Skip to main content

ဧရာဝတီတိုင်းဒေသကြီးနယ်မြေ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း ဆောင်ရွက်

ပုသိမ် ဖေဖော်ဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီးနယ်မြေ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေး လေ့လာသည့် အသိပညာပေး အစီအစဉ်အားဆောင်ရွက်လျက်ရှိရာ ယနေ့တွင် အင်္ဂပူမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု ၈၃ ခုမှ ပြည်သူ ၅၀၉ ဦး၊ ညောင်တုန်း မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု ၅၄ ခုမှ ပြည်သူ ၆၅၆ ဦး စုစုပေါင်း ၁၁၆၅ ဦး တက်ရောက်ပြီးလက်တွေ့ စမ်းသပ်မဲပေးလေ့လာကြသည်။

တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများက MEVM စက်ဖြင့် စမ်းသပ်မဲပေးမှုအဆင့်ဆင့်ကို ရှင်းလင်းပြသဆောင်ရွက်ကြပြီး တက်ရောက်လာကြသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်းများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်ပြည်သူများက စိတ်ပါဝင်စားစွာဖြင့် လက်တွေ့စမ်းသပ် မဲပေးခဲ့ကြသည်။

စမ်းသပ်မဲပေးသူများက ယခင်ကျင်းပခဲ့သည့်ရွေးကောက်ပွဲများတွင် မဲရုံအဖွဲ့ဝင်များအဖြစ် ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများအရ နောင်ကျင်းပမည့် ရွေးကောက်ပွဲများအတွက် ပိုမိုကောင်းမွန်စေမည့် အကြံပြုချက်များကိုလည်းပေးခဲ့ကြသည်။ မြန်မာအီလက်ထရောနစ်မဲပေး စက်ဖြင့် လက်တွေ့စမ်းသပ်မဲပေး လေ့လာခြင်းအစီအစဉ်ကို ဧရာဝတီတိုင်းဒေသကြီးနယ်မြေရှိ မြို့နယ်များတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်