Skip to main content

Oct 17, 2021

ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့် စောင့် ကြည့်ရမည့်သူများအား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေး ဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်သားဆရာ၀န်များ၊ ကျန်းမာရေး၀န် ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ် ငန်းများတွင် အထောက်အကူဖြစ် စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများကို သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော်လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေး လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 17, 2021

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းက သံတွဲမြို့လေဆိပ်၌ သံတွဲခရိုင် စီမံခန့်ခွဲရေးအဖွဲ့နှင့် မြို့နယ်စီမံခန့်ခွဲရေး အဖွဲ့ဝင် များအားတွေ့ဆုံ၍ ပြန်ကြားရေး ဝန်ကြီးဌာနဝန်ထမ်းများနှင့် သတင်းမီဒီယာကိစ္စ၊ ပြည်သူလူထုအား အသိ ပညာပေးခြင်းလုပ်ငန်း များတွင် ပူးပေါင်းဆောင်ရွက် နိုင်ရေးကိစ္စများကို ဆွေးနွေးမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 17, 2021

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် ယာယီရပ်နားထားခဲ့ရသည့် ရန်ကုန်ကော့သောင်း၊ ရန်ကုန်-ကလေး လေကြောင်းခရီးစဉ်များကို ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ယနေ့(အောက်တိုဘာ ၁၆ ရက်) တွင် စတင်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန မြန်မာအမျိုးသားလေကြောင်းလိုင်းမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 17, 2021

“မပြောဘဲနေတာ ကြာလာတဲ့အခါ မစဉ်းစားဖြစ်ဖို့လည်း ပိုပြီးလွယ်လာတယ်” ဆိုတဲ့စကား အတိုင်း အမိနိုင်ငံအတွက် အဓိကလိုအပ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များသည် ရပ်တန့်နေ၍ မဖြစ်နိုင်ပါ။ ပြောနေ၊ ဆိုနေ၊ ညှိနှိုင်းနေမှ မည်ကဲ့သို့တိုးတက်အောင် ဆောင်ရွက်မည်ဆိုသည့် စဉ်းစားချက်၊ တွေးခေါ်ချက်များ သက်ဆိုင်ရာအဖွဲ့အစည်းများ၌ အစဉ်အမြဲ ကိန်းအောင်း နေမည်ဖြစ်ပါသည်” ဟု နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က NCA ချုပ်ဆိုခြင်း (၆) နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ပေးပို့သည့် သဝဏ်လွှာ၌ ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 17, 2021

ကိုဗစ်-၁၉ ရောဂါကြောင့် နေ့စဉ် ပျမ်းမျှသေဆုံးသည့်နှုန်းတွင် မြန်မာနိုင်ငံသည် ကမ္ဘာတစ်ဝန်းလုံး ပျမ်းမျှနှုန်းနှင့် အမေရိကန်၊ မလေးရှား၊ ယူကေ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့၏ ပျမ်းမျှနှုန်းများအောက် နည်းပါးလျက်ရှိသည်။ ကမ္ဘာတစ်ဝန်းလုံး လူဦးရေ တစ်သန်းတွင် ၀ ဒသမ၈၆ ဦး ကိုဗစ်-၁၉ ရောဂါကြောင့် နေ့စဉ် ပျမ်းမျှသေဆုံးလျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် ၀ ဒသမ ၅၈ ဦးသာရှိသည်။ အမေရိကန်ပြည်ထောင်စုတွင်မူ လူတစ်သန်း တွင် ကိုဗစ်-၁၉ ကြောင့် ၄ ဒသမ ၇၅ ဦး နေ့စဉ် ပျမ်းမျှသေဆုံး နေသည်။

ဆက်လက်ဖတ်ရှုရန်

Oct 16, 2021

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ၊ ဒေါက်တာ မောင်မောင်နိုင်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်တို့သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် (ခုတင်-၁၀၀၀)ဆေးရုံဝင်းအတွင်းရှိ သူနာပြုသင်တန်းကျောင်းသို့ သွားရောက်၍ သူနာပြုသင်တန်း တက်ရောက်လျက်ရှိသည့် သင်တန်းသား/သင်တန်းသူများကို တွေ့ဆုံ၍ ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 16, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့်နယ်စပ် ကုန်သွယ်ရေးစခန်း များမှနှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့် တစ်ပြေးညီ စီစဉ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ၊ ချင်းရွှ ေဟော်နှင့် မြဝတီကုန်သွယ် ရေးစခန်း (၂) ခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၂) ခုမှယာဉ်စီးရေ (၃) စီးဖြင့် အောက်ဆီဂျင် အရည် (Bowser) ယာဉ် (၁) စီး တန်(၂၀) ၊ အောက်ဆီဂျင် (အိုးခွံ) (၄၈၀)၊ Oxygen Plant (၂) ခု၊ လုပ်ငန်းသုံး အောက်ဆီဂျင်စက် (Oxygen Generator (၂) ခုတို့ကိုတင်သွင်းခဲ့သည်။ အောက်ဆီဂျင် (အရည်) Bowser ယာဉ်(၁) စီးမှာ မြဝတီမှ ရန်ကုန်မြို့သို့ဖြစ်ပြီး Oxygen Plant (၂) ခုမှာချင်းရွှေဟော်မှ လွိုင်ကော်မြို့သို့ ဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 16, 2021

ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ရောက်ရှိနေသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးနှင့်အဖွဲ့သည် အောက်တိုဘာ ၁၅ ရက် ဒေသ စံတော်ချိန် နံနက် ၁၀ နာရီတွင် ရုရှားအစိုးရပိုင် ZARUBEZHNEFT JSC မှ တာဝန်ရှိ သူများနှင့်တွေ့ဆုံ၍ ကုန်းတွင်း/ ကမ်းလွန်လုပ်ကွက်များကို ရှာဖွေတူးဖော် ထုတ်လုပ် နိုင်ရေး၊ အစိုးရအချင်းချင်းတိုက်ရိုက် ညှိနှိုင်းဆောင်ရွက်နိုင်ရေး အစီအစဉ်များနှင့် ပတ်သက်၍ ချမှတ်ဆောင်ရွက်နိုင်ရန် Working Groups များဖြင့် ပိုမိုနီးကပ်စွာ ဆောင် ရွက်နိုင်ရေးတို့ကို ဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 16, 2021

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယမန် နေ့၊ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ ကလောမြို့ Pine Hill Resort ၌ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်၊ တိုင်းရင်းသား​ရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကလောမြို့ ခရီးစဉ်ဒေသစီမံခန့်ခွဲမှုဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း (ကလော ဇုန်) ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 16, 2021

၂၀၂၁ ခုနှစ်၊ ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီ ခွဲတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 16, 2021

ပြည်ထောင်စုနယ်မြေ၊ ဇေယျာသီရိမြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီး ဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီတွင် ဇေယျာသီရိမြို့နယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ နဝဒေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 16, 2021

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူ ခွင့် အခွင့်အလမ်းများရရှိစေရန်နှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန်ရရှိလာစေရေးအတွက် ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 16, 2021

ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် မိသားစုဝင်ငွေ တိုးပွားရေး တို့အတွက် အသက် မွေးဝမ်းကျောင်းလုပ်ငန်းများဆိုင်ရာ “လေ့ကျင့်သင်ကြား ရေးလုပ်ငန်းများ သရုပ်ပြပွဲ” အခမ်းအနားကို ယနေ့ နံနက် ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သင်တန်း ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 16, 2021

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ကိုဗစ်၁၉ကာကွယ်ဆေး Sinopharm အားအသက်၁၈နှစ် အထက်ပြည်သူများအား ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ဆေးထိုးစုရပ်အသီးသီး၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 16, 2021

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ ပေးအပ်သောဆောင်းသီးနှံ နေကြာ(ဆင်းရွှေဝါ ၂ )မျိုးစေ့များအား တောင်သူများထံ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က အနန်းဘော်ကျေးရွာ အုပ်ချုပ်ရေး မှူးရုံးတွင် ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 16, 2021

အာဆီယံအတွင်းရေးမှူးချုပ်ရုံးက ကြီးမှူး၍ အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပသော စတုတ္ထအကြိမ်မြောက် အာဆီယံအမျိုးသမီးရေးရာဝန်ကြီးအဆင့် အစည်းအဝေး (4th ASEAN Ministerial Meeting on Women - 45 AMMW) ကို ယနေ့နံနက် ၈ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 16, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် စားသုံးသူပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက် ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စားအုန်းဆီများကို တစ်ပိဿာလျှင် လက်ကားဈေး (၃၇၀ဝိ/-)ကျပ်နှုန်းဖြင့် စက်တင်ဘာ ၂၀ ရက်မှ စတင်ရောင်းချလျက်ရှိရာ ယနေ့ထိ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ နေပြည်တော်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့အတွက် စားအုန်းဆီ(၇၅၁၅၂၄၂)ပိဿာ၊ တန်ချိန် (၁၂၂၇၉ ဒသမ ၈၁)တန် ရောင်းချခဲ့ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 16, 2021

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် ယနေ့တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့်

ဆက်လက်ဖတ်ရှုရန်