Jun 02, 2022
၂၀၅၀ ပြည့်နှစ်တွင် တိုးတက်လာသော လူဦးရေအတွက် စွမ်းအင်လိုအပ်ချက်မှာ ယခုလက်ရှိ ထုတ်လုပ်နိုင်မှုထက် ၅၀ ရာခိုင်နှုန်း လိုအပ်လာမည်ဖြစ်ကြောင်း UNEP မှ ၂၀၂၁ ခုနှစ်တွင် ခန့်မှန်းဖော်ပြ ထားပါသည်။ ရုပ်ကြွင်းလောင်စာအခြေခံ စွမ်းအင်ထုတ်လုပ်မှု လုပ်ငန်းများမှာ လေထုထဲသို့ မှန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုကို တိုးတက်စေပြီး ကမ္ဘာကြီး ပူနွေးလာမှုနှင့် အတူ ရာသီဥတုပြောင်းလဲမှုကိုပါ အားပေးပါသည်။
Jun 01, 2022
အာဆီယံစီးပွားရေးဝန်ကြီးတွေရဲ့ အထူးအစည်းအဝေးကို မေ ၁၈ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီမှာ ကျင်းပခဲ့ပါတယ်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံရဲ့ အာဆီယံဒေသတွင်း စိန်ခေါ်မှုများအား အတူတကွ ရင်ဆိုင်ဖြေရှင်းခြင်း၊ အာဆီယံ အေ စီ တီ (ASEAN A.C.T) ( Addressing Challenges Together ) ဆိုတဲ့ Theme နဲ့ ကျင်းပဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
Jun 01, 2022
ဤကမ္ဘာမြေပေါ်ရှိ လူသားများအပါအဝင် သက်ရှိသတ္တဝါများ အားလုံးသည် ခေတ်အဆက်ဆက် ကမ္ဘာမြေပေါ်မှ သဘာဝအရင်းအမြစ်များကို မှီခိုထုတ်ယူသုံးစွဲရင်း မိမိတို့၏ နေ့စဉ်ဘဝများကို ဖြတ်သန်းလာခဲ့ကြပါသည်။ ကမ္ဘာမြေပြင်ပေါ်တွင် သက်ရှိများမှ မိမိတို့၏ စားဝတ်နေရေးအတွက် လိုအပ်သော မြို့ပြအဆောက်အအုံများ တည်ဆောက်ခြင်း၊ စိုက်ပျိုးမြေများချဲ့ထွင် စိုက်ပျိုးလုပ်ကိုင်ခြင်း၊ ရေရရှိရေးအတွက် ဆည်တာတမံ တည်ဆောက်ခြင်း စသည်တို့အတွက် ဆောင်ရွက်ရာမှ ကမ္ဘာမြေ၏ ရေထု၊ လေထု၊ မြေထုကို အသွင်သဏ္ဌာန်အမျိုးမျိုး ပြောင်းလဲဖန်တီးလာကြပါသည်။ ပြုန်းတီးနေသော သစ်တောများ၊ တိမ်ကောနေသော မြစ်များ၊ ပျက်စီးနေသော လယ်ယာမြေများ၊ ညစ်ညမ်းနေသော ရေထု၊ လေထု၊ မြေထုများမှာ လူသားများ၏ စီမံခန့်ခွဲမှုလွန်ကဲသော လုပ်ရပ်များ၏ ရလဒ်များပင် ဖြစ်ပါသည်။
Jun 01, 2022
"Every man is his own historian."
လူတိုင်းလူတိုင်းဟာ ကိုယ့်သမိုင်းကို ကိုယ်တိုင်ပဲ ရေးနေကြရတာဖြစ်ပါတယ်။
May 31, 2022
မေလ၏အပူရှိန်ကြောင့် အင်းပတ်ဝန်းကျင် တစ်ခွင်လုံးစိမ်းစိုမနေ။ အင်းအတွင်း ရေအပြည့်ရှိမနေ။ ဆောင်းခိုငှက်များ လာရောက်ချိန်မဟုတ်သည့်အတွက် ငှက်ကြည့်ရန်၊ သဘာဝအလှအပကို လေ့လာခံစားရန်လာရောက်သည့် ဧည့်သည်လည်း အပြည့်ရှိမနေ။ သို့သော် အင်းပတ်ဝန်းကျင်ရှိ သစ်ပင်ကြီးများ၏ အရိပ်ခိုရင်း၊ ကျီကျီကြာကြာ ဒေသငှက်များ၏ အသံများဖြင့် မိုးယွန်းကြီးအင်း ပတ်ဝန်းကျင်သည် သာယာမှုရှိသည်။
May 31, 2022
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကော့သောင်းဒေသသည် သဘာဝပထဝီအနေအထားအရ ရှည်လျားသော ပင်လယ်ကမ်းရိုးတန်း၊ နူးညံ့သည့် သဲဖြူကမ်းစပ်များရှိသည့် ကျွန်းများ၊ အမျိုးစုံလင်လှသော သဘာဝပေါက်ပင်များ၊ ဒီရေတောများ၊ ကုန်းနေရေနေသတ္တဝါများ၊ ငှက်မျိုးစိတ်များ၊ ပင်လယ်ရေအောက် သန္တာကျောက်တန်းများ ပေါကြွယ်ဝသဖြင့် ထူးခြားသောသဘာဝအရင်းအမြစ်များ ပိုင်ဆိုင်ထားသည်။
May 30, 2022
၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုကို ဆရာကြီးဦးမောင်မောင်လတ် (နောင်)၊ ဆရာကြီးဦးစိန်လှိုင် (သူရဇော်)နှင့် ဆရာမကြီး ဒေါ်ချိုချိုတင်(မစန္ဒာ)တို့ ချီးမြှင့်ခံခဲ့ရပါသည်။ အမျိုးသားစာပေတစ်သက်တာဆုရရှိသူ ၃၄ ဦးတွင် ဆုရရှိခဲ့သူ အမျိုးသမီးစာရေးဆရာမ လေးဦးရှိခဲ့ပြီး ယင်းတို့မှာ ဆရာမကြီးဒေါ်ရင်ရင် (စောမုံညင်း)၊ ဆရာမကြီးဒေါ်ကြန် (မကြန်)၊ ဆရာမကြီး ဒေါ်ခင်ဆွေဦး (ခင်ဆွေဦး)နှင့် ဆရာမကြီးဒေါ်ချိုချိုတင် (မစန္ဒာ)တို့ ဖြစ်ကြသည်။
May 30, 2022
သင်ရိုးသစ်ပညာရေး သင်ကြားပေးလာခဲ့တာ အခုနှစ်စာသင်နှစ်ဖြစ်တဲ့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ အတော်လေးအခြေတကျရှိလာပြီလို့ ဆိုနိုင်ပါတယ်။ ၂၀၁၆-၂၀၁၇ ပညာသင်နှစ် KG တန်းကစလို့ သင်ယူလာခဲ့ကြတဲ့ တပည့်လေးတွေဟာ အခုလာမယ့်စာသင်နှစ်မှာ Grade 5 အတန်းကို တက်ရမှာဖြစ်ပါတယ်။ ယခင်နှစ် Grade 7 နဲ့ Grade 10 မှာ သင်ယူခဲ့ကြတဲ့ ကလေးတွေက Grade 8 နဲ့ Grade 11 တို့ကို အသီးသီးတက်ရောက်သင်ကြားကြရမှာဖြစ်ပါတယ်။ အတန်းသစ်ဖြစ်တဲ့ Grade 5 ၊ 8၊ 11 တို့အတွက် ဘာသာရပ်အလိုက် သင်ရိုးသစ်များကို ပညာရေးဝန်ကြီးဌာနက သင်တန်းတွေ ပို့ချပေးလျက်ရှိပါတယ်။
May 30, 2022
Many liberation and political movements that valiantly opposed authoritarian regimes often behave in markedly undemocratic ways when in power themselves.
May 29, 2022
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့နဲ့ အခြားဆက်စပ်မြို့တွေမှာ မေလ ၁၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ၂၀၂၁ ခုနှစ် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးကတော့ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီ။
