Skip to main content

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း အတာသင်္ကြန် နှစ်သစ်မင်္ဂလာကာလတွင် သံဃာ​တော်များအတွက် ဆန်၊ ဆီ၊ ဆား ကြက်သွန်များ​ ပေးအပ်လှူဒါန်း

​မော်လမြိုင် ဧပြီ ၁၃

မြန်မာလူမျိုး၊ တိုင်းရင်းသားများသည် နှစ်သစ်အတာသင်္ကြန် မင်္ဂလာအခါ သမယတွင် ဆရာတော်၊ သံဃာ​တော် အရှင်သူမြတ်များကို လှူဒါန်း​ပေးသည့် ဆွမ်း၊ ကွမ်း​ဝေယျာဝစ္စများ၊ ဘုရား​ကျောင်းကန်များသို့ သွား​ရောက်ကုသိုလ်ယူခြင်းများ ​ဆောင်ရွက်လျက်ရှိသည့် ရိုးရာယဉ်​ကျေးမှု ဓ​လေ့၊ ထုံတမ်းအစဉ်အလာများရှိရာ ယ​နေ့ ၁၃၈၃ ခုနှစ်၊​ နှောင်းတန်ခူးလဆန်း၊ ၁၃ ရက်​နေ့တွင် ကျ​ရောက်သည့် မြန်မာ့ရိုးရာ အတာသင်္ကြန်အကြို မင်္ဂလာရက်​နေ့တွင် သံဃာ​တော်များအတွက် ဆွမ်းဆန်၊ ဆီ၊ ဆား ကြက်သွန်များကို​ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို  ယ​နေ့ နံနက်ပိုင်းက ​မော်လမြိုင်မြို့၊ မြ​စေတီ (ရဲ​ကျောင်း) စာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပ​ဒေချုပ်၊ အစိုးရအဖွဲ့ အတွင်း​ရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်​ရောက်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို န​မောတဿသုံးကြိမ် ဘုရား​ကန်​တော့ဖွင့်လှစ်ခဲ့ပြီး မော်လမြိုင်မြို့၊ မြစေတီ (ရဲ​ကျောင်း) စာသင်တိုက် ဆရာ​တော် ပဓါနနာယက အဂ္ဂမဟာပဏ္ဏိတ ဝိနယပါဠိပါရဂူ ဘဒ္ဒန္တဝိမလဗုဒိထံမှ ငါးပါးသီလ ခံယူ​ဆောက်တည်ကာ မေတ္တာသုတ် ပရိတ်တရား​တော်များ နာယူကြည်ညို၍ ဆရာတော် သံဃာတော်များအား လှူဘွယ်ပစ္စည်းများနှင့်  အလှူ​တော်​ငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်၊၊

ထို​နောက် လှူဘွယ်ဝတ္ထုအစုစုတို့အတွက်​ ရေစက်ချ အနု​မောဒနတရား နာယူကြည်ညိုပြီး အခမ်းအနားကို ဗုဒ္ဗသာထနံ စိရံတိဠတုသုံကြိမ်ရွက်ဆို ဆု​တောင်း၍ အခမ်းအနားကိုပြီး​မြောက်ခဲ့သည်။

မွန်ပြည်နယ် အစိုးရအဖွဲ့အ​နေဖြင့် မြန်မာ့ရိုးရာ အတာသင်္ကြန်ကာလတွင် သံဃာ​တော်များ အတွက် လိုအပ်သည့် ပစ္စည်း​လေးပါး ပြည့်စုံအဆင်​ပြေ​စေ​ရေး လှူဒါန်း​ဆောင်ရွက်​ပေးလျက်ရှိသလို ယ​နေ့ မြ​စေတီ (ရဲ​ကျောင်း) စာသင်တိုက်အတွက် ဆန်(၁၀)အိတ်၊ ဆီ(၁၀)ပုံး၊ ဆား (၁၀)အိတ်၊ ကြက်သွန်(၁၀)အိတ်ကို​ ပေးအပ်လှူဒါန်းခဲ့​ကြောင်း သိရသည်။

ခင်စန်းမြင့်(ခရိုင်ပြန်ဆက်)