Mar 27, 2020
လဟယ်၊ မတ်၂၇
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းဝေးကို ယမန်နေ့ က နာဂဒေသဦးစီးအဖွဲ့ရုံးအစည်း ဝေးခန်းမ၌ ကျင်းပသည်။
Mar 27, 2020
မကွေး မတ် ၂၇
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး (အောက်ထပ်) အစည်းအဝေးခန်းမ၌ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ရန်ပုံငွေ၊ ဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ အလှူရှင်များမှ လှူဒါန်းမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
Mar 27, 2020
တီးတိန်၊ မတ် ၂၇
ချင်းပြည်နယ် တီးတိန်မြို့တွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ရောဂါထိန်းချုပ်နိုင်ရေး ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သတ္တုနှင့်သစ်တောရေးရာ ဝန်ကြီး (တီးတိန်မြို့နယ် တာဝန်ခံ) ဦးမန်ဟင်းဒါလ်း၊ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ်အဆင့်ဌာ ဆိုင်ရာ အကြီးအကဲများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန် နေ့ နံနက်၁၀ နာရီက ခွာဒိုခန်းမ၌ပြုလုပ်သည်။
Mar 27, 2020
မုံရွာ၊ မတ် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် ရွှေဘိုခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌများနှင့်အတူ ယနေ့ နံနက်(၉)နာရီက ရွှေဘိုမြို့၌ COVID 19 ရောဂါနှင့် ပတ်သက်၍ အဘက်ဘက်မှ ကြိုတင်ပြင်ဆင်ထားမှုတို့အား ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
Mar 27, 2020
ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန်အဆုတ်ရောင်ရောဂါသည် နိုင်ငံပေါင်း ၁၉၀ ကျော်ကို ကူးစက်ပြန့်ပွားလျက်ရှိရာ ကမ္ဘာ့နိုင်ငံအသီးသီးက ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်း များကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးပြဋ္ဌာန်းချက် များနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။
Mar 27, 2020
ရန်ကုန် မတ် ၂၅
“သင်္ကြန်ရင်ခုန်သံ” အစီအစဉ်အဖြစ် “မောင်တို့ချယ်ရီမြေ” ရုပ်ရှင်ဇာတ်ကားအကြောင်း စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားစတူဒီယို၌ ဆက်လက် ရိုက်ကူးသည်။
Mar 26, 2020
အခုလည်း တရားဝင်နိုင်ငံတော်က ကြေညာထားပြီးပြီဖြစ်တဲ့အတွက်ကြောင့် ပွဲအကြီးပဲဖြစ်ဖြစ်၊ ပွဲအသေးပဲဖြစ်ဖြစ် ခဏလောက်တော့ အောင့်အည်းသည်းခံပြီးတော့ ပယ်ဖျက်ပေးစေချင်တယ် (တေးသံရှင် ဖြူဖြူကျော်သိန်း)
COVID-19 ရောဂါအကြောင်း အသိပညာပေး ဆွေးနွေးပွဲကို မတ် ၂၂ ရက် ညပိုင်းက မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ခဲ့သည်။
Mar 26, 2020
၂၀၀၃ ခု မတ် ၈ ရက် (စနေနေ့) ။
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ ပြင်သစ်ဆေးရုံ ။
"တကယ်တော့ ဒီကိတ်မုန့်ကို ကျွန်တော်မစားသင့်ဘူး။ ရောဂါပိုးတွေ ပါချင်ပါနေမှာ" ဒေါက်တာ အူရ်ဘာနီ သည် ကိတ်မုန့်ကိုစားရင်း ရယ်ပွဲဖွဲ့လိုက်သည်။ နားထောင် နေသောသူများမှာ ရယ်ဖို့ခက်ခဲ စွာ ကြိုးစားနေရလေသည်။
ထိုဆေးရုံတွင် ထူးဆန်းသော ကူးစက်ရောဂါဖြစ်ပွားနေသည်။ ကူးစက်ခံရသူများမှာ ဖျားနာ၊ အသက်ရှူ ကျပ်၍ သေနေကြ၏။ ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်းများမှာ ဖျားလျှင် ဓာတ်မှန်ရိုက်ကြည့် သောအခါ အဆုတ်ထဲတွင် ပိုးဝင်၍ အမည်းရောင်နေရာများမှာ ဖြူ၍နေသည် ကိုတွေ့ရ၏။
Lock down
Mar 26, 2020
မြန်မာ့နိုင်ငံရေးတူရူ ဒီမိုကရေစီစနစ်ဆီသို့ ဦးတည်ပြောင်းလဲလာသည့်အခါ ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့်အရေးဆိုသည့် ခေါင်းစဉ်တို့နှင့် တွဲလျက်ပါသည်မှာ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု တာဝန်ခံမှု ဟူ၍ ဖြစ်၏။
Mar 26, 2020
ယနေ့သည် ၂၀၂၀ ပြည့်နှစ် (၇၅) နှစ်မြောက် စိန်ရတုတပ်မတော်နေ့ ဖြစ်သည်။ တပ်မတော်နေ့ကို နှစ်စဉ်နှစ်တိုင်း မတ်လ ၂၇ ရက်နေ့တွင် အစဉ်အလာမပျက် ခမ်းခမ်းနားနား ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသော coVID-19 ရောဂါကြောင့် အများပြည်သူ ကျန်းမာရေးကို ရှေးရှု၍ စိန်ရတုတပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ဆိုင်းငံ့ထားခဲ့သည်။
Mar 26, 2020
ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူအတွက် ကနဦးလျှပ်စစ်ဓာတ်အား ချိတ်ဆက်သွယ်တန်းရာတွင် ပိုမိုလွယ်ကူလျှင်မြန်မှုရှိစေရန် ရည်ရွယ်၍ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းနှင့် ရန်ကုန်တိုင်းဒေသကြီး၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ (၂၀၀) ကေဗွီအေနှင့် အောက် ထရန်စဖော်မာများကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်ပြီး ပူးပေါင်းစစ်ဆေးမှုလုပ်ငန်းစဉ် (Joint Inspection) ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
Mar 26, 2020
နေပြည်တော်၊ မတ် ၂၆
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂၅ ရက် မွန်းလွဲ ၁ နာရီက သီပေါမြို့နယ်၊ ဆွတ်လန်းကျေးရွာအနီး၊ မူဆယ်-မန္တလေး ကားလမ်းတွင် စံအေး(ခ)အိုက်ပီး မောင်းနှင် လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၁၉၅ ပြား၊ ဘိန်းဖြူ သုည ဒသမ ၀၂ ကီလို၊ မြန်မာငွေကျပ် ၆၉၀,၀၀၀ ၊ လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် စံအေး(ခ)အိုက်ပီး (၃၅) နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)
Mar 26, 2020
နေပြည်တော် မတ်လ ၂၆
ရေလှောင်တမံဝန်းကျင်ဒေသ၏ ဘေးကင်းလုံခြုံမှု တည်နေရာပြမြေပုံ ပြုစုတင်ပြခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဝန်ကြီးဦးလှကျော်၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
Mar 26, 2020
နေပြည်တော် မတ် ၂၆
COVID -19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၏ ဝန်ထမ်းများက ပြည်သူများနှင့် ပူးပေါင်းပြီး ရပ်ကွက်၊ ကျေးရွာများအရောက် ပညာပေးခြင်း လုပ်ငန်းများတွင် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ပေးရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရှိ နေပြည်တော်ကောင်စီအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး (၁၅) ခုရှိ ဦးစီးမှူးများအား အင်တာနက်ကွန်ယက် Video Conferencing ဖြင့် ယနေ့နံနက်ပိုင်းက ညှိနှိုင်း ဆွေးနွေးသည်။
Mar 26, 2020
ရန်ကုန် မတ် ၂၆
“သင်္ကြန်ရင်ခုန်သံ” အစီအစဉ်အဖြစ် “မှုံရွှေရည်” ရုပ်ရှင်ဇာတ်ကားအကြောင်း စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားစတူဒီယို၌ ဆက်လက် ရိုက်ကူးသည်။
Mar 26, 2020
ရန်ကုန် မတ် ၂၆
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ Omni Focus Co.,Ltd နှင့် CRBC Co.,Ltd တို့မှ တာဝန်ရှိသူများသည် ဆေးရုံများတွင် အသုံးပြုရန် အတွက် မွေ့ယာများ လာရောက် လှူဒါန်းခြင်းကို ယနေ့နံနက်(၁၀)နာရီတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးခန်းမ(၄)၌ ကျင်းပသည်။
အခမ်းအနားတွင် အလှူရှင်များက ဆေးရုံးများတွင် အသုံးပြုနိုင်ရန်အတွက် မွေ့ယာများကို ပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ ကြောင်းသိရသည်။
Mar 26, 2020
ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းနည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄)ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြု လက်မှတ် လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများနှင့်အညီ စိစစ်၍ လုပ်ငန်း အသိအမှတ်ပြု လက်မှတ်များကို ခွင့်ပြုပေးလျက်ရှိပါသည်။
Mar 26, 2020
ရန်ကုန် မတ် ၂၅
(၇၅)နှစ်မြောက် စိန်ရတု တပ်မတော် နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းသို့ စာအုပ်စာစောင်များ လှူဒါန်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက အဆိုပါ ဖောင်ဒေးရှင်း၌ ကျင်းပသည်။
ရှင်းလင်းပြောကြား
ရှေးဦးစွာ ဒုတိယဝန်ကြီး (ငြိမ်း) ဗိုလ်မှူးကြီး သိုက်ထွန်း(ငြိမ်း)က ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၃၃)၏ (၅၅)နှစ်ပြည့် မြရတုမှတ်တမ်း လွှာစာအုပ် ၁၅၀ ကို ပေးလှူပြီး စာအုပ် လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်း ပြောကြားသည်။
Mar 26, 2020
ရန်ကုန် မတ် ၂၅
COVID-19 ရောဂါ ကာကွယ်တားဆီး နိုင်ရေးအတွက် ရွှေတိဂုံစေတီတော်သို့ လာရောက်ဖူးမြော်ကြမည့် ဘုရားဖူး ပြည်သူများ အတွက် ယနေ့မှစတင်၍ ဘုရားဖူးချိန်ကို သတ်မှတ်ပေးထား ကြောင်း ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့ရုံးမှ သိရသည်။
ရွှေတိဂုံစေတီတော် ဘုရားဖူးချိန် ကို နံနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ သတ်မှတ်ပေးထားပြီး ဘုရားဖူးလာ ပြည်သူများ ဓာတ်လှေကား စီးနင်း ရာတွင်လည်း လူဦးရေကို ကန့်သတ်ပေးထား ကြောင်း သိရသည်။
Mar 26, 2020
ရန်ကုန် မတ် ၂၅
COVID-19 ရောဂါကြောင့် သီလဝါအထူးစီးပွားရေးဇုန်အတွင်းရှိ စက်ရုံများ ပိတ်ထားခြင်းမရှိသလို စက်ရုံများအားလုံး ပုံမှန် လည်ပတ် လျက်ရှိပြီး အလုပ်သမား၊ ဝန်ထမ်းများလည်း ပုံမှန်သွားလာလုပ်ကိုင်လျက် ရှိကြောင်း သီလဝါ အထူးစီးပွားရေးဇုန် စီမံ ခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဒေါက်တာသန်းသန်းသွယ်ထံမှ သိရသည်။
