Nov 25, 2021

ဤလူငယ်ထံမှ ထွက်ပေါ်လာသော “ရှုံးနိမ့်သူ၏ ခြေထော့ကျိုး” သဘောထားသည့် ၎င်းစံချိန်မှာ မရိုးသားသဖြင့် စံချိန်ကိုမချိုးနိုင်ဟု ဆင်ခြေပေးနေခဲ့ခြင်း ဖြစ်သည်။ ကျွန်တော်က သူ့အား စံချိန်တစ်ခု သည် တရားဝင်စံနှုန်းဖြစ်ကြောင်းကို ပြောပြလိုက်သည်။ လူတစ်ယောက်က စံချိန်တင်လိုက်ပြီဆိုလျှင် နောက်တစ်ယောက်ကလည်း စံချိန်ချိုးနိုင်တာပဲဟု ပြောလိုက်သည်။ မက်လုံးများသည် အောင်မြင်မှုအတွက် ဝိညာဉ်တစ်ခုဖြစ်သဖြင့် ထိုသို့စံချိန်ချိုးနိုင်လျှင် ရရှိမည့် ဆုလာဘ်အချို့ကို ပြောပြခဲ့သည်။ ပထမဦးစွာ ကုမ္ပဏီက တစ်ချိန်လုံး တင်ထားသည့် အမြင့်ဆုံးစံချိန်ကို ချိုးနိုင်ခဲ့လျှင် ရုံးခန်းထဲရှိ ကုမ္ပဏီဥက္ကဋ္ဌ၏ဘေး၌ သူ၏ပုံကို ချိတ်ဆွဲခြင်းခံရမည်။ သူက ထိုအချက်ကိုလည်း သဘောကျသည်။
Nov 24, 2021

မြန်မာနိုင်ငံတွင် ဘုရားရတနတရားရတနသံဃာရတနာ ရတနာသုံးပါးကို ရှေးကာလမှ အစဉ်အဆက် ယုံကြည်ကိုးကွယ် ဆည်းကပ်ကြသည်။ ရတနာသုံးပါးကို ယုံကြည်ကိုးကွယ် ဆည်းကပ်သူသည် “သရဏဂုံ” တည်ပြီး ဒုက္ခဆင်းရဲအပါယ်ဘေးမှ လွတ်မြောက် ချမ်းသာသုခ အပေါင်းတို့နှင့် ပြည့်စုံစေ၏။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ပြစ်မှားစော်ကားသူသည် ပစ္စုပ္ပန်၊ သံသရာ၌ ဒုက္ခ ဆင်းရဲအပါယ်ဘေးတို့ကို ကြုံတွေ့ရပြီး သံသရာရှည်စွာ ဆင်းရဲဒုက္ခ ခံစားကြမည် မလွဲဧကန်ဖြစ်ပါ၏။
Nov 24, 2021

လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေကို ကောင်းသည်ဆိုးသည်ဟု မိမိမြင်သမျှ ရှုထောင့်မှ အကဲဖြတ်သုံးသပ်ခြင်းထက် ပကတိမြေပြင် အခြေအနေအရပ်ရပ်ကို လေ့လာအပ်ပါသည်။ နိုင်ငံသူ နိုင်ငံသား အများစုသည် မိမိတို့ဆန္ဒမရှိခဲ့ကြသော်လည်း မရှောင်လွှဲနိုင်သော အောက်ပါကပ်ဆိုးနှစ်မျိုးနှင့် တည့်တည့်တိုးကာ ဆင်းရဲပင်ပန်းနေ ကြရှာပါသည်။ ကုန်းရုန်း ထနေရသည်။
Nov 24, 2021
အားတကာ အားတွင် “ပညာအား” သည် အကြီးမား ဆုံးသော အင်အားတစ်ရပ်ဖြစ်သည်။ (Education is Power)။ ထို့ပြင် ပညာရေးသည် ဒီမိုကရေစီ၏ အခြေခံလည်း ဖြစ်သည်။ ပညာရေး အားနည်းချို့တဲ့လျှင် ဒီမိုကရေစီလုံးဝမအောင်မြင်နိုင်ပါ။
Nov 23, 2021
မြန်မာအမျိုးသားပညာရေးလှုပ်ရှားမှုတစ်ရပ် ၁၉၂၀ ပြည့်နှစ်ထဲမှာ ကြီးကြီးမားမား ပေါ်ပေါက်ခဲ့ပါတယ်။ လွတ်လပ်ရေးအတွက် ရှေ့ပြေးဖြစ်ခဲ့ပါတယ်။ ဒီလှုပ်ရှားဆောင်ရွက် ချက်ဟာ အမျိုးသားရေးကိစ္စကို ဗဟိုပြုခဲ့တာဖြစ်ပါတယ်။ အမျိုးသားအကျိုးစီးပွား (National Interest) ကောင်းကျိုးအတွက်ပဲ ဖြစ်ခဲ့ပါတယ်။ အထွေထွေနောက်မကျရေး၊ ဗလငါးတန်ဖွံ့ဖြိုးရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး၊ ပညာရည်မြင့်မားရေး၊ တိုင်းရင်းသားညီအစ်ကိုတွေနဲ့ စည်းလုံးညီညွတ်ရေးတို့ဟာ တကယ့်ကို ဦးတည်ရမယ့် အမျိုးသားရေးကိစ္စ၊ အမျိုးသားအကျိုးစီးပွားပဲဖြစ်ပါတယ်။
Nov 23, 2021
ယခုရက်ပိုင်းအတွင်း ဆိုရှယ်မီဒီယာပေါ်မှာ Hot ဖြစ်နေတဲ့ကိစ္စတစ်ခုကတော့ NUG အကြမ်းဖက် အဖွဲ့ရဲ့ အကြမ်းဖက်သတ်ဖြတ်မယ့်အမည်စာရင်း "Hit List" ထွက်လာပြီး လက်အောက်ခံ PDF အဖွဲ့တွေကို NUG ရဲ့ ပြည်ထဲရေးဝန်ကြီးဆိုသူက တိုက်ရိုက်ညွှန်ကြားဆောင်ရွက်နေတယ်ဆိုတဲ့ ကိစ္စဖြစ်ပါတယ်။ ဒီကိစ္စက နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ မီဒီယာတွေအကြားမှာ ဟိုးလေး တကျော်ကျော် ဖြစ်သွားခဲ့တာပါ။ ဒီသတင်းထွက်ပေါ်လာ ပြီးနောက်မှာ NUG အကြမ်းဖက် အဖွဲ့က ဆာဆာနဲ့ ဇင်မာအောင်တို့က ထွက်ပေါ်နေတဲ့ “Hit List” စာရင်းက သူတို့လုပ်တာ မဟုတ်ကြောင်း နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ မီဒီယာတွေကို အသည်းအသန် ဖြေရှင်းချက်ပေး နေရတာကို တွေ့ရပါတယ်။
Nov 22, 2021

ပြည်ထောင်စုမြန်မာနိုင်ငံသည် ရှေးပဝေသဏီကတည်းကပင် ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းဖြင့် မားမားမတ် မတ်ရပ်တည်နိုင်ခဲ့ သည်။ အနော်ရထာ၊ ဘုရင့်နောင်နှင့် အလောင်းမင်းတရားတို့လက်ထက် တွင် ကာကွယ်ရေး အင်အားကို ကျောထောက်နောက်ခံပြုလျက် စည်းလုံးညီညွတ်သော မြန်မာနိုင်ငံတော်ကြီးကို ခံ့ညားထည်ဝါစွာ တည်ထောင်နိုင်ခဲ့သည်။ ကျူးကျော်စော်ကားလာသူများကိုလည်း စည်းလုံးညီညွတ်မှုစွမ်းအား၊ ကာကွယ်ရေးစွမ်း အား တို့ဖြင့် တိုက်ထုတ် နိုင်ခဲ့သည်။ ထိုစဉ်က အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော တပ်မတော်များ ဖွဲ့စည်းထူထောင်ခဲ့မှုကြောင့်သာ ခိုင်မာစွာရပ်တည် နိုင်ခဲ့ခြင်းပင်ဖြစ်သည်။
Nov 22, 2021
မြန်မာအမျိုးသားပညာရေးလှုပ်ရှားမှုတစ်ရပ်၁၉၂၀ ပြည့်နှစ်ထဲမှာ ကြီးကြီးမားမား ပေါ်ပေါက်ခဲ့ပါတယ်။ လွတ်လပ်ရေးအတွက် ရှေ့ပြေးဖြစ်ခဲ့ပါတယ်။ ဒီလှုပ်ရှားဆောင်ရွက် ချက်ဟာ အမျိုးသားရေးကိစ္စကို ဗဟိုပြုခဲ့တာ ဖြစ်ပါတယ်။ အမျိုးသားအကျိုးစီးပွား (National Interest) ကောင်းကျိုးအတွက်ပဲ ဖြစ်ခဲ့ပါတယ်။ အထွေထွေနောက် မကျရေး၊ ဗလငါးတန်ဖွံ့ ဖြိုးရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး၊ ပညာရည် မြင့်မားရေး၊ တိုင်းရင်းသားညီအစ်ကိုတွေနဲ့ စည်းလုံးညီညွတ်ရေးတို့ဟာ တကယ့်ကို ဦးတည်ရမယ့် အမျိုးသားရေးကိစ္စ၊ အမျိုးသားအကျိုးစီးပွားပဲဖြစ်ပါတယ်။
Nov 21, 2021

မြန်မာနိုင်ငံမှာ ဒီမိုကရေစီအတွက်လို့ဆိုပြီး၊ ဓမ္မလို့ ဟစ်ကြွေးပြီး အဲဒါတွေနဲ့ဆန့်ကျင်ဘက် အဓမ္မမှု ကျူးလွန်နေသူတွေရဲ့ တော်လှန်ရေးဟာ လူထုအတွက် တစ်နေ့တခြား စိတ်ခြောက်ခြားဖွယ်ဖြစ် နေရပါတယ်။ သူတို့ကတော့ ဓမ္မလို့ ဆိုကြပေမယ့် လူထုအတွက်တော့ အဓမ္မတွေဖြစ်နေပါတယ်။ သူတို့ပြောတဲ့ ဓမ္မဆိုတာ ဘယ်ရှုထောင့်၊ ဘယ်လိုအမြင်၊ ဘယ်လိုခံယူချက်ဆို တာတော့ တိတိကျကျ မပြောတတ်ပါဘူး။ နားလည်လက်ခံထားတဲ့ ဓမ္မဝါဒီဟာ နားလည်မှု၊ ကိုယ်ချင်းစာတရား၊ အပြန်အလှန် လေးစားမှု၊ တရားမျှတမှုစတဲ့ ကျင့်ဝတ်တွေအပေါ် အခြေခံထားတာပါ။ တစ်ဖက်သတ်အမြင်၊ တစ်ဖက်သတ် လိုလားချက်၊ တစ်ဖက်သတ်ရှုထောင့်တော့ မဟုတ်တာ သေချာပါတယ်။ အရပ်စကားပြောရရင် ငါလိုချင်တာရရင် အားလုံးတရားတယ်၊ ငါလိုချင်တာမရရင် အားလုံးကမတရားဘူးဆိုတဲ့ အယူအဆကတော့ တရားမျှတမှုဆိုတာထက် အတ္တဝါဒီသဘော၊ တစ်ဖက်စွန်း သဘော သက်ရောက်နေပါတယ်။
Nov 21, 2021
ဆရာ သိုက်ထွန်းသက်ကလည်း ဆရာ၏ မြန်မာစာပေဝမ်းစာပြည့်ပုံကို ဆရာ့အသက် (၈၀) ပြည့် အမှတ်တရ စာအုပ်တွင် “ဆရာကိုကအက္ခရာဗျည်းနှင့် အသံထွက်ပြဗျည်းများအကြောင်း ဇယား ဆွဲပြသည်။ က-ခ-ဂ-ဃ-င၊ စ-ဆ-ဇ-ည ဆိုပြီး ကဝဂ်၊ စဝဂ်၊ ဋဝဂ်၊ တဝဂ်၊ ပဝဂ် ခွဲပြသည်။ ကကြီး ခခွေး ဗျည်း အားလုံးကို ပထမဇယားတိုင်ပါ က-စဋ-တ-ပ-ယ တို့နှင့်လည်းကောင်း၊ ပဉ္စမ ဇယားတိုင်ပါ င၊ ည၊ ဏ၊ န၊ မ၊ သ တို့နှင့် လည်းကောင်း “သတ်” လို့ရကြောင်း၊ သို့သော် ဒုတိယ၊ တတိယ၊ စတုတ္ထဇယား တိုင်ပါ ခ-ဂ-ဃ၊ ဆ-ဇ-စု၊ ဌ-၃-ပ၊ ထ-ဒ-ဓ၊ ဖ-ဗ-ဘ ဗျည်းများနှင့် “မသတ်”ကြောင်း ပြောသည်။ ထိုသို့သတ်ရာတွင် က-စ-ဋ-တ-ပ နှင့် သတ်ပါက အသံ မပြောင်းသော်လည်း က-ည-ဏ-န-မ တို့ဖြင့် သတ်ပါက အသံပြောင်းသွားတတ် ပုံကို “သရကပင်” နှင့် “ညောင်ပင်'၊ “ချစ်တယ်” နှင့် “ခင်တယ်” တို့ဖြင့် ဥပမာပေး ရှင်းပြသည်။ သရက်ပင်နှင့် ချစ်တယ်တို့မှာ အသံမပြောင်းသော်လည်း ညောင်ပင်က “ညောင်ဗင်' ဟု လည်းကောင်း၊ ခင်တယ်က “ခင်ဒယ်” ဟုလည်းကောင်း ပထမအက္ခရာမှ တတိယအက္ခရာသို့ ပြောင်းသွားပုံဖြစ် သည်။ ဆရာကိုက ကျွန်တော်တို့ဟောက်နေသည်ကိုသည်မျှဖြည့်ပေးရုံနှင့် ကျွန်တော့်မှာ မေ့မသွားအောင် ဇယားဆွဲ မှတ်ထားရသည်။ သည်မျှလောက်နှင့် မတင်းတိမ်နိုင်သဖြင့် ဆက်လေ့လာစရာ စာအုပ်တွေ ရှာရသည်” ဟုမှတ်သားစဖွယ် တင်ပြထားသည်ကိုလည်း လေ့လာရပါသည်။