Skip to main content

တိုင်းပြည်ကာကွယ်ရေးနှင့် ခေတ်မီမျိုးချစ်တပ်မတော်

နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်နက်နယ်မြေများ လက်လွှတ်မဆုံးရှုံးရေး၊ ပြည်သူများ၏ ဘ၀လုံခြုံရေး၊ အေးချမ်းစွာ နေထိုင်နိုင်ရေးနှင့် ပြည်တွင်းပြည်ပ အန္တရာယ်ရန်စွယ် မှန်သမျှကို တိုက်ထုတ်ချေမှုန်းနိုင်ရေးအတွက် အင်အားတောင့်တင်း ခိုင်မာသည့် ခေတ်မီမျိုးချစ်တပ်မတော် တစ်ရပ် ရှိနေရန်လိုအပ်ပေသည်။ ထိုဦးတည်ချက်များနှင့်အညီ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင်လည်း မျိုးချစ်တပ်မတော်ကို ဖွဲ့စည်းထားလျက်ရှိသည်။ ပြည်ထောင်စုတပ်မတော်သည် ခေတ်အဆက်ဆက်တွင် အမျိုးသားရေးတာဝန် များကိုကျေပွန်အောင်ထမ်းဆောင် လျက်ရှိပေသည်။

တပ်မတော်နေ့

ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော ရဲဘော်သုံးကျိပ်ဝင်များသည် တိုင်းပြည်လွတ်လပ်ရေးအတွက် အသက်နှင့် ခန္ဓာကိုယ်အပ်နှင်းသွား မည်ဆိုသော သစ္စာအဓိဋ္ဌာန်ဖြင့် လက်မောင်းသွေး ဖောက်သောက် ကာ ၁၉၄၁ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ၌ ဗမာ့လွတ်လပ်ရေးတပ်မတော် (Burma Independence Army-BIA) & စတင် ဖွဲ့စည်းခဲ့ကြသည်။ ထို့နောက် တပ်မတော်ကို ဘီအိုင်အေ၊ ဘီဒီအေ၊ ဘီအင်န်အေ၊ ပီဘီအက်ဖ်ဟူ၍ အဆင့် ဆင့်ပြောင်းလဲဖွဲ့စည်းကာ လွတ်လပ်ရေး အတွက် ဆက်လက်တိုက်ပွဲဝင်ခဲ့သည်။

အထူးသဖြင့် တပ်မတော်၏ဖခင် ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၅ ခုနှစ် မတ်လ ၁၇ ရက်၌ ရွှေတိဂုံဘုရား အနောက်မြောက်ဘက်ရှိ ကွင်းပြင်ကြီး (ယခု တော်လှန်ရေးပန်းခြံနေရာ)တွင် စစ်ထွက် မိန့်ခွန်းပြောကြားခဲ့ရာ၌ “မြန်မာ့ရန်သူ ကိုချေမှုန်းကြ၊ အနီးကပ်ဆုံးရန်သူကို ရှာပြီးတိုက်ကြ” ဟု အလေးအနက်ထား ပြောကြားခဲ့သည်။ ထိုနှစ်မတ်လ ၂၇ ရက် နေ့တွင် တပ်မတော်သည် မြန်မာ့သမိုင်း တွင် ထာဝရထင်ရှားနေမည့် ဖက်ဆစ်တော်လှန်ရေးကြီးကို ပြည်သူလူထုနှင့် အတူလက်တွဲပြီး ဆင်နွှဲခဲ့သည်။ ထို့ကြောင့် ဖက်ဆစ်တော်လှန် ရေးဆင်နွှဲခဲ့သည့် မတ်လ ၂၇ ရက်နေ့ကို တပ်မတော်နေ့ အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

သမိုင်းပေးတာဝန်များ

တိုင်းပြည်အတွင်း လွတ်လပ်ရေးရရှိမှုနှင့်အတူ ပြည်တွင်းသောင်းကျန်းမှုများလည်း ပေါ်ပေါက်လာခဲ့ သည်။ ၁၉၄၈ ခုနှစ်၊ ၁၉၄၉ ခုနှစ်နှင့် ၁၉၅၀ ပြည့်လွန်ကာလများတွင် ပြည်တွင်းရောင်စုံ သောင်းကျန်းသူများက နေရာဒေသ အသီးသီးကို သိမ်းပိုက်ထားခဲ့သည်။ ထိုစဉ်က အာဏာရ ဖဆပလအစိုးရသည် ရန်ကုန်မြို့၌သာ အာဏာရှိခဲ့သည်။ သောင်းကျန်းသူများသည် ရန်ကုန်မြို့ကို သိမ်းရန်ကြိုးပမ်းလာသဖြင့် တပ်မတော်သည် ရှိသမျှအင်အားကို စုစည်း၍ သောင်းကျန်းသူတို့ ထိန်းချုပ်မှုအောက်တွင် ရောက်ရှိနေသော မြို့များကို ပြန်လည်တိုက်ယူ၍ နိုင်ငံတော်ကို  ကာကွယ်ခဲ့ရ သည်။

ထို့အပြင်တပ်မတော်သည်နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာကို ထိပါးလာသည့် ပြည်ပကျူးကျော်သူ တရုတ်ဖြူများကိုလည်း ၁၉၅၂ ခုနှစ်မှ ၁၉၅၈ ခုနှစ်အထိ စစ်ဆင် ရေးကြီးများ ဆင်နွှဲပြီး မြန်မာ့မြေပေါ်မှ တွန်းလှန်တိုက်ထုတ်ကာကွယ်ခဲ့ရသည်။ ထို့နောက် တပ်မတော်သည် ၁၉၅၈ ခုနှစ်၊ ပါလီမန်ဒီမိုကရေစီခေတ်တွင် နိုင်ငံတော်ကို “အိမ်စောင့်အစိုးရ”အဖြစ် ထိန်းသိမ်း  စောင့်ရှောက်ခဲ့ရသည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေး ကိစ္စများဆောင်ရွက်ကာ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပပေးပြီး တက်ရောက်လာသော  အစိုးရ အဖွဲ့အား ဥပဒေနှင့်အညီ နိုင်ငံတော်အာဏာကို ပြန်လည်အပ်နှံပေးခဲ့သည်။

၁၉၆၂ ခုနှစ်တွင်လည်း အဘက်ဘက်မှ ယိုယွင်းချည့်နဲ့၍ ချောက်ကမ်းပါးအတွင်း ကျရောက်အံ့ဆဲဆဲ နိုင်ငံတော် ကိုကယ်တင်ရန်အတွက် တပ်မတော်သည် “တော်လှန်ရေးကောင်စီ” ကို ဖွဲ့စည်းကာ နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို ထိန်းသိမ်းတာဝန်ယူခဲ့ရပြန်သည်။ ထို့အပြင် ၁၉၈၈ ခုနှစ်တွင် ထိတ်လန့်ဖွယ်ကောင်းသည့် အရေးအခင်းများကြောင့် တပ်မတော်သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲ ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့အတွက် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ တွင် “နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့” ဟူ၍ ဖွဲ့စည်းဖြစ်တည် ခဲ့ရပြန်သည်။

ထို့နောက် ၁၉၉၇ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် “နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ” ဟူ၍ပြင်ဆင်ဖွဲ့စည်းကာ ၂၀၀၃ ခုနှစ်တွင် နိုင်ငံတော်ရှေ့ဆက်သွားမည့် လမ်းပြမြေပုံကို ချမှတ်ခဲ့သည်။ ထိုလမ်းပြမြေပုံနှင့်အညီ အမျိုးသားညီလာခံကြီးကျင်းပပြီး အလွှာပေါင်း စုံမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ပြုစုနိုင်ခဲ့သည်။ ၂၀၀၈ ခုနှစ် မေလတွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲများ ကျင်းပ၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းကို အတည်ပြုနိုင်ခဲ့သည်။ တပ်မတော်သည် ဖြစ်ပေါ်လာသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ တွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့သည်။ ထို ရွေးကောက်ပွဲ များတွင် ရွေးချယ်ခံခဲ့ရသည့် ရွေးကောက်ခံအမတ်များဖြင့် လွှတ်တော်များခေါ်ယူကာ ၂၀၁၁ ခုနှစ် မတ်လ၃၁ ရက်နေ့တွင် ဒီမိုကရေစီအစိုးရသို့ တိုင်းပြည်အုပ်ချုပ်ရေးအာဏာကို ချောမွေ့စွာ လွှဲပြောင်းပေးနိုင်ခဲ့သည်။ ဤသည်မှာ အမျိုးသားရေးတာဝန်များ ကိုကျေပွန်စွာ ထမ်းဆောင်ခဲ့ခြင်းပင် ဖြစ်သည်။

ငြိမ်းချမ်းရေးအတွက် ကြိုးပမ်း

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသောအချက်တစ်ချက်သည် ပြည်တွင်းသောင်းကျန်းမှု ချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းမှုရှိနေရန် လိုအပ်ပေသည်။ ထို့ကြောင့် တပ်မတော်သည် ငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းများကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ အောင်မြင်မှုအနေဖြင့်  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ဖြစ်သည်။ ကျန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနှင့်လည်း အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန်နှင့် ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်အတွက် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်အထိ ရပ်ဆိုင်းထားသည်။

အဖျက်အမှောင့်လုပ်ဆောင်လာ

၂၀၂၀ ပြည့်နှစ် ပါတီစုံရွေးကောက်ပွဲများတွင် ကြီးမားသော မဲမသမာမှုများ ဖြစ်ပေါ်ခဲ့သဖြင့် တပ်မတော်က တိုက်ရိုက်တာဝန်ရှိသည့် တည်ဆဲအစိုးရနှင့် ရွေးကောက်ပွဲကော်မရှင်တို့အား ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဖြေရှင်းပေးရန်အကြိမ်ကြိမ်တောင်းဆိုခဲ့သည်။ သို့သော် NLD ပါတီဦးဆောင် သည့် အစိုးရသည် မဲမသမာမှုများကို ဖြေရှင်းပေးခြင်းမရှိဘဲ လွှတ်တော်များခေါ်ယူပြီး တိုင်းပြည် အာဏာကို အတင်းအဓမ္မရယူရန် ကြံစည်လာသဖြင့် တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အရ တိုင်းပြည်အာဏာကို ခေတ္တထိန်းသိမ်းခဲ့ရသည်။

ထိုအချိန်မှစ၍ အကြမ်းဖက်အဖွဲ့ အစည်းများဖြစ်သည့် CRPH၊ NUG နှင့် PDF တို့အပြင် NLD အစွန်းရောက်များသည် တိုင်းပြည်အလုံးစုံ ပျက်သုဉ်းရေးကို ဦးတည်ဆောင်ရွက်လာကြသည်။ ၎င်းတို့နှင့် အမြင်မတူသည့် ပြည်သူများကို သတ်ဖြတ်ခဲ့သည်။ အမျိုးသမီးများ၊ ကလေးငယ်များ အပြင် သံဃာတော်များကို အကြောင်းမဲ့သတ်ဖြတ်လာကြသည်။ စာသင်ကျောင်းများအပါအဝင် ပြည်သူ ပိုင်ပစ္စည်းများ၊ လမ်းတံတားများကို မီးရှို့ဖျက်ဆီးခဲ့သည်။ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာများကို အကြမ်းဖက် တိုက်ခိုက်သည်။

ကမ်းကုန်အောင် မိုက်လာကြသည်။ ဒီမိုကရေစီအလေ့အထနှင့် ဆန့်ကျင်သော အလုပ်များပင်ဖြစ်သည်။ မည်သည့် ဒီမိုကရေစီနိုင်ငံတွင်မျှ အကြမ်းဖက်လုပ်ရပ်ကို လက်ခံမည် မဟုတ်ချေ။ လက်ရှိအချိန် တွင် တိုင်းရင်းသားအားလုံး လိုလားတောင့်တနေသော အန္တိမဆန္ဒသည် တိုင်းပြည်တည်ငြိမ် အေးချမ်းရေး၊ သာယာဝပြောရေးနှင့် ထာဝရငြိမ်းချမ်းရေး ရရှိရန်ဖြစ်သည်။

သင်ခန်းစာဖော်ထုတ်သင့်

လက်ရှိဖြစ်ပွားလျက်ရှိသော ရုရှား၊ယူကရိန်းအရေးကို အမှတ်တမဲ့ကြည့်မည်ဆိုလျှင် ရုရှားကို ကျူး ကျော်တိုက်ခိုက်သူဟု ရှုမြင်ကြမည် ဖြစ်သည်။ နောက်ခံသမိုင်းကြောင်းအရဆိုလျှင် ရုရှားနိုင်ငံသည် ၎င်း၏ အချုပ်အခြာ အာဏာကို ခြိမ်းခြောက်လာနိုင်သဖြင့် လက်ဦးမှုရယူခြင်းဖြစ်သည်ဟု ဆိုနိုင်ပေ သည်။

အမေရိကန်ဦးဆောင်သော အနောက် အုပ်စုသည် ယူကရိန်းနိုင်ငံအား NATO အဖွဲ့တွင် ဝင်ရောက် ခွင့်ပြုပြီး ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို ဥရောပအရှေ့ပိုင်းအထိ တိုးချဲ့တပ်ဖြန့်ချထားရန်ရည်ရွယ်ထား  ရှိသည်။ ထိုကိစ္စနှင့်စပ်လျဉ်း၍ ယူကရိန်းနိုင်ငံသည် ရုရှားနိုင်ငံ၏ သတိပေးမှုကို လက်မခံဘဲ အနောက်အုပ်စုကို ပိုမိုအားကိုးလာခဲ့သည်။ ထို့ကြောင့် သမ္မတပူတင်သည် ဖေဖော်ဝါရီလ ၂၄ ရက်မှစ၍ ယူကရိန်းနိုင်ငံကို အထူးစစ်ဆင်ရေး စတင်ဆင်နွှဲခဲ့သည်။ အမေရိကန် ဦးဆောင်သော အနောက်အုပ်စု သည် စစ်ပွဲရပ်ဆိုင်းရေးထက် ရုရှားကို ပြစ်တင်ရှုတ်ချရန် ကုလသမဂ္ဂအထွေထွေညီလာခံ၌ မဲခွဲဆုံးဖြတ်မှုပြုလုပ်ခဲ့ကြသည်။ စီးပွားရေးပိတ်ဆို့ရန် ကြိုးပမ်းခဲ့သော်လည်း ဥရောပနိုင်ငံအများစုသည် ရုရှားနိုင်ငံမှ ရေနံနှင့် သဘာဝဓာတ်ငွေ့တို့အပြင် ဂျုံကိုလည်း မှီခိုလျက်ရှိသည်။ အမေရိကန်နှင့် အနောက်အုပ်စုတို့၏ ကိုယ်စားစစ်ပွဲ (Proxy War) ဆင်နွှဲနေရသည့် ယူကရိန်းနိုင်ငံသည် ပြည်သူများ ကိုသာ အတိဒုက္ခရောက်စေပြီး တိုင်းပြည် စီးပွားရေးပြိုလဲတော့မည့်အခြေအနေနှင့် ရင်ဆိုင်နေရပြီဖြစ် သည်။ ထို့ကြောင့် တိုင်းပြည်အလုံးစုံ ပျက်သုဉ်းစေရန် ကြိုးပမ်းနေကြသည့် CRPH၊ NUG၊ PDF နှင့် NLD အစွန်းရောက်များအနေဖြင့် အင်အားကြီးနိုင်ငံများ၏အားပြိုင်မှုများတွင် မြေဇာပင်ဖြစ်နေရသည့် ယူကရိန်း အရေးမှသင်ခန်းစာ ဖော်ထုတ်သွားသင့်ပေသည်။

ပြည်သူကိုအကျိုးပြု

တပ်မတော်သည် စတင်သန္ဓေတည်ခဲ့သည့် ၁၉၄၁ ခုနှစ်မှ ယနေ့အချိန်အထိ တိုင်းပြည်နှင့်လူမျိုး အတွက် ကာကွယ်ရေးတာဝန်အပြင် နိုင်ငံတော်တည်ဆောက် ရေးတာဝန်များကိုပါ ထမ်းဆောင်ခဲ့ရ သည်။ အထူးသဖြင့် ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်ခံယူကာ ဦးလည်မသုန်ထမ်းရွက်လျက်ရှိသည်။ တိုင်းပြည်အတွင်း လွတ်လပ်ရေးနှင့်အတူ တစ်ပါတည်း ဖြစ်ပေါ်လာသော ပြည်တွင်းသောင်း ကျန်းမှုများကို လက်ရှိအချိန်အထိ နှိမ်နင်းတိုက်ခိုက်နေရဆဲ ဖြစ်သည်။ ထိုသို့ ပြည်တွင်းသောင်းကျန်းမှုများ နှိမ်နင်းရာတွင် တပ်မတော်သားများ၏ အသက် သွေးချွေးများစွာ ပေးဆပ်ခဲ့ရသည်။

ထို့အပြင် ပြည်ပကျူးကျော်သူများကိုလည်း တိုက်ထုတ်ချေမှုန်းခဲ့ရသည်။တိုင်းပြည်တွင် အရေးကြုံတိုင်း ရှေ့မှနေ၍ မားမားမတ်မတ်ရပ်တည်ခဲ့ရ သည့် အချိန်ကာလများတွင်လည်း တပ်မတော်သည် ကျရာတာဝန်ကို စစ်မှန်သော စေတနာသန့်သန့်ဖြင့် အကောင်းဆုံးထမ်းရွက်ခဲ့သည်သာ ဖြစ်သည်။ ထို့အပြင် နိုင်ငံတော်တာဝန်များကို မလွှဲသာ၊ မရှောင်သာ စီမံခန့်ခွဲ အုပ်ချုပ်ရသည့် ကာလများတွင် လည်း တပ်မတော်သည် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကလိုအပ်ချက်များဖြစ်သည့် လမ်း၊ တံတားများ၊ ဆည်တမံများ၊ တက္ကသိုလ်များ၊ ကျောင်းများ၊ ဆက်သွယ်ရေးစခန်းများကို တည်ဆောက် ပေးခဲ့သည်။ အထူးသဖြင့် ဝေးလံခေါင်းပါးသည့် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံ အဆောက်အအုံများကို ငွေကြေး အမြောက်အမြားအကုန်အကျခံပြီး တည်

ဆောက်ပေးခဲ့သည်။ လက်ရှိအချိန်အထိလည်း ပြည်သူများအတွက် အခြေခံလိုအပ်ချက်များကို တည်ဆောက်ပေးနေဆဲ၊ ဖြည့်ဆည်းပေးနေဆဲဖြစ် သည်။

တိုင်းပြည်ကာကွယ်ရေးနှင့် ခေတ်မီမျိုးချစ် တပ်မတော်

နိုင်ငံတစ်နိုင်ငံကို ပြည်ပကျူးကျော် ခြိမ်းခြောက်မှုအန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် စည်းကမ်း ပြည့်ဝပြီး စွမ်းရည်ထက်မြက်သော အင်အားတောင့်တင်းသည့် ခေတ်မီမျိုးချစ်တပ်မတော် တစ်ရပ်ရှိနေ ရန် လိုအပ်ပေသည်။ ထိုရည်မှန်းချက်နှင့်အညီ တပ်မတော်ကို Standard Army အဖြစ် အဆင့်မြှင့်တင် တည်ဆောက်လျက် ရှိသည်။ ထိုသို့ တည်ဆောက်ရာတွင် ခေတ်မီစစ်လက်နက်ပစ္စည်းများ ဝယ်ယူ ဖြည့်တင်းခြင်းအပြင် တပ်ဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်တင်နိုင်ရေးအတွက်လည်း ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ရေးလေ့ကျင့် ခန်းများကိုပါ အခါအားလျော်စွာ ပြုလုပ်လျက်ရှိသည်။ ထို့အပြင် တပ်မတော် သားတိုင်းသည် စစ်မှုရေးရာသာမက နိုင်ငံတကာတွင် ဖြစ်ပေါ်လျက်ရှိသော ပြောင်းလဲတိုးတက်မှု များကိုလည်း စဉ်ဆက်မပြတ် လေ့လာသုံးသပ်ကာ နိုင်ငံတော်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင် လေ့ကျင့်မှုများ တစိုက်မတ်မတ် ပြုလုပ်လျက်ရှိသည်။

နိုင်ငံတစ်နိုင်ငံ ဖြစ်တည်ရန်သည် တိကျစွာ ပိုင်းခြားသတ်မှတ်ထားသော ပိုင်နက်နယ်မြေ၊ မှီတင်းနေထိုင်သော ပြည်သူလူထု၊ အုပ်ချုပ်သောအစိုးရ၊ အချုပ်အခြာအာဏာနှင့် နိုင်ငံတကာ အသိအမှတ်ပြုမှုဆိုသော ဂုဏ်အင်္ဂါ ငါးရပ်ဖြင့် ပြည့်စုံနေရမည်ဖြစ်သည်။ ထိုဂုဏ်အင်္ဂါ ငါးရက်အနက်မှ တိကျစွာ ပိုင်းခြားထားသော ပိုင်နက်နယ်မြေနှင့် အချုပ်အခြာအာဏာကို ကာကွယ်ရန်အတွက် တပ်မတော်တစ်ရပ် မရှိမဖြစ် ဖွဲ့စည်းထားရှိရန် လိုအပ်နေမည်ဖြစ်သည်။ ထိုလိုလားချက်များနှင့်အညီ ပြည်ထောင်စုတပ်မတော်ကြီးကိုလည်း စနစ်တကျ ဖွဲ့စည်းထားရှိသည်။ ထိုတပ်မတော်ကြီး သည် အလိုအလျောက် ပေါ်ပေါက်လာခြင်းမဟုတ်ဘဲ တိုင်းပြည်အတွက် လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ပေါ်ထွန်းလာခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်မြဲဖို့ဆိုလျှင် နိုင်ငံတော်ကာကွယ်ရေးအတွက် အင်အား တောင့်တင်းခိုင်မာသည့် ခေတ်မီမျိုးချစ်တပ်မတော် တစ်ရပ်ဖွဲ့စည်းထားရှိရန် လိုအပ်ကြောင်း (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆို ရေးသားလိုက်ရပါသည်။ ။

မောင်သောင်းဝင်း (တမန်ဟောင်း)