Skip to main content

Oct 22, 2021

ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 22, 2021

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက်(၅၅)နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 22, 2021

တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 22, 2021

သီတင်းကျွတ်လပြည့် အဘိဓမ္မာ နေ့အဖြစ် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ဆီမီး ၅၀၀၀ ကပ်လှူပူဇော်ခြင်းနှင့် သီတင်းကျွတ်မီးထွန်းပွဲတော်ကို အောက်တိုဘာ ၂၁ ရက် ညပိုင်းတွင် မန္တလေးတိုင်းဒေသကြီး နန်းမြို့အတွင်းရှိ နန်းမြို့ဆုတောင်းပြည့် ဘုရား၌ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 22, 2021

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယဉ်ကျေးမှုနှင့်ခရီး သွားလာရေးဝန်ကြီးဌာနမှကြီးမှူး၍ လန်ချန်းမဲခေါင် ခရီးသွားမြို့များ ပူးပေါင်းဆောင်ရွက်ရေး မဟာမိတ်အဖွဲ့ (Lancang-Mekong Tourist Cities Cooperation Alliance) မူ ဘောင်ပိုမိုကောင်းမွန် ပြည့်စုံစေရန်နှင့် ကိုဗစ်-၁၉ အလွန်ကာလတွင် ဒေသတွင်းယဉ်ကျေးမှုနှင့်ခရီးသွားလုပ်ငန်း ပြန်လည် ဦးမော့ရေးနည်းလမ်းများ ညှိနှိုင်းဆွေးနွေးရန် လန်ချန်း-မဲခေါင် ခရီးသွားမြို့များ ပူးပေါင်းဆောင်ရွက်ရေး မဟာမိတ်အဖွဲ့ညီလာခံကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ချုံကျင်းမြို့၌ အောက်တိုဘာ ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 22, 2021

အာဆီယံ+၃ နိုင်ငံများ၏ဘဏ္ဍာရေးနှင့်ဗဟိုဘဏ် ဒုတိယအကြီးအကဲများ အစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲတွင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံမှ Virtual စနစ်ဖြင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ပါဝင်တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 22, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်း နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ တင်သွင်းရာ ကုမ္ပဏီတစ်ခုမှ ယာဉ်စီးရေ သုံးစီးဖြင့် နှာခေါင်းစည်း ၁၈ တန် တင်သွင်းခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 22, 2021

အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်း ချုပ်၊ ကုသရေးပစ္စည်းများအား ရေကြောင်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိသည်။ ထိုသို့ ထုတ်ပေးလျက်ရှိရာ အောက်တိုဘာ ၂၀ ရက်တွင် နယ်စပ်(ချင်းရွှေဟော်) ၌ ကုမ္ပဏီငါးခုတို့မှ Mask ၁၈၆၁၇ Kg ၊ Disposable Cap ၁၃၆၀Kg ၊ Oxygen Plant ငါးခု၊ Syringe ၂၈၁၇၆ ခု၊ Face Shield ၆၀၀ Kgတို့အား ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 22, 2021

မြန်မာနိုင်ငံနှင့် အာဆီယံတို့၏ ဆက်ဆံရေးအခြေအနေများ ဖြစ်ပေါ်မှုနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က သီတင်းကျွတ်အခါသမယ ပြည်သူလူထုသို့ ပြောကြားသည့် မိန့်ခွန်းတွင် “ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာပြုလုပ်ခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ မူအားဖြင့် ဘုံသဘောတူညီချက် (၅)ခု ရရှိခဲ့ပါတယ်။ အာဆီယံ အလှည့်ကျဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ် တာဝန်ပေးနိုင်ဖို့အတွက် အခက်အခဲအမျိုးမျိုးနဲ့ ဆွေးနွေးပြီးတဲ့နောက်ပိုင်းမှာ ဩဂုတ်လ ၄ ရက်နေ့က ဘရူနိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး(၂) Dato Erywan Pehin Yusof ကို ကျွန်တော်တို့ သဘောတူညီခဲ့ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ သဘောတူညီချက်ကို မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ယဉ်ကျေးမှုနဲ့ အာဆီယံရဲ့ charter များနဲ့အညီ ဆောင်ရွက်သွားမယ်လို့ ဖော်ပြခဲ့ပါတယ်” ဟူ၍ ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 22, 2021

ပြည်သူများ လိုလားတောင့်တကြသည်မှာ တည်ငြိမ်အေးချမ်းနေသည့် ပုံမှန်ဘဝတွင် ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နိုင်ကြရေးဖြစ်သည်။ ယင်းအခြေအနေကို သီတင်းကျွတ်လပြည့်နေ့က နိုင်ငံတစ်ဝန်းတွင် ပြည်သူများ စိတ်ချမ်းမြေ့စွာနေထိုင်ခဲ့ကြသည်ကို မြင်တွေ့ခဲ့ရပြီး ဤသို့ပုံမှန်ဘဝသို့ရောက်အောင် စည်းစည်းလုံးလုံး အေးချမ်းပျော်ရွှင်စွာ ဆက်လက်နေထိုင်ကြရန် လိုအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 21, 2021

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူး ဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 21, 2021

(၁၆) ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (16th ASEAN Ministerial Meeting on Environment - 16th AMME and Related Meetings) ကို ယနေ့နံနက် ၈ နာရီခွဲတွင် အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် ဗွီဒီယိုကွန်ဖရင့် စနစ်ဖြင့်ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 21, 2021

သက်ရှိများမှီတင်းနေထိုင်လျက်ရှိသည့် ကမ္ဘာမြေကြီးတွင် သဘာဝအလျောက် ရုတ်တရက်ပြောင်းလဲဖြစ်ပေါ် လာသည့် ဖြစ်စဉ်တစ်ရပ်ကို သဘာဝဘေးအန္တရာယ်ဟု ခေါ်ဆိုကြသည်။ သာဓကအနေဖြင့် မြေငလျင်လှုပ် ခတ်ခြင်း၊ လေမုန်တိုင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရေလျှံခြင်း၊ မြေပြိုခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ဆူနာမီလှိုင်း များ မြင့်တက်လာခြင်း၊ မိုးခေါင်ရေရှားခြင်း၊ ရောဂါအသစ်အဆန်းများ ကျရောက်ခြင်းစသည့် အန္တရာယ်များ ပင်ဖြစ်သည်။ ထိုအန္တရာယ်များကြောင့် သေကျေထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားနိုင်ပါသည်။ သဘာဝဘေး အန္တရာယ် မည်မျှကြီးမားသည်ကို သေကျေထိခိုက်မှု၊ ပျက်စီးဆုံးရှုံးမှုများနှင့် တိုင်းတာနိုင်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 21, 2021

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာ သည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၁၉ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ချင်း ရွှေဟော်မြို့သို့ ပြန်လည်ဝင် ရောက်လာသူ အမျိုးသား ရှစ်ဦး၊ အမျိုးသမီး သုံးဦး စုစုပေါင်း ၁၁ ဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုး သား ၁၈ ဦး၊ အမျိုးသမီး ၁၂ ဦး၊ စုစုပေါင်း၃၀တို့ကိုလက်ခံခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 21, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန် နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် မူဆယ်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းနှစ်ခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီသုံးခုမှယာဉ်စီးရေ လေးစီး ဖြင့် နှာခေါင်းစည်း (Mask) ၂၅ တန် တင်သွင်းခဲ့ကြောင်း သိရ သည်။

ဆက်လက်ဖတ်ရှုရန်

Oct 21, 2021

ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေး နှင့် တည်းခိုရေး စခန်းများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 21, 2021

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလ အတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 21, 2021

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက်(၅၅)နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊

ဆက်လက်ဖတ်ရှုရန်

Oct 21, 2021

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ ဆေကဝတီ ဗုဒ္ဓ တက္ကသိုလ်၏ အသံမစဲအဘိဓမ္မာ(၇)ကျမ်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါ ဗုဒ္ဓတက္ကသိုလ်၌ပြုလုပ်ရာ ဆေကဝတီ ဗုဒ္ဓတက္ကသိုလ်၏ ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဝိနယာလင်္ကာရ အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတအမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

ဆက်လက်ဖတ်ရှုရန်