ကမ္ဘာ့နိုင်ငံများ၏ အရေးအရာကိစ္စများကို တော်တည့်မှန်ကန်စွာ ဆောင်ရွက်မည်ဟု ယုံကြည်ထားပါသည်။
Apr 07, 2022
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု အခြေအနေမှာ နေ့စဉ်ဓာတ်ခွဲစမ်းသပ်မှုများမှ ပိုးတွေ့လူနာသစ်တွေ့ရှိမှု (၁) ရာခိုင်နှုန်းအောက်သို့ ရောက်ရှိလာနေသည်ကို တွေ့ရသည်။ ကိုဗစ်-၁၉ ရောဂါကို အတိုင်းအတာတစ်ရပ်အထိ ထိန်းချုပ်နိုင်ပြီ ဖြစ်သည့်အလျောက် လာမည့်သင်္ကြန်ပွဲတော်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကျင်းပရန် ခွင့်ပြုထားပြီးဖြစ်သကဲ့သို့ သင်္ကြန်အပြီး နှစ်ဆန်းတစ်ရက်(ဧပြီ ၁၇ ရက်)မှစ၍ ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ပြသနိုင်ရန်၊ ပြည်တွင်းပြည်ပခရီးသွားလာမှုများကို ခွင့်ပြုသွားရန်တို့အတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိသည်။
Apr 06, 2022
နေပြည်တော် ဧပြီ ၆
Apr 06, 2022
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂတ်မျိုးဆက်သစ် ပညာတတ်လူငယ်များ မွေးထုတ်ရေးသည်လည်း အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်သောကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ခေတ်မီဒီမိုကရေစီနိုင်ငံတော်ကို ပညာရေးဖြင့် မြှင့်တင်တည်ဆောက်ရန် အတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် လူငယ်များ၏ ပညာရည်မြင့်မားရေးအတွက် တစိုက်မတ်မတ် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကြောင့် ခေတ္တပိတ်ထားရသည့် အခြေခံ ပညာကျောင်းများကို ကျောင်းသား၊ ကျောင်းသူများ၏ စာသင်နှစ်နစ်နာမှုမရှိစေရေးအတွက် ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ပြီး လက်ရှိတွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကိုလည်း စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။
Apr 06, 2022
ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ ပဲပဒုံပူးပေါင်းစစ်ဆင်ရေးဂိတ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက ဧပြီ ၅ ရက်တွင် ယာဉ်အဝင်/ အထွက်များ စစ်ဆေးစဉ် ရန်ကုန်မှ စစ်တွေသို့ ယာဉ်မောင်းဖြစ်သူ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်နေ ဇော်မျိုးသန်း(ဘ)ဦးစိန်သန်းနှင့် ယာဉ်နောက်လိုက်ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (က)ရပ်ကွက်၊ မေယု (၃)လမ်း၊ အမှတ်(၁၀၅)နေ သိန်းသန်းမြင့် (ဘ)ဦးမြင့်သူ တို့မောင်းနှင်လာသည့် NISSAN DIESEL (UD) အဖြူ / အပြာ မော်တော်ယာဉ်အမှတ်၊ 5K/------ အား ရပ်တန့်စစ်ဆေးစဉ် ယာဉ်ပေါ်၌ အဝတ်အစား (ဘေထုပ်) ပီနံအိတ်(၁၀၀)လုံးခန့် အတွင်းမှ အဝတ်အစားများဖြင့် ညှပ်၍ စနစ်တကျ ထုတ်ပိုးထားသည့် ခန့်မှန်းကာလ တန်ဖိုး ကျပ်သိန်းပေါင်း ၃၀၀၀၀၀ ကျော်ရှိသော WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား တစ်ထုပ်လျှင် ဆေးပြား ၅၀၀၀၀ ခန့်ပါ အထုပ် ၃၀၀ ထုပ်၊ ဆေးပြား စုစုပေါင်း ၁၅၀ သိန်းအား သိမ်းဆည်းရမိခဲ့သည်။
Apr 06, 2022
အစွန်းရောက်အကြမ်းဖက် သောင်းကျန်းသူများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ခရီးသွားပြည်သူလူထုများအား ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် ဒေသတွင်းလမ်းပန်းဆက်သွယ်မှုများ ပြတ်တောက်၍ တရားဥပဒေစိုးမိုးမှုအား ထိခိုက်ပျက်ပြားစေရန် ရည်ရွယ်၍ အများပြည်သူ သွားလာနေသော လမ်းမကြီးများ၊ လမ်းများနှင့် ဌာနဆိုင်ရာရုံးများအား လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲခြင်း၊ ပစ်ပေါက်ခြင်းများ ပြုလုပ်လျက်ရှိသည်။
Apr 06, 2022
နိုင်ငံတော်အစိုးရအနေဖြင့် CRPH NUG နှင့် PDF အမည်ခံ အကြမ်းဖက် အဖွဲ့များမှ ပြည်သူလူထုအား လုပ်ကြံသတ်ဖြတ်ခြင်းနှင့် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှု ယန္တရားပျက်ပြားစေရန်အတွက် အစိုးရနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် ပြည်သူလူထုပိုင် အဆောက်အဦများအား အကြောင်းမဲ့ဖောက်ခွဲဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များအား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးခြင်းများအား နေ့/ညမပြတ် ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၅ ရက် နေ့လည်ပိုင်းတွင် ထွန်းထွန်းဝင်း(ခ) ပျံလွှား(ခ) ယံလေး (၄၃)နှစ်၊ တပ်ကုန်းမြို့နယ်၊ ပင်းစုကျေးရွာနေသူအား RETAY 84 FS အမျိုးအစား ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၉ မမ ကျည် ၂၄ တောင့်၊ ဒီတိုနေတာ ၁၃၈ ခု၊ လက်လုပ်မိုင်း ၃ လုံး၊ ယမ်းကြိုး ၁ ခွေနှင့် လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
Apr 06, 2022
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ ဗီနေးကူးမား ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား အဆိုပါဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Apr 06, 2022
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် ယနေ့ညနေ ၆ နာရီတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာဗီနေးကူးမားအား အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။