Skip to main content
Jan 06, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့သည်မှာ ဆယ်လပြည့် မြောက်ခဲ့ပြီဖြစ်သည်။ ဆယ်လတာအတွင်း အစိုးရနှင့်ပြည်သူများသည် ကမ္ဘာ့ကပ်ရောဂါ အန္တရာယ်၊ ကိုယ်ကျိုးရှာပြည်ဖျက်လိုသည့် အကြမ်းဖက်သမားများ၏အန္တရာယ်တို့ကို ကြံ့ကြံ့ခံ၍ နှိမ်နင်းကျော်ဖြတ်ခဲ့ကြသည်။ နိုင်ငံတော်အစိုးရသည် နိုင်ငံတော်နှင့် ပြည်သူအတွက် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်ငါးရပ်ကို တိတိကျကျလိုက်ခြင်းဖြင့် မလျော့သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ပေါင်းစပ်ကာ ရည်မှန်းရာပန်းတိုင်ဆီသို့ ချီတက်လျက်ရှိရာ နိုဝင်ဘာလအတွင်း ဆောင်ရွက်ချက်များအနက် သတင်းအချက်အလက်အချို့ကို ကောက်နုတ်တင်ပြလိုက်ရပါသည်။
Jan 06, 2022
မြန်မာနိုင်ငံတွင် လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြု စနစ် Proportional Representation System (PRs)ဖြင့် ဆောင်ရွက်ရန် တောင်းဆိုလာကြ သည်။ လွှတ်တော်သုံးရပ်စလုံးတွင် စာရင်းပိတ်အချိုးကျကိုယ်စားပြုစနစ် (Closed List-PR)ကို ပြောင်းလဲကျင့်သုံးသင့်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲစနစ်ဆိုင်ရာ ဆွေးနွေးပွဲတွင် နိုင်ငံရေးပါတီအများစုက အဆိုပြုတင်ပြခဲ့ကြသည်။
Jan 06, 2022
ကျွန်တော်သည် ပင်စင်စားတစ်ယောက်သာ ဖြစ်ပါသည်။ ပင်စင်စားမို့ ကျွန်တော့်တွင် အလွန်ကြီးလေးသော တာဝန်မရှိပါ။ မိသားစုအတွက် ထမင်းတစ်အိုး ငဲ့ချက်သည့်တာဝန်နှင့် ကြက်သွန်အဖြူ၊ ကြက်သွန်အနီ “အခွံသင်”သည့် တာဝန်ထမ်းဆောင်ခြင်းသည်သာ ကျွန်တော့်အတွက် မဟာဝန်ဆောင်မှုဖြစ်သည်။
Jan 04, 2022
၁
နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်ရေးနေ့ ကျင်းပရခြင်းမှာ လွတ်လပ်ရေးနေ့သမိုင်းအား နောင်လာနောက်သားများ နားလည်သိရှိစေရန်၊ လွတ်လပ်ရေး၏ အနှစ်သာရကို တန်ဖိုးထားတတ်စေရန်နှင့် လွတ်လပ်ရေးကို လက်ဆင့်ကမ်း တာဝန်ယူနိုင်ရန် ရည်ရွယ်ကျင်းပလေ့ရှိကြပါသည်။
Jan 04, 2022
၁
ယနေ့ဆိုလျှင် မြန်မာ့လွတ်လပ်ရေးသည်ပင် ၇၄ နှစ် ပြည့်မြောက်လေပြီ။ နောင်နှစ်ဆိုလျှင် စိန်ရတုပင် တိုင်ပေတော့မည်။
Jan 03, 2022
01
အင်းတော်ကြီးအိုင်နှင့် အင်းတော်ကြီး တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောသည် ကချင်ပြည်နယ်မိုးညှင်း ခရိုင် မိုးညှင်းမြို့နယ်အတွင်းတည်ရှိပြီး ကမ္ဘာတွင် တတိယအကြီးဆုံး ဖြစ်သော ကုန်းတွင်းရေတိမ် ဒေသအဖြစ် အရှေ့တောင်အာရှတွင် သတ်မှတ် ခြင်းခံထားရသည့် ဇီဝအဝန်းနယ်မြေလည်း ဖြစ်သည်။
Jan 03, 2022
01
မြန်မာနိုင်ငံ၏သမိုင်းကြောင်းသည် ရှည်လျားလှပြီး နှစ်ပေါင်းထောင်ချီ တည်တံ့ကြာမြင့် ခဲ့ပြီဖြစ်သည်။ နှစ်ပေါင်းထောင်ချီရှိသော သမိုင်းကြောင်းတွင် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ မြို့ပြခေတ် ယဉ်ကျေးမှုထွန်းကားလာသည်အထိ သမိုင်းခြေရာကောက်၍ ရနေပေပြီ။
Jan 02, 2022
သင်ခန်းစာယူအပ်ရာ လွတ်လပ်ရေးကြိုးပမ်းမှုမှသည် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရမည့် တန်ဖိုးများ
နှစ်ပေါင်း ၁၂၀ ကျော် တစ်ပါးတိုင်းပြည် လက်အောက်ခံကျွန်သဘောက်ဘဝဖြင့် ၁၈၂၄ ခုနှစ်ကတည်းက ဆုံးရှုံးခဲ့ရသည့် မြန်မာတို့၏ လွတ်လပ်ရေး၊ လုံးဝလွတ်လပ်ပြီး အချုပ်အခြာ အာဏာကို ပြန်လည်ရရှိခဲ့တာ ၇၄ နှစ် ရှိခဲ့ပေပြီ။
Jan 01, 2022
မြန်မာပြည် လွတ်လပ်ရေးရရှိခဲ့သည်မှာ ယခု ၇၄ နှစ်ပြည့်ခဲ့လေပြီ။ လွတ်လပ်ရေးနေ့ အခါသမယရောက်လေတိုင်း “လွတ်လပ်ရေးရတဲ့အခါ ယိုးဒယားလိုဖြစ်ချင်သလား၊ တူရကီလိုဖြစ်ချင်သလား၊ အိုင်ယာလန်လို ဖြစ်ချင်သလား၊ ဆိုဗီယက်ရုရှားလို ဖြစ်ချင်သလား” ဆိုသည့် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်မှာချက်ကို သတိရမိသည်။
Dec 31, 2021
၁
နှစ်ပရိစ္ဆေဒ ၁၂၄ နှစ်တိုင်အောင် ( အင်္ဂလိပ်နယ်ချဲ့လက်အောက်၁၂၁ နှစ်၊ ဖက်ဆစ် ဂျပန်လက်အောက် ၃ နှစ်) ဆုံးရှုံးသွားခဲ့ရသော မြန်မာ့ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ပြန်လည်ရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြရာတွင် ကလေးမုန့်ဖိုးလက်ဖြန့် တောင်းသလိုအလွယ်တကူ ပြန်လည် ရရှိခဲ့ခြင်း လုံးဝမဟုတ်ပါ။ မျိုးချစ်စိတ်၊ တိုင်းချစ် ပြည်ချစ်စိတ်၊ ပြည်ထောင်စုစိတ်ဓာတ်ရှိကြ သူတိုင်း နယ်ချဲ့ တော်လှန်ရေးကို အသက်၊ သွေး၊ ချွေးပေါင်းများစွာ စတေးခံ၍လည်းကောင်း၊ အမျိုးသား နိုင်ငံရေးနည်းလမ်းများဖြင့်လည်းကောင်း၊ ပြည်ထောင်စုဖွား ၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံး လက်တွဲမဖြုတ် ကျောချင်းကပ် ရင်ချင်းအပ်ကာ အတူလက်တွဲ ဆင်နွှဲနိုင်ခဲ့ခြင်းကြောင့် မြန်မာ့လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ပြန်လည်ရရှိခဲ့ခြင်းပင်ဖြစ်သည်။