Skip to main content

ရခိုင်ရိုးရာသင်္ကြန် နံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပါယ်ပွဲကျင်းပ

ဗဟန်း ဧပြီ ၁၃

ရန်ကုန်တိုင်းဒေသကြီး ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်) နှင့် ရခိုင်လူမှုရေးအသင်းအဖွဲ့များ ပါဝင်ကျင်းပသည့် ရခိုင်ရိုးရာယဉ်ကျေးမှု သင်္ကြန်နံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပါယ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်ရှိ ရခိုင်ပြည်နယ်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။

အခမ်းအနားကို နမောသဿ (၃) ကြိမ် ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ပြီး ရခိုင်ရိုးရာ နံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပါယ်ပွဲကော်မတီနာယက ဒေါက်တာအေးချမ်းမှ အဖွင့်အမှာစကား ပြောကြားပြီးရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်) ဥက္ကဋ္ဌ ဦးသန်းမောင်မှ ဂုဏ်ပြု အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ ရခိုင်ပြည်နယ်ဓမ္မာရုံဥက္ကဋ္ဌ ဦးစောသိန်းက အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အခမ်းအနားသို့ ကြွရောက်လာကြသော ရခိုင်ရိုးရာ ယဉ်ကျေးမှု သင်္ကြန်နံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပါယ်ပွဲ ကော်မတီအဖွဲ့များ၊ ရခိုင်လူမှုရေး အသင်းအဖွဲ့များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များက ခန်းမအတွင်း ပြင်ဆင်ထားသော ဗုဒ္ဓဆင်းတုတော်များကို အမွှေးနံ့သာရေများဖြင့် ဘုရားရေသပ္ပါယ်ကြ​ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)