Skip to main content

ဒလမြို့နယ်၌ မဟာသင်္ကြန်ရေကစားမဏ္ဍပ် ဖွင့်ပွဲကျင်းပ

ဒလ ဧပြီ ၁၃

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်တွင် ဗဟိုရေကစားမဏ္ဍပ်ကို  မြန်မာသက္ကရာစ် ၁၃၈၃ ခုနစ်၊ တန်ခူးလဆန်း ၁၃ ရက်နေ့ နံနက် ၈ နာရီတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစည်သူကျော်မှ နှုတ်ခွန်းဆက်စကား ပြောကြားပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရ သည်။      

အဆိုပါ ဖွင့်ပွဲတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများက နံ့သာရေများဖြင့် ပက်ဖြန်းပြီး ယိမ်းအဖွဲ့ များက မန်းတောင်ရိပ်ခိုသီချင်းဖြင့် ကပြဖျော်ဖြေပြီး စတုဒိသာများဖြင့်လည်း ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မဟာသင်္ကြန်မဏ္ဍပ်ကို သင်္ကြန်အကြိုနေ့မှ သင်္ကြန်အတက်နေ့အထိ  စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)