ရန်ကုန် ဧပြီ ၁၃
၁၃၈၃ ခုနှစ် မဟာသင်္ကြန်ပွဲတော်ကာလ၌ ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံလမ်း၌ လမ်းလျှောက်သင်္ကြန်ကျင်းပရာ သင်္ကြန်ချစ် ပြည်သူများလာရောက်ရေကစားကြသည်။
မဟာဗန္ဓုလပန်းခြံလမ်းတွင် ပြုလုပ်သည့် လမ်းလျှောက်သင်္ကြန်ကို မဟာဗန္ဓုလလမ်းမှ ကုန်သည်လမ်းမပေါ်အထိ မုခ်ဦးများ၊ ရေပန်းများတပ်ဆင်ထားပြီး ဖျော်ဖြေရေးစင်မြင့်များဖြင့် ဖျော်ဖြေတင်ဆက်လျက်ရှိသည်။ အဆိုပါ ရန်ကုန်မြို့တော်လမ်းလျှောက်သင်္ကြန်သို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)