Skip to main content

ရန်ကုန်မြို့တော်မဟာသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲကျင်းပ

ကျောက်တံတား ဧပြီ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် အမှတ်(၁)ရပ်ကွက် မဟာဗန္ဓုလလမ်း၊ မြို့တော်ခန်းမရှေ့ရှိ ရန်ကုန်မြို့တော် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် အနုပညာရှင်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက နှစ်သစ်ကူး နုတ်ခွန်းဆက်စကား ပြောကြားပြီး အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။ ဆက်လက်ပြီး အနုပညာရှင်များမှ မြူမှုန် ဝေကင်းတေးသီချင်းဖြင့် သီဆိုပြီး အမေများအဖွဲ့မှ ယိမ်းအကများဖြင့် ဖျော်ဖြေခဲ့သည်။ ထို့နောက် တေးသံရှင်များမှ အလှည့်ကျတေးသီချင်းများဖြင့် ဆက်လက်ဖျော်ဖြေခဲ့ကြောင်း သတင်းရရှိသည်။

ရွှေဇင်ခိုင်(ပြန်/ဆက်)