Skip to main content

Oct 24, 2023

ဂရိတ်ဝေါလ်တူမောရိုး မျိုးစေ့ထုတ် စိုက်ပျိုးရေးကုမ္ပဏီလီမိတက်၏ GW-11 မျိုးစေ့ထုတ် စိုက်ခင်းဧက ၈၀၀ ကွင်းသရုပ်ပြပွဲနှင့် မျိုးစေ့ထောက်ပံ့ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပျဉ်းမနားမြို့နယ် အလျင်လိုကျေးရွာအနီးရှိ ရှင်းလင်းဆောင်၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများတက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 24, 2023

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာအီလက် ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများကို ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းနှစ်ပိုင်းခွဲ၍ ဆောင်ရွက်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့မှ ကိုယ်စားလှယ်များ၊ ပြည်စံအောင်ရပ်ကွက်၊ သာစည်ကျေးရွာအုပ်စု၊ ရေဆင်းကျေးရွာအုပ်စုနှင့် သက်နှင်းအင်းကျေးရွာအုပ်စုတို့မှ အုပ်ချုပ်ရေးမှူးများ၊ အတွင်းရေးမှူးများနှင့် မဲဆန္ဒရှင်ပြည်သူများ တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 24, 2023

လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (Standard Operating Procedure–SOP) ရေးဆွဲပြုစုရေးဦးစီးကော်မတီ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 24, 2023

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၁၉ ရက် ညနေပိုင်းက ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆောက်လုပ်ရေးနှင့် အိုးအိမ်ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများနှင့်အတူ နှစ်နိုင်ငံအလွတ်သဘောတွေ့ဆုံ၍ ဝန်ကြီးဌာနအချင်းချင်း လုပ်ငန်းများပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်မည့် ကဏ္ဍများအတွက် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 24, 2023

ကမ္ဘာလုံးဆိုင်ရာ မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှုရက်သတ္တပတ် (Global Media and Information Literacy Week 2023) အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနစုဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 24, 2023

နေပြည်တော် အောက်တိုဘာ ၂၃

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 24, 2023

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၃) ကို ယနေ့နံနက်ပိုင်းက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 24, 2023

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)(၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 24, 2023

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် ထွက်ကုန်များမှ MSME စက်မှုကုန်ထုတ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွေ့ကျကျအထောက် အကူပြုနိုင်မည့် ကျွမ်းကျင်နည်းပညာရှင်လူငယ်များ ပေါ်ထွန်းလာရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယနေ့နံနက်ပိုင်းက အစိုးရနည်းပညာကောလိပ် (မန္တလေး)၌ ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 24, 2023

(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ယနေ့ညနေပိုင်းတွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 24, 2023

​​​​​​​မြန်မာနိုင်ငံသည် အမျိုးသားယဉ်ကျေးမှုအစဉ်အလာ ကြီးမားသည့်နိုင်ငံဖြစ်သည်ကို မျက်မှောက်ကာလထိတိုင် ရှင်သန်နေဆဲဖြစ်သည့် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ ဝတ်စားဆင်ယင် ပြုမူနေထိုင်မှုများက သက်သေပြနေသည်။ မျက်မှောက်ကမ္ဘာတွင် နည်းပညာနှင့် ခေတ်ပေါ်ယဉ်ကျေးမှုများ အရှိန်အဟုန်ဖြင့် ပြောင်းလဲဖြစ်ပေါ်တိုးတက်ဖြစ်ထွန်းနေသော်လည်း ရှေးရိုးအစဉ်အလာယဉ်ကျေးမှု ဓလေ့စရိုက်များကို မပစ်ပယ်ဘဲ စွဲမြဲလက်ခံနေဆဲ၊ တန်ဖိုးထားနေဆဲနိုင်ငံမှာ မြန်မာတစ်နိုင်ငံတည်းသာဟု ဂုဏ်ပြုဆိုချင်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 24, 2023

​​​​​​​သီဆို၊ ကခုန်၊ တီးမှုတ်ကြသည့် ယဉ်ကျေးမှုအလေ့အထများက လူသားတို့၏ သမိုင်းအစမှာပင် ရှိခဲ့လိမ့်မည်ဟု ပညာရှင်တို့က အနုမာနအားဖြင့် မှန်းဆကြသည်။ စာပေအက္ခရာ အရေးအသားတို့ ပေါ်ပေါက်လာသည့်အခါတွင် ရေးဖွဲ့ခြင်းအနုပညာလည်း ပေါ်ထွန်းလာသည်။ မြန်မာနိုင်ငံတွင် အဆို၊ အက၊ အရေး၊ အတီးတို့နှင့် စပ်လျဉ်း၍ အစောဆုံးအထောက်အထားများကို ပျူခေတ်တွင် တွေ့ရှိရခြင်းဖြစ်သည့်အတွက် သီဆို၊ ကခုန်၊ တီးမှုတ်ခြင်း ယဉ်ကျေးမှုတို့ ယင်းထက်စော၍ တည်ရှိနေပြီဟု ဆိုနိုင်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 23, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၂၂-၁၀-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၃-၁၀-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၅၆၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် မတွေ့ရှိရပါ။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူမရှိပါ။

ဆက်လက်ဖတ်ရှုရန်

Oct 23, 2023

ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။

ဆက်လက်ဖတ်ရှုရန်

Oct 23, 2023

ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စီးပွားရေးလုပ်ငန်းရှင်များနှင့် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 23, 2023

မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၊ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီး၊ အင်းစိန်ပြည်သူ့ဆေးရုံကြီး၊ ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီး - ရန်ကုန်နှင့် မျက်စိရောဂါအထူးကု ဆေးရုံကြီး-ရန်ကုန်တို့မှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ယမန်နေ့နှင့် ယနေ့တွင် ကျန်းမာရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် ပြည်သူ့ဆေးရုံကြီး(စစ်တွေမြို့)သို့ စတုတ္ထအကြိမ်အဖြစ် သွားရောက်၍ ပြည်သူ့ဆေးရုံကြီး (စစ်တွေမြို့)မှ အထူးကုဆရာဝန်များနှင့်အတူ ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ရာ

ဆက်လက်ဖတ်ရှုရန်

Oct 23, 2023

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ မန္တလေးတိုင်းရင်းဆေးတက္ကသိုလ်စာကြည့်တိုက်သို့ အိန္ဒိယတိုင်းရင်းဆေးဖက်ဝင်ပင်စာအုပ် ၆၅ အုပ်အပါအဝင် အိန္ဒိယနိုင်ငံ၏ ယဉ်ကျေးမှု၊ စာပေ၊ သမိုင်းတို့နှင့်ပတ်သက်သော စာအုပ်ပေါင်း ၂၀၀ ခန့်အား လှူဒါန်းခဲ့ရာ လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းရင်းဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် တာဝန်ရှိသူများ အိန္ဒိယနိုင်ငံ သံအမတ်ကြီး  Mr. Vinay Kumar ၊ မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 

ဆက်လက်ဖတ်ရှုရန်

Oct 23, 2023

ရှမ်းပြည်နယ်(တောင်ပိုင်း)နမ့်စန်ခရိုင် မိုးနဲမြို့နယ်တွင် သဘာဝကပေးသော သစ်တောထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးဆောင်ရွက်လျက်ရှိရာ ဝါးလက်မှု လုပ်ငန်းတစ်ခုဖြစ်သည့် ရှမ်းရိုးရာဝါးခ‌မောက်ထုတ်လုပ်နေမှုများနှင့်စပ်လျဉ်း၍ မိုးနဲမြို့နှင့် သုံးမိုင်ခန့်ကွာဝေးသော မိုက်ဟိုင်းကျေးရွာအုပ်စု နမ့်မော်လေကျေးရွာနေ ဦးဝိစိတ္တနှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ပါသည်-

ဆက်လက်ဖတ်ရှုရန်

Oct 23, 2023

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က တပ်ကုန်းဗဟိုသုတေသနခြံ၏ သုတေသနလုပ်ငန်း ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 23, 2023

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၀ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် သံလွင်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ် (တရုတ်လှဘက်ခြမ်း) ၌ ဘားအံမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် အသားတု ၁၃၅၀ ကီလိုဂရမ်၊  TVI Fish Dumbells ၃၅၀ ကီလိုဂရမ်၊ သရက်သီး ၄၀၀ ကီလိုဂရမ်၊ Slipper ဖိနပ် ၂၂၈ ရန်၊ Honda ဆိုင်ကယ်(Used) တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ်၇၃၆၈၈၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Ankai Express တစ်စီးနှင့် Golden Dragon Express တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၈၀၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၇၃၆၈၈၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်