Oct 21, 2021
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းက နေပြည်တော်-တပ်ကုန်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ဗုဒ္ဓရုပ် ပွားတော်များနှင့် မဟာဗောဓိပင်အား အနေကဇာတင်ပူဇော်ခြင်း ရေစက်ချမင်္ဂလာ အခမ်း အနားသို တက်ရောက်ပြီး ရုပ်သံလွှင့်လုပ်ငန်း တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ အား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေးသည်။
Oct 21, 2021
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မင်းဓမ္မကုန်းတော်ပေါ်ရှိ အဘယလာဘ မုနိရုပ်ပွားတော် ဘုရားကြီး(ကျောက်တော်ကြီး)ဝန်းအတွင်း၌ တည်ထားကိုးကွယ်တော် မူသော အဘရာကျော်ဓါတ်ပန္နက် ရွှေလဝင်းစေတီတော် ရွှေထီးတော်တင်လှူ ပူဇော်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဘုရားကြီး၌ပြုလုပ်ရာ အင်းစိန်မြို့နယ်၊ သံဃာ့နာယကအဖွဲ့ဉက္ကဋ္ဌ ဘဒ္ဒန္တဇာနေယျ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Oct 21, 2021
ယခုတစ်လော မြန်မာနိုင်ငံနှင့် အာဆီယံအဖွဲ့၏ ဆက်ဆံရေးအခြေအနေတို့ကို ကြားသိနေရပါသည်။ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ လာရောက်ရေးကိစ္စ၊ မကြာမီကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံမှ ကိုယ်စားပြုတက်ရောက်မည့်ကိစ္စနှင့် တက်ရောက်ပါက မည်သည့်အဆင့် တက်ရောက်ရန်ကိစ္စတို့ကို အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က ဆွေးနွေးပြော ကြားသည့် ကိစ္စများဖြစ်သည်။
Oct 21, 2021
ကုသိုလ်ကောင်းမှုတို့ကို မြန်စွာပြုရာ၏။ စိတ်ကို မကောင်းမှုမှတားမြစ်ရာ၏။ ကုသိုလ်ကောင်းမှု အပြုနှေးသောသူ၏ စိတ်သည် မကောင်းမှု၌ ပျော်မွေ့တတ်၏။ (ကောင်းမှုအပြုနှေးသောသူ၏ စိတ်ထဲသို့ မကောင်းမှ ဝင်လာတတ်၏။
Oct 20, 2021
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ် ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် -
Oct 20, 2021
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ဦးတည် အုပ်စုများနှင့် ဦးစားပေးအစီအစဉ်များအလိုက် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက် လျက်ရှိရာ သီတင်းကျွတ်ရက်မြတ်ကာလအတွင်း သာသနာ့နွယ်ဝင် ဦးတည်အုပ်စုဖြစ်သည့် ဆရာ တော်/ သံဃာတော်များ၊ သီလရှင်များနှင့် ကပ္ပိယများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး နေမှုများကို အရှိန်အဟုန်မပျက်ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
Oct 20, 2021
သီတင်းကျွတ်လပြည့်နေ့သည် မြတ်စွာဘုရားရှင်တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာ တရားတော်ကို ဝါတွင်းသုံးလ ဟောကြားခြင်း ပြီးမြောက်သောနေ့၊ နတ်ဗြဟ္မာအပေါင်းတို့ ခြံရံလျက် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ဗြဟ္မာ နတ်လူ သုံးဘုံလူတို့ မြတ်စွာဘုရားအား ကြည်ဖြူကော်ရော် ပူဇော်သောနေ့၊ လောကဝိဝရဏ တန်ခိုး တော်ကြောင့် စကြဝဠာတစ်ဝန်းလုံးကို တိုးလျှိုပေါက်မြင်ကြရသောနေ့ စသောဂုဏ် ထူးဝိသေသတို့ဖြင့် အထူးတလည်ပြည့်စုံသော နေ့ထူးနေ့မြတ်ဖြစ်သည်။
Oct 20, 2021
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၃ ခုနှစ် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့အရုဏ်ဆွမ်းတော်ကြီး ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်တောင်ဘက်မုခ်ရှိ ဧည့်ခံတန်ဆောင်း ၌ ကျင်းပသည်။
Oct 20, 2021
ယနေ့ကျရောက်သည့် သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)သည် ဗုဒ္ဓ ဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ မန္တလေးမြို့ရှိ တန်ခိုးကြီးဘုရားများ၊ မြို့နယ်၊ ရပ်ကွက် အသီးသီးရှိ စေတီပုထိုးများ၌ ပန်း၊ ရေချမ်း၊ ဆီမီး၊ ဆွမ်းခဲဖွယ် ကပ်လှူ ပူဇော်၍ ကုသိုလ်ကောင်းမှု ပြုလုပ်ကြသူများ ဖြင့် စည်ကားလျက်ရှိသည်။
Oct 20, 2021
ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းကြီး (YMBA) ရုံးခန်း ဖွင့်ပွဲနှင့် အလှူငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ ရွှေတိဂုံစေတီတော် မြောက်ဘက်မုခ်ရှိ YMBA ဓမ္မာရုံ၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ YMBA အသင်းဥက္ကဋ္ဌ ဦးရဲထွန်းနှင့် အဖွဲ့ဝင်များနှင့် အလှူရှင်များ တက်ရောက်ကြသည်။
Oct 20, 2021
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်ရှိ ရှင်စောပုဘုရင်မကြီး တည်ထားကိုးကွယ်ခဲ့သည့် ရှင်စောမြတ်စေတီတော်နှင့် မြတ်တိဂုံလောကနိဗ္ဗာန် ပုထိုးစေတီတော်တို့ကို စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ခြင်းနှင့် ရှင်အရဟံ ၁၀၀၄ နှစ်ပြည့်၊ (၁၈ နှစ်၊ ၁၈ ကြိမ်မြောက်)၊ ရက်ပေါင်း ၉၀ အဘိဓမ္မာ ၇ ကျမ်း အသံမစဲ ရွတ်ဖတ်ပူဇော်ပွဲ အောင်မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် ရှင်စောမြတ် စေတီတော်၌ ပြုလုပ်ရာ သန်လျင်မြို့နယ် သစ္စာ ဓိဋ္ဌာန် နယ်လှည့်စတုဒိသာ နတ်စင်တရာဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ ပညာတေဇ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Oct 20, 2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနနှင့် စိုက်ပျိုးရေးသိပ္ပံကျောင်း (ပုသိမ်ကြီး)တို့ ပူးပေါင်းဆောင်ရွက်သည့် အခြေခံငါးမွေးမြူရေးနှင့် ဆေးထိုးသားဖောက်သင်တန်းကို အောက်တိုဘာ ၅ ရက် မှ ၈ ရက်အထိ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် သရက်ကုန်း ငါးလုပ်ငန်းစခန်းဝင်းအတွင်းရှိ ရေချိုငါးမွေးမြူရေး သုတေသနနှင့် တိုးချဲ့ပညာပေးရေး ဗဟိုဌာနတွင် ဖွင့်လှစ်ခဲ့သည်။
Oct 20, 2021
ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများအား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်သားဆရာ၀န်များ၊ ကျန်းမာရေး၀န်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm များအား သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော်လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။
Oct 20, 2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက်(၅၅)နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂) နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ စသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
Oct 20, 2021
ယနေ့သည် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ဖြစ်သည်။ ဗုဒ္ဓဘာသာဝင် အပေါင်းတို့အတွက် နေ့ထူးနေ့မြတ်နေ့တစ်နေ့ဖြစ်ပြီး ထိုနေ့တွင် အများအားဖြင့် သီတင်းကျွတ်မီးထွန်းပွဲတော်ကျင်းပခြင်း၊ ဘုရား၊ တရား၊ သံဃာ၊ မိဘဆရာသမားများအား ပူဇော်ကန်တော့ခြင်းနှင့် ပွဲလမ်းသဘင်များ ပြုလုပ်ကြသည်။ အမှန်တကယ်တွင် သီတင်းကျွတ်လပြည့်နေ့၏ ထူးကဲမွန်မြတ်သောအနှစ်သာရနှင့် ဂုဏ်ထူး ဝိသေသများကို သိရှိနားလည်ရန် လိုအပ်ပါသည်။
Oct 20, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့် အမိန့်အမှတ်(၁၈၆/၂၀၂၁)ဖြင့် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသော အကျဉ်းသား၊ အကျဉ်းသူ ၁၃၁၆ ဦးတို့ကို ပြစ်ဒဏ်များလျှော့ပေါ့၍ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်သည်။ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာ ခွင့်ရရှိခဲ့သည့် အကျဉ်းသား အကျဉ်းသူများမှာ ဆူပူဆန္ဒပြမှုများတွင် ပါဝင်ခဲ့သဖြင့် ပြစ်ဒဏ်ကျခံနေကြရသူများဖြစ်ပြီး "နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်း သတ်မှတ်ချက်ဖြင့် ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ခြင်းလည်း ဖြစ်သည်။ ထို့အပြင် ဆူပူဆန္ဒပြမှုများနှင့် စပ်လျဉ်း၍ ကရား စွဲဆိုခြင်းခံနေရသူ ၄၃၂ဝ တို့၏ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် (၁၈၇/၂၀၂၁)ဖြင့် အမှုများကို ပိတ်သိမ်းပေးခဲ့သည်။
Oct 19, 2021
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၃ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ အကြို(အဖိတ်နေ့) ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆီမီး ၁၁၀၀၀ ထွန်းညှိပူဇော်ဆက်ကပ်ပွဲကို ယနေ့ညပိုင်းတွင် ရွှေတိဂုံစေတီတော် ရင်ပြင်၌ ကျင်းပသည်။
Oct 19, 2021
2021 Global Rural Development Forum ကို ယနေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ The National Rural Revitalization Administration မှ အိမ်ရှင်အဖြစ်လက်ခံ၍ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
Oct 19, 2021
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းကပဲခူးမြို့ သားဖွား သင်တန်းကျောင်းသို့ သွားရောက်၍ သင်တန်းတက်ရောက်နေသည့် သင်တန်းသူများအား တွေ့ဆုံအားပေးသည်။