Skip to main content
Dec 02, 2021
လူဆိုသည်မှာ မွေးလာစဉ်ကပင် ကြီးလာလျှင် ဘာဖြစ်မည်ဟုသတ်မှတ်ပြဋ္ဌာန်းထားသည်မဟုတ် ချေ။ မွေးဖွားလာပြီးနောက်မျိုးရိုးဗီဇ၊ ဝါသနာ၊ အထုံ၊ သင်ယူလေ့လာလိုက်စားမှုနှင့် ပတ်ဝန်းကျင်တို့အပေါ် မူတည်၍ ကျောင်းဆရာဖြစ်သူက ဖြစ်လာသည်။ ပညာရှင်ဖြစ်သူကဖြစ်လာသည်။ ဆရာဝန်ဖြစ်သူက ဖြစ်လာသည်။ နိုင်ငံရေးသမားဖြစ်သူက ဖြစ်လာ သည်... စသည်ဖြင့် အမျိုးမျိုးကွဲပြားသွားကြပြီး နောက် တစ်ဦးနှင့်တစ်ဦး အသက်မွေးဝမ်းကျောင်း များ၊ ကျင်လည်ရာဝန်းကျင်များ ကွဲပြားခြားနားသွားကြသည်။ လူတစ်ဦးချင်းအလိုက် အခြေအနေများ ကွဲပြားစေကာမူ လူတိုင်းတွင် မိမိဖြစ်လိုသည့်ဘဝ ရည်မှန်းချက်များကို ဖြစ်ခွင့်၊ ရည်မှန်းခွင့်၊ ကြိုးစားခွင့်များ ရှိနေသည်။ ဤသည်မှာ လူတစ်ဦးတစ်ယောက်၏ အခွင့်အရေး ဖြစ်သည်။
Nov 30, 2021
၁။ အခြေအနေ လက်ရှိမြန်မာနိုင်ငံ၏အခြေအနေကို ကောင်းသည်ဆိုးသည်ဟု မိမိ မြင်သမျှရှုထောင့်မှ အကဲဖြတ် သုံးသပ်ခြင်းထက် ပကတိမြေပြင် အခြေအနေအရပ်ရပ်ကို လေ့လာအပ်ပါသည်။ နိုင်ငံသူ နိုင်ငံသား အများစုသည် မိမိတို့ဆန္ဒမရှိခဲ့ကြသော်လည်း မရှောင်လွှဲနိုင်သော အောက်ပါကပ်ဆိုးနှစ်မျိုးနှင့် တည့်တည့်တိုးကာ ဆင်းရဲပင်ပန်းနေ ကြရှာပါသည်။ ကုန်းရုန်းထနေရသည်။
Nov 30, 2021
နိုင်ငံတစ်နိုင်ငံသည် ပြည်သူလူထု လိုအပ်သော အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများကို ဖြည့်စွမ်းပေးခြင်း၊ အင်အားသုံးမှု အနည်းဆုံးထား ဆောင်ရွက်ခြင်းတို့ဖြင့် နိုင်ငံ၏ လူမှု နေသားတကျ ရှိမှုကို ဖန်တီး တည်ဆောက် ထိန်းသိမ်းရသည်။ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများ ဟူသည်မှာ ပြည်သူလူထု၏ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဘုံအကျိုး ကျေးဇူး သို့မဟုတ် စုပေါင်း အကျိုးခံစား ခွင့်များကို အစိုးရက ဖန်တီးဖြည့်ဆည်းပေးရခြင်း ဖြစ်သည်။ နိုင်ငံတော်၏ ခွန်အားကို အဆိုပါ အများပြည်သူ ဆိုင်ရာ ဝန်ဆောင်မှုများအား ဖန်တီး ဖြည့်ဆည်းပေးခြင်းမှ ရရှိသည်။ ဤနေရာတွင် နိုင်ငံတော်ဟူသည်မှာ ပိုင်နက်နယ်မြေ၊ ပြည်သူလူထု၊ အချုပ်အခြာ အာဏာနှင့် အစိုးရဟူသည့် အစိတ်အပိုင်း ၄ ခုဖြင့် ဖွဲ့စည်းထားသည့် အင်စတီကျူးရှင်းနှင့် နယ်နိမိတ်ဆိုင်ရာ အပေါင်းအစုတစ်ခုဖြစ်သည်။ အစိုးရတစ်ရပ်က ၎င်း၏ ပြည်သူအား အများ ပြည်သူဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်ခြင်းကို အဟန့်အတားဖြစ်စေရန် ဖန်တီး လုပ်ဆောင်ခြင်းသည် နိုင်ငံတော်အား မတည်မငြိမ်ဖြစ်စေရန်နှင့် အားနည်းစေရန် လုပ်ဆောင်ခြင်းပင်ဖြစ်သည်။
Nov 29, 2021
မူးယစ်ဆေးဝါး ရိုက်ခတ်မှုအန္တရာယ်ရှိနေသည့် ဘယ်နိုင်ငံ၊ ဘယ်လူ့အဖွဲ့ အစည်းမဆို အနိဋ္ဌာရုံနှင့် နောက်ဆက်တွဲပြဿနာများက ကြီးမား လှသည်။ အထူးသဖြင့် အနာဂတ်၏ မျိုးဆက်သစ်များအဖြစ် တင်စားရသည့် ယနေ့လူငယ်များ၏ စိတ်ဓာတ်နှင့် ခံယူချက်ကို စိတ်ကြွ မူးယစ်ဆေးအန္တရာယ်က အကြီးအကျယ် ချိုးဖျက်တိုက်စားနေသည်မှာ အထူးစိုးရိမ်ဖွယ် ဖြစ်သည်။
Nov 29, 2021
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အစီအမံများသည် ဦးသိန်းစိန်၏ လက်တွေ့ကျပြီး သတိကြီးစွာထားသည့် နိုင်ငံတည်ဆောက်ရေး ကြိုးပမ်းမှုများ တွင် အပါအဝင်ဖြစ်သည်။ ဦးသိန်းစိန် သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် တရားဝင်ရော၊ အလွတ်သဘောပါ တွေ့ဆုံဆွေးနွေးမှုပြုခဲ့ပြီး အလေးထားမှုပြသ ခြင်း၊ ယုံကြည်မှုတည်ဆောက်ခြင်းတို့ ဆောင်ရွက်ခဲ့သဖြင့် ၎င်းအပေါ် နိုင်ငံ ရေးအရ အားပေးထောက်ခံမှုကိုလည်း ရယူနိုင်ခဲ့သည်။ ယင်း၏ရလဒ်အဖြစ် ၎င်း၏ သမ္မတ သက်တမ်းအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နှင့် NCA စာချုပ်အား လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်သည် အဖွဲ့ဝင် ၁၀၉ ဦး ပါဝင်သော ဖွဲ့စည်းပုံအခြေခံဥပဒေပြန်လည် သုံးသပ်ရေးကော်မတီကို ဖွဲ့စည်းပေးခဲ့သည်။ ဗဟိုချုပ်ကိုင်မှု တင်းလွန်းခြင်း သို့မဟုတ် လျော့လွန်းခြင်း အစွန်း၂ ခုမှ ရှောင်ရှားပြီး ထိရောက်သော လုပ်ပိုင်ခွင့်အာဏာ အတိုင်းအတာ တစ်ခုအထိ ပေးအပ်နိုင်ရေးအတွက် လိုအပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုမျိုးကို ထည့်သွင်းစဉ်းစားမှုပြုရန် အဆိုပါကော်မတီက အကြံပြုခဲ့သည်။ ဦးသိန်းစိန်သည် အုပ်ချုပ်ရေးမဏ္ဍိုင် ဘက်တွင်လည်း နောက်ထပ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်သုံးသပ်ရေး ကော်မတီတစ်ခုကို ဖွဲ့စည်းခဲ့သည်။
Nov 28, 2021
ရွေးကောက်ပွဲများသည် မူအားဖြင့် ဒီမိုကရေစီ၏ အခြေခံကျသော အပိုင်း ကဏ္ဍတစ်ခုဖြစ်သည်။ ပြည်သူလူထု သည် ရွေးကောက်ပွဲများကြောင့်ပင် ၎င်းတို့၏ နိုင်ငံရေးအရ ရပိုင်ခွင့်များအား ကျင့်သုံးနိုင်ပြီး နိုင်ငံတော်အဆင့် အင်စတီကျူးရှင်းများ၌ ၎င်းတို့အား ကိုယ်စားပြုမည့် ကိုယ်စားလှယ်များကို ရွေးချယ်နိုင်ပေသည်။ ပြည်သူလူထုသည် ရွေးကောက်ပွဲတွင် ကောင်းနိုးရာရာ နိုင်ငံရေးပါတီများကို ရွေးချယ်မဲပေးခြင်းဖြင့် ယင်းတို့၏ အနာဂတ်အတွက်လိုလား မျှော်မှန်း ချက်များကို ရရှိရန် ရင်းနှီးမြှုပ်နှံ မှု ပြုကြသည်။ လူ့အဖွဲ့ အစည်း၏ ရှုထောင့်မှကြည့်ပါက ပြည်သူလူထု အနေဖြင့် ၎င်းတို့၏ ကိုယ်စားလှယ်များ အား ခန့်အပ်ပိုင်ခွင့်ကိုသာမက ယင်းတို့ ၏ အကျိုးစီးပွားကို ဆောင်ရွက်ပေးလို စိတ်မရှိသော သို့မဟုတ် ဆောင်ရွက်ပေး နိုင်ခြင်းမရှိသော ကိုယ်စားလှယ်များအား ဖယ်ရှားဖြုတ်ချပိုင်ခွင့်ကိုပါ ရွေးကောက် ပွဲများက အပ်နှင်းထားသည်။ အမျိုးသား လုံခြုံရေး သို့မဟုတ် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် စည်းစနစ်တကျရှိရေး ကို ထိခိုက်လာနိုင်သည့် အခြေအနေများ တွင် ပြည်သူလူထုအနေဖြင့် မိမိတို့၏ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်များအပေါ် အစိုးရ၏ ကန့်သတ်ချက်များကို သဘောတူ လက်ခံလိုက်နာမှုပြုကြရ သည်။ ထို့ကြောင့်ပင် ပြည်သူလူထုသည် နိုင်ငံတော်၏အာဏာကို မည်သူကရယူ ပြီး မည်ကဲ့သို့ ကျင့်သုံးသွားမည်နည်း ဟူသည့်အပေါ် လွှမ်းမိုးနိုင်မည့် အခွင့် အလမ်းအား ရွေးကောက်ပွဲများမှ တစ်ဆင့် ဖမ်းဆုပ်ရယူကြရခြင်းဖြစ်သည်။
Nov 28, 2021
နိုင်ငံတော်အစိုးရ တာဝန်ယူမှု ကိုးလမြောက်၏ မှတ်တိုင်များ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အောက်တိုဘာလ ၂၉ ရက်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ သမိုင်းဝင်တော်လှန်ရေးပန်းခြံ၌ ပန်းခြံအတွင်း အများ ပြည်သူတို့ အပန်းဖြေ အနားယူနိုင်ရေးနှင့် ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်နိုင်ရေး ပြင်ဆင်ထားရှိမှု၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်)၊ မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ်နှင့် အားကစားဇုန်နယ်မြေတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
Nov 26, 2021
နိုင်ငံ၏ ကုန်ထုတ်စွမ်းအားတိုးတက်သော ဈေးကွက်စီးပွားရေး စနစ်တစ်ရပ် ဖော်ဆောင်ရာတွင် စက်ရုံ၊ အလုပ်ရုံများ၏ လည်ပတ်မှု အခန်းကဏ္ဍမှာ အရေးပါသည်။ ကုန်ထုတ်စွမ်းအား တိုးတက်ရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ကိုယ်စားပြုပြီး ရေရှည်ကောင်းမွန်သော စီးပွားရေးအသွင်သဏ္ဌာန် ဖြစ်ပေါ်စေသည်။ စက်ရုံ၊ အလုပ်ရုံများ ကောင်းမွန်စွာ လည်ပတ်နိုင်ရေး လူ၊ စက်ပစ္စည်း၊ ငွေကြေးအရင်းအနှီးများ လိုအပ်သည်ကိုတွေ့ရသည်။ စက်ပစ္စည်းနှင့် ငွေကြေးအရင်းအနှီးသည် ငွေကြေးဓနအင်အား ပြည့်စုံသည်နှင့် အခက်အခဲမဖြစ်နိုင်သော်လည်း လူဟူသော လူ့စွမ်းအား အရင်းအမြစ်သည် အရေးပါ တန်ဖိုး ကြီးမားလှသည်။ အဆိုပါ လူ့စွမ်းအားအရင်းအမြစ်တစ်ရပ်လုံးတွင် အမျိုးသားများနှင့်အတူ ရင်ပေါင်တန်းလုပ်ကိုင်နိုင်စွမ်းသော အမျိုးသမီးလည်း ပါဝင်ကြသည်။
Nov 26, 2021
အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အကြိုဂုဏ်ပြုဆောင်းပါး
မြန်မာနိုင်ငံသားများ တက္ကသိုလ်ပညာ မသင်ကြားနိုင်အောင် ကန့်သတ်ထားသော ယူနီဗာစီတီ အက်ဥပဒေကို ဆန့်ကျင်သပိတ်မှောက်ခဲ့သော နေ့ကို အမျိုးသားအောင်ပွဲနေ့အဖြစ် သတ်မှတ် ဂုဏ်ပြုခဲ့သည်မှာ ယခုဆိုလျှင် (၁၀၁) နှစ်မြောက် ခဲ့ပြီ ဖြစ်သည်။ အမျိုးသားနေ့ဟူသည်ကား ဗြိတိသျှ မင်းကြီး မတ်ဟန်းတား၏ယူနီဗာစီတီ အက်ဥပဒေအရ ဖွင့်လှစ်မည့် ရန်ကုန်တက္ကသိုလ်ကို မြန်မာ ကောဇာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်၊ ခရစ်နှစ် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက် (တနင်္ဂနွေနေ့)တွင် ရန်ကုန် ကောလိပ်နှင့် ဂျပ်ဆင်(ယုဒသန်) ကောလိပ်ကျောင်း သားများက ကန့်ကွက်သပိတ်မှောက် ဆန္ဒပြခဲ့သောနေ့ကြီး ဖြစ်သည်။
Nov 26, 2021
ပညာရေး
မြန်မာ့သမိုင်းကို ပြောင်းလဲစေသည့် တက္ကသိုလ်ကျောင်းသား ပညာတတ်များ၏ လှုပ်ရှားမှု ပညာရေးလောကတွင် ပေါ်ပေါက်ခဲ့သည်။ တစ်မျိုးသားလုံး အားပေးခဲ့သည်။ ပြီးတော့ ဂုဏ်ပြုခဲ့ကြသည်။ ဘာကြောင့် ဂုဏ်ပြုရပါသလဲ။ အမျိုးသားရေးကို ဆုပ်ကိုင်လှုပ်ရှားခဲ့ကြလို့ပါ။ ပညာတတ်များ၏ ထိုလှုပ်ရှားမှုသည် မြန်မာတစ်ပြည်လုံးကို အမျိုးသားရေးအမြင် နိုးကြားစေခဲ့သည်။ ပညာတတ်ဆိုတာ အမျိုးသားရေးကိုသာ သစ္စာခံသူ၊ အမျိုးသားရေးကို တစ်ဘဝစာ စား၊ ဝတ်၊ နေရေး ပြေလည်ရုံမျှဖြင့် မလဲသူ၊ အမျိုးသား အကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်သူများပါဟု ပြဆိုခဲ့သည့်နေ့ ဖြစ်နေ၍ ဂုဏ်ပြုခဲ့ခြင်း ဖြစ်ပေသည်။ ထိုနေ့သည် ကား ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ပါ။ ပညာတတ်များ၏ ကြိုးပမ်းမှုကို ဂုဏ်ပြုလိုက်သည်ကား “အမျိုးသားနေ့” (သို့မဟုတ်) “အမျိုးသား အောင်ပွဲနေ့” ပင် ဖြစ်ပါသည်။ နှစ်ပေါင်း ၁၀၁ နှစ်ပင် ကြာရှည်ခိုင်မြဲခဲ့ပါပြီ။