Skip to main content

ပြည်မြို့ကမ်းနားလမ်း ဗဟို‌မဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲ‌တော်ဖွင့်ပွဲအတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်ဆောင်ရွက်မှုများအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

ပြည် ဧပြီ ၁၃

ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် ယခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ကမ်းနားလမ်းနှင့် ယခင်ညဈေးတန်းလမ်းဆုံနေရာ၌ မဟာသင်္ကြန်ဗဟို‌မဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တို့ဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ရာ ယမန်နေ့ ညနေပိုင်းက အဆိုပါမဏ္ဍပ်၌ ဖျော်ဖြေတင်ဆက်မည့် ရပ်ကွက်အလိုက် ယိမ်းအဖွဲ့များ၊ ဌာနဆိုင်ရာယိမ်းအဖွဲ့များ၏ အစမ်းလေ့ကျင့်မှုများနှင့် ဖွင့်ပွဲအခမ်းအနား အစီအစဉ်ကြိုတင်ပြင်ဆင်လေ့ကျင့်ဆောင်ရွက်မှုများအား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် တာဝန်ရှိသူများအဖွဲ့က ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်ချက်များ ဆောင်ရွက်ရန်  မှာကြားခဲ့ကြောင်းသိရသည်။

ပြည်မြို့ မဟာသင်္ကြန်ဗဟို‌မဏ္ဍပ်နှင့် ကမ်းနားလမ်း၊ လမ်းလျှောက်သင်္ကြန် ပွဲတော်တို့တွင် ပြည်မြို့ပေါ်ရပ်ကွက်ကြီး ၁၀ခုနှင့် ဌာနဆိုင်ရာယိမ်းအဖွဲ့များ အပါအဝင် စုစုပေါင်း သင်္ကြန်ယိမ်း ၁၄ ဖွဲ့၏ ဖျော်ဖြေရေးအစီအစဉ်များဖြင့်  မဟာသင်္ကြန် ပွဲတော်ရက်များအတွင်း နေ့စဉ် နံနက် ၁၀ နာရီမှ ညနေ ၆နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပြီး ပွဲတော်လာရောက် ဆင်နွှဲသူများအား ဌာနဆိုင်ရာများက စတုဒိသာများ‌ ကျွေးမွေးဧည့်ခံမည်ဖြစ်ကြောင်း မဟာသင်္ကြန်ကျင်းပရေး ဦးစီးကော်မတီထံမှ သိရသည်။

ကိုဆက်(ပြန်/ဆက်)