Skip to main content

အမေရိကန်ရဲ့ အနိုင်ကျင့်ဗိုလ်ကျစိုးမိုးလိုမှုကသာ ယူကရိန်းပဋိပက္ခရဲ့ လက်သည်တရားခံဖြစ်နေ

စစ်မက်ဖြစ်ပွားနေတဲ့ ယူကရိန်းနိုင်ငံသားတွေဖြစ်စေ၊ အရေးယူပိတ်ဆို့ခံရတဲ့ ရုရှားဖြစ်စေ၊ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ ယုံကြည်မှုမရှိတဲ့ ဥရောပဖြစ်စေ အားလုံးဟာ ဒုက္ခကြီးစွာခံစားရပါတယ်။

ဒါပေမဲ့လည်း ယူကရိန်းပဋိပက္ခဖြစ်ပွားရခြင်းရဲ့ လက်သည်တရားခံဖြစ်တဲ့ အမေရိကန်ကတော့ သူတို့ရဲ့ အနိုင်ကျင့်ဗိုလ်ကျ စိုးမိုးမှုကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ရေးအတွက် သူတပါးရဲ့ ကံမကောင်း အကြောင်း မလှတဲ့အခြေအနေကို အမြဲတမ်းအဖွင့် ကောင်းယူနေဆဲပါပဲ။

ဖြစ်သမျှသောအခြေအနေတိုင်းအတွက် အကြောင်းရင်းဆိုတာရှိပါတယ်။ ဗြိတိန်နိုင်ငံသား နိုင်ငံတကာ ဆက်ဆံရေးပညာရှင် အက်ဒဝေါ့ကားက လွန်ခဲ့တဲ့နှစ်ပေါင်း ၈၀ ကျော်လောက်က လူတွေကို အမေရိကန်နဲ့ ပတ်သက်ပြီး သတိပေးခဲ့တာရှိပါတယ်။

ဘာလဲဆိုတော့ အမေရိကန်ဆိုတာ သူ့ရဲ့တစ်ကိုယ်ကောင်းဆန်မှုကို ဖုံးကွယ်ဖို့အတွက် အကြင်နာတရားကို အသုံးပြုရာမှာ တကယ့်ထိပ်တန်းဆရာ တစ်ဆူဖြစ်တယ် ဆိုပြီးတော့ပါ။

ယူကရိန်းနိုင်ငံဆိုတာ သယံဇာတ ပေါကြွယ်ဝတယ်။ ခိုင်မာတဲ့စက်မှုလုပ်ငန်း တွေရှိတယ်။ ပထဝီဝင် အရ အားသာချက်ရှိတယ်။ ဒီတော့ အဲဒီနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှုတွေကို မလွဲဧကန်ရရှိနိုင်ခဲ့ပါတယ်။

ယူကရိန်းအနေနဲ့ လွတ်လပ်ရေးရပြီး အစောပိုင်းကာလတွေမှာ ဟန်ချက်ညီမျှမှုရှိတဲ့မူဝါဒကိုသာ ချမှတ်အကောင်အထည်ဖော်ခဲ့တာပါ။

ဒါပေမဲ့လည်း ၂၀၀၄ ခုနှစ် လိမ္မော်ရောင်တော်လှန်ရေးကိုလည်းကောင်း၊ ၂၀၁၄ ခုနှစ် ဆူပူအုံကြွမှုကို လည်းကောင်း သွေးထိုးမြှောက်ပင့်ကာ ထောက်ပံ့မှုတွေပေးပြီး ယူကရိန်းကို အနောက်ယိမ်းနိုင်ငံ တစ်နိုင်ငံဖြစ်လာစေဖို့ လုပ်ဆောင်ခဲ့သူကတော့ အမေရိကန်ပါပဲ။

အမေရိကန်ရဲ့ သွေးထိုးမြှောက်ပင့်ထောက်ပံ့မှုတွေက သူလိုချင်တဲ့အထွက်လာစေတယ်လို့ ပြောရပါ လိမ့်မယ်။ ဘာကြောင့်လဲဆိုရင် အမေရိကန်ရဲ့ လုပ်ဆောင်ချက်တွေကြောင့် ယူကရိန်းနိုင်ငံအတွင်းမှာ နိုင်ငံရေးအရခွဲထွက်မှုတွေဖြစ်တယ်။ ရုရှားနဲ့ဥရောပကြားမှာဆိုရင်လည်း ပထဝီနိုင်ငံရေးအရခွဲ ထွက်မှု တွေဖြစ်လာလို့ဖြစ်ပါတယ်။

တကယ်တမ်းကျတော့ ယူကရိန်းနိုင်ငံဆိုတာ ဥရောပဒေသဆီဝင်ပေါက်ဖြစ်တဲ့အတွက် အထိုက်အလျောက် ကြွယ်ဝချမ်းသာမှုတွေရှိမှာ မှန်သော်လည်း ဥရောပဒေသရဲ့ အဆင်းရဲဆုံးနိုင်ငံ တစ်နိုင်ငံ ဖြစ်နေပါတယ်။

ဒါ့အပြင် NATO တပ်ဖွဲ့ရဲ့ အရှေ့ဘက် စစ်နံချဲ့မှုရှေ့တန်းစစ်မျက်နှာဖြစ်သလို ရောင်စုံတော်လှန်ရေးနဲ့ ပဋိပက္ခတွေဖြစ်ပွားမှုအတွက် သဘောထား ကွဲလွဲမှုတွေဖြစ်ပွားရာ နေရာလည်းဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်တုန်းက ယူကရိန်းအရှေ့ပိုင်းမှာ ပဋိပက္ခတွေဖြစ်ပွားစဉ် ဂျာမနီ၊ ပြင်သစ်၊ ရုရှားနဲ့ ယူကရိန်းတို့က တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုတွေကို အကြိမ်ကြိမ် လုပ်ဆောင်ပြီးနောက် မင့်(စ်) သဘော တူညီချက်နှစ်ခုကို လက်မှတ်ထိုးခဲ့ကြပါတယ်။

အဲဒီသဘောတူညီချက်တွေကြောင့် ယူကရိန်းအရှေ့ပိုင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဟာ ချုပ်ငြိမ်း သွားခဲ့တာတော့ အမှန်ပါပဲ။

ဒါပေမဲ့ အဲဒီအချိန်တုန်းက အမေရိကန်ဟာ သူတို့နဲ့ဆန့်ကျင်ဘက်မှာ ရပ်ပြီးမြေပြင်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခဖြစ်မှုတွေ ပိုမိုပြင်းထန်လာစေဖို့အတွက် ယူကရိန်းရှိ ရုရှားကိုဆန့်ကျင်တဲ့ အဖွဲ့တွေနဲ့ အနောက် ယိမ်းအဖွဲ့တွေကို သွေးထိုးမြှောက်ပေးကာ မီးလောင်ရာလေပင့်ခဲ့ပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ယူကရိန်းပဋိပက္ခမှာဆိုရင်လည်း အမေရိကန်ဟာ သူကိုယ်တိုင်စစ်မတိုက်ဘဲ အငှားဗိုက်နဲ့ဓားထိုးခံ ခိုင်းနေပြန်ပါပြီ။

အမေရိကန်ဟာ ယူကရိန်းကိုကယ်တင်ဖို့ ဘယ်တုန်းကမှ စိတ်ကူးမရှိခဲ့ပါဘူး။ ဒီစိတ်ကူးဟာလည်း ဘယ်အချိန်ပြီးဆုံးမယ်မှန်းမသိရတဲ့ ပဋိပက္ခ တစ်ခုမှာ ရုရှားကို ထောင်ချောက်ထဲမှာပိတ်မိစေဖို့ အမေရိကန်ကအသုံးချတဲ့ နိုင်ငံရေးလက်နက်တစ်ခုမျှသာဖြစ်ပါတယ်။

အမေရိကန်ရဲ့ အနိုင်ကျင့်ဗိုလ်ကျစိုးမိုးမှုက ဥရောပ၊ ရုရှားနဲ့ ယူကရိန်းဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ လုံခြုံရေးပြဿနာတွေအားလုံးကို ဘယ်လိုဖန်တီးခဲ့ လဲဆိုတာ သိရှိနိုင်စေဖို့ အတိတ်သမိုင်းကြောင်းကို နည်းနည်း ပြောဖို့လိုပါလိမ့်မယ်။

ကိုထက်

Source; Global Times

(ဆက်လက်ဖော်ပြပါမည်။)