Skip to main content

ကလေးမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်အဖွဲ့များ လွှင့်တင်တဲ့ ဒရုန်းဗုံးသီး ကျရောက်ပေါက်ကွဲတာကြောင့် ကလေး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဖေဖော်ဝါရီ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ အောင်မြင်သာကျေးရွာအနီးတွင် နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးပူးပေါင်းအဖွဲ့များမှ ဖေဖော်ဝါရီ ၁၇ ရက်နေ့ ညနေပိုင်းက ဒရုန်းစမ်းသပ်လွှင့်တင်ခဲ့ရာ ဘောလုံးကွင်းအတွင်း ဗုံးသီးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ကလေး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ကလေးမြို့နယ်မှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ၎င်းရက်နေ့တွင် လုံခြုံရေးပူးပေါင်းအဖွဲ့များမှ အောင်မြင်သာကျေးရွာအနီး နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့စဉ်တွင် အကြမ်းဖက်သမားထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ လုံခြုံရေးပူးပေါင်းအဖွဲ့ဝင်အချို့ မစိုးရိမ်ရထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ဒေသခံပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အတွက် အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အားပေးမီဒီယာများက ကောလာဟလသတင်းများဖြင့် သွေးထိုးလှုံ့ဆော်ပြီး နယ်မြေတည်ငြိမ်မှု ပျက်ပြားစေရန်အတွက် လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။