Nov 21, 2023
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်သူ့ဆေးရုံ-တပ်ကုန်းမြို့သို့ရောက်ရှိပြီး ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်း၊ Oxygen Plant၊ ပြင်ပလူနာဌာန၊ အထူးကုပြင်ပလူနာဌာန၊ ခွဲစိတ်ဆောင်နှင့် ဆေးကုသဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Nov 21, 2023
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် သာကေတမြို့နယ် ဧရာဝဏ်လမ်းရှိ ပြည်သူ့ဆေးရုံဘေးရေမြောင်း ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှု၊ သာကေတမြို့နယ် ဇင်္ဂမလမ်း လမ်းသားတိုးချဲ့ ကွန်ကရစ်ခင်းနေမှု၊ အမှတ်(၁) စျေး ရောင်းဝယ်ဖောက်ကားနေမှု၊ ဗိုလ်မြတ်ထွန်းမြစ်ထွက်ပေါက် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှုနှင့် ရန်ကုန်တိုင်းဒေသကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော်အတွက် အလှမီးပုံးများ ပြင်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
Nov 21, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေးဦးစီးဌာနက နေပြည်တော် ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်းဝင်း၌ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း GAP နည်းပညာပေးစိုက်ကွင်း(GAP Model Farm)ကို ကွင်းဆင်းစစ်ဆေးသည်။
Nov 21, 2023
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် မြောက်လွတ်ကုန်းကျေးရွာရှိ ပျဉ်းမနားခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Nov 21, 2023
အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့က အိမ်ရှင်အဖြစ် ပူးတွဲကျင်းပမည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွက် အာရှဇုန်ဒုတိယအဆင့်ခြေစစ်ပွဲ၏ ဒုတိယပွဲစဉ်အဖြစ် မြန်မာအမျိုးသားလက်ရွေးစင်အသင်းနှင့် မြောက်ကိုရီးယားအသင်းတို့သည် နိုဝင်ဘာ ၂၁ ရက် မြန်မာစံတော်ချိန် ညနေ ၄ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
Nov 21, 2023
မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်တာလုံး အားထုတ်ရေးသားပြုစုခဲ့သော ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသောအားဖြင့် ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီက ၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုရှင်များကို ရွေးချယ်ချီးမြှင့်ခဲ့ပါသည်။ ၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုရှင်များအဖြစ် ရွေးချယ်ချီးမြှင့်ခံရသော စာရေးဆရာကြီးများအား မြန်မာ့အလင်းမှ တွေ့ဆုံမေးမြန်မှုများကို ဖော်ပြလိုက်ပါသည်။
Nov 21, 2023
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Nov 21, 2023
(၅၁) ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲနှင့် မသန်စွမ်းအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။
Nov 21, 2023
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယနေ့နံနက်ပိုင်းက ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်ထည်ဖော်ဆောင်ရွက်နေသည့် မြနန်းစံကျော်ရွှေနန်းတော် နန်းဆောင်ပတ်လည် သစ်သားကြမ်းခင်းပြုပြင်ခြင်းလုပ်ငန်း၊ မြေနန်းပြာသာဒ်ဆောင်နှင့် မှန်နန်းဆောင်တို့တွင် ခင်းကျင်းပြသရန် ဆောင်ရွက်ထားရှိမှုနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
Nov 21, 2023
ရန်ကုန်တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရှိ ငါးလုပ်ငန်းအတတ်သင်သိပ္ပံ (ကြို့ကုန်း) တွင် “အခြေခံကွန်ပျူတာသင်တန်း” ကို နိုဝင်ဘာ ၂၀ ရက် နံနက် ၉ နာရီ က ဖွင့်လှစ်သည်။
Nov 21, 2023
စက်ရုံတည်ဆောက်ရေးလုပ်ငန်းများ တိုးတက်မှုအခြေအနေနှင့်ပတ်သက်သည့် ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 21, 2023
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ တရုတ်နိုင်ငံ လေကြောင်းစီမံန့်ခွဲရေးဗျူရိုနှင့် ယူနန်ပြည်နယ် ပြည်သူ့အစိုးရတို့ ပူးပေါင်းစီစဉ်မှုဖြင့် ၂၀၂၃ ခုနှစ် တရုတ်နိုင်ငံတကာခရီးသွားပြပွဲ (2023 China International Travel Mart) ကို နိုဝင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိလည်းကောင်း၊ အာဆီယံ-တရုတ်ဗဟိုဌာနနှင့် မလေးရှားနိုင်ငံ ခရီးသွားလုပ်ငန်း အနုပညာနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်မှုဖြင့် အာဆီယံ-တရုတ် ခရီးသွားလုပ်ငန်း ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲ-၂၀၂၃ကို နိုဝင်ဘာ ၁၈ ရက်တွင်လည်းကောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
Nov 21, 2023
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ကျောက်တန်းမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ သီလဝါသဘာဝ ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ ပြန်လည်ပြုပြင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်မည့်အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Nov 21, 2023
(၃၄) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Nov 21, 2023
ဒီနေ့မှာတော့ အခြေခံပညာကျောင်းတွေနဲ့ပတ်သက်ပြီး ကောလာဟလများ ထုတ်လွှင့်နေတာကို တွေ့ရပါတယ်။ တချို့သောမြို့နယ်တွေမှာ အခြေခံပညာကျောင်းတွေနဲ့ပတ်သက်ပြီး ကျောင်းပိတ်ရမယ့် အခြေအနေရှိတယ်၊ ကျောင်းပိတ်မယ်ဆိုတာမျိုးတွေကို ကောလာဟလ ထုတ်လွှင့်နေတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မည်သည့်ကျောင်းမှ ပိတ်တာမရှိပါဘူး။ ပုံမှန်အတိုင်း ဆက်လက်ဖွင့်လှစ်သွားမယ်ဆိုတာကို ပြောကြားလိုပါတယ်။ ဒါတွေကို ကျွန်တော်မနေ့က ပြောခဲ့သလိုမျိုး နိုင်ငံတော်ရဲ့ လူမှုရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍတွေကို ထိခိုက်ပျက်စီးစေလိုတဲ့ ပြည်တွင်းပြည်ပအဖျက်သမားတွေက ကောလာဟလထုတ်လွှင့်နေတာပဲ ဖြစ်ပါတယ်။ တက်ရောက်ပညာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ စိတ်အေးချမ်းသာစွာ ဆက်လက်ပညာသင်ကြားကြဖို့ ပြောကြားလိုပါတယ်။ ဒါ့အပြင် ကျွန်တော်တို့အနေနဲ့ တက္ကသိုလ်၊ ကောလိပ်တွေကိုလည်း ဒီလ ၂၃ ရက်နေ့မှာ ပြန်ဖွင့်မှာဖြစ်ပါတယ်။ ၁၆ ရက်နေ့ကနေစပြီး ကျောင်းအပ်လက်ခံနေပြီဖြစ်ပါတယ်။ လက်ခံတဲ့နေရာမှာ အရင်နှစ်ကထက် ပိုမိုလက်ခံရရှိကြောင်း တွေ့ရပါတယ်။ ဒီကြားထဲမှာတော့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ အဝေးသင်စာမေးပွဲတွေ ဖြေဆိုရမှာဖြစ်ပါတယ်။ အဲဒီအချိန်မှာတော့ လုံခြုံရေးအခြေအနေအရ လွိုင်ကော်နဲ့ ကသာမှာပဲ ဖြေဆိုလို့မရခဲ့တာရှိပါတယ်။ အဲဒီဒေသတွေမှာ စာမေးပွဲတွေကို ဆိုင်းငံ့ထားပြီးတော့ ပြန်လည်ဖြေဆိုသွားမှာ ဖြစ်ပါတယ်။
Nov 21, 2023
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့နံနက်ပိုင်းက ချောက်မြို့ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံကို ကြည့်ရှုစစ်ဆေးပြီး စက်ရုံမှူးနှင့် ဝန်ထမ်းများအား လိုအပ်သည်များ မှာကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျောက်ပန်းတောင်းမြို့နယ်ရုံးကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
Nov 21, 2023
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
Nov 21, 2023
အလုပ်သမားဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ ဖွင့်လှစ်သော လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် နေပြည်တော်ကောင်စီဝင်းအတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 21, 2023
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ၌ အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၇၃) ၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ရတနာခန်းမ၌ ကျင်းပသည်။
Nov 21, 2023
၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားအား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ၂၀၂၃ ခုနှစ် ဆောင်ပုဒ်ဖြစ်သည့် “စဉ်ဆက်မပြတ်ဖွံ့ဖြိုးဖို့ မသန်စွမ်းသူများနှင့်အတူ ကူညီဆောင်ရွက်စို့” ခေါင်းစဉ်ဖြင့် ဆောင်းပါးပြိုင်ပွဲကို ပြုလုပ်သွားမည်ဖြစ်ပါသည်။ ဆောင်းပါးပါဝင်ယှဉ်ပြိုင်လိုသူများသည် မိမိတို့ကိုယ်တိုင်ရေးသားထားသည့် ဆောင်းပါးကို ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ထိခိုက်လွယ်အုပ်စုများဌာနခွဲ တယ်လီဖုန်းအမှတ် - ၀၆၇-၃၄၀၄၆၀၃၊ ၀၆၇-၃၄၀၄၆၀၄ နှင့် E-mail-vulnerable group.dor@gmail.com တို့ထံ ဆက်သွယ်၍ (၂၄-၁၁-၂၀၂၃)ရက်၊ သောကြာနေ့၊ ညနေ (၁၆:၀၀) နာရီအထိ နောက်ဆုံးထား၍ ဆက်သွယ်ပေးပို့နိုင်ကြောင်း သတင်းရရှိသည်။
