Skip to main content

မြေပုံမြို့၌ (၁၈) ကြိမ်မြောက် မြို့လုံးကျွတ် ရခိုင်ရိုးရာနံ့သာသွီးပြိုင်ပွဲကျင်းပ

မြေပုံ ဧပြီ ၁၃

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ မြို့လုံးကျွတ်နံ့သာသွီးပြိုင်ပွဲကျင်းပရေးကော်မတီက ကြီးမှူးကျင်းပသော (၁၈)ကြိမ်မြောက် မြို့လုံးကျွတ်နံ့သာသွီးပြိုင်ပွဲကို ယမန်နေ့ ညနေ(၇)နာရီအ ချိန်က တရုတ်တန်းရပ်ကွက်ရှိ မြို့မဓမ္မာရှေ့၌ ကျင်းပသည်။

ရခိုင်ရိုးရာနံ့သာသွီးပြိုင်ပွဲကို ရခိုင်မင်္ဂလာ စည်တော်သံပြိုင်တီးကာ နံ့သာသွီးပြိုင်ပွဲရတုတေးသီဆို၍ ဖွင့်လှစ်သည်။ ထို့နောက် စင်မြင့်ထက်မှ ရခိုင့်လှပျိုဖြူများက ရခိုင်ရိုးရာအကများဖြင့် တင်ဆက် ဖျော်ဖြေလျက်နံ့သာသွီးပြိုင်ပွဲကျင်းပသည်။ ပြိုင်ပွဲစည်းကမ်းချက်များအတိုင်း ကျားငယ်အဖွဲ့အုပ်စု၊ မငယ်အဖွဲ့အုပ်စု၊ ကျားကြီးအဖွဲ့အုပ်စု၊ မကြီးအဖွဲ့အုပ်စုနှင့် ရပ်ကွက်အလိုက် အုပ်စုသတ်မှတ်ကာ ဆု(၅)မျိုးခွဲဝေသတ်မှတ်၍ ပျော်ရွှင်စွာ ပါဝင်ဆင်နွဲပြိုင်ပွဲဝင်ကြသည်။

နံ့သာသွီးပြိုသ်ပွဲမှ ရရှိသော နံ့သာရည်များကို ယနေ့ ညနေ ဘုရားရီချိုးအပြီးတွင် ရုပ်ပွားဆင်းထုများအား ပတ်ဖျန်းပေးမည်ဖြစ်ကြောင်းနှင့် နံသာသွီးပြိုင်ပွဲ၌ ဆုရရှိသော ပြိုင်ပွဲဝင် များအား အငူဘုရားရင်ပြင်၌ ဆုအသီးသီးချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

တင်ဝင်း