Apr 07, 2022
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းတွင် စစ်ဗျူဟာမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ခန္တီးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုကို သွားရောက်ကြည့်ရှုပြီး ဖြေဆိုပြီးသော ကျောင်းသား ကျောင်းသူများနှင့် မိဘများအား တွေ့ဆုံအားပေးသည်။
Apr 07, 2022
တပ်မတော်(ကြည်း) ဗိုလ်သင် တန်းကျောင်း(ဗထူး) ဗိုလ်လောင်း သင်တန်းအမှတ်စဉ် (၁၂၅) ပြန်တမ်းဝင်အရာရှိ ခန့်အပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်း က ဗထူးတပ်မြို့ရှိ အဆိုပါ ဗိုလ်သင်တန်းကျောင်း စစ်ရာထူး ခန့်ထားရေး ခန်းမဆောင် (Commissioning Hall) ၌ ကျင်းပရာ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်၊ ဒုတိယတပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ် အောင်မျိုးသန့်၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးဇော်ဝင်းနှင့် ကျောင်းဆင်း ဗိုလ်လောင်းများ တက်ရောက်ကြသည်။
Apr 07, 2022
မြန်မာ့နှစ်သစ်ကူးရုံးပိတ်ရက်ဖြစ်သော ဧပြီ ၉ ရက်မှ ၁၇ ရက်အထိ အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ သွားလာမှုအဆင်ပြေ ချောမွေ့စေရန် နေပြည်တော်-ရန်ကုန် သင်္ကြန်အထူးရထားအား မြန်မာ့မီးရထားမှ ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
Apr 07, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး၊ ကာကွယ် ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ဗထူးတပ်မြို့ရှိ တပ်မတော်ဆေးရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Apr 07, 2022
တပ်မတော် (ကြည်း) ဗိုလ်သင်တန်း ကျောင်း (ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၂၅) သီဟတပ်ခွဲ သင်တန်း ဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဗထူးတပ်မြို့ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) စစ်ရေးပြကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ကိုယ်စား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်း တက်ရောက်မိန့်ခွန်း ပြောကြားသည်။
Apr 07, 2022
တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၁၂၅) သီဟတပ်ခွဲ သင်တန်းဆင်း ဂုဏ်ပြုညစာ စားပွဲအခမ်းအနားကို ယနေ့ညပိုင်းတွင် ဗထူးမြို့၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)၊ စစ်ရာထူးခန့်ထားရေး ခန်းမဆောင်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်း တက်ရောက်ချီးမြှင့်သည်။
Apr 07, 2022
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဌာနဆိုင်ရာများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ပြည်နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။
Apr 07, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံတွင် တာဝန် ထမ်းဆောင်မှုပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် ဩစတြေးလျနိုင်ငံ သံအမတ်ကြီး H.E. Ms. Andrea Marie Faulkner အား ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။