နေပြည်တော် နိုဝင်ဘာ ၂၀
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် မြောက်လွတ်ကုန်းကျေးရွာရှိ ပျဉ်းမနားခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် တာဝန်ခံအရာရှိက နယ်စပ်ဒေသများတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ယာဉ်/ယန္တရားများ ထိန်းသိမ်းထားရှိမှုနှင့် ဖြန့်ခွဲထားမှု၊ နယ်စပ်ဒေသများအတွက် ထောက်ပံ့ရေး ပစ္စည်းများ ထိန်းသိမ်းသိုလှောင်ထားမှုနှင့် ရုံးဝင်းအတွင်း ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရုံးဝင်းအတွင်း ယာဉ်/ယန္တရားများ ထိန်းသိမ်းထားရှိမှုနှင့် ကြံ့ခိုင်မှုအခြေအနေ၊ နယ်စပ်ဒေသများသို့ လှူဒါန်းထောက်ပံ့ပေးနိုင်ရန် ပစ္စည်းများ ထိန်းသိမ်းသိုလှောင်ထားရှိမှု၊ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းများ၊ ယန္တရားမောင်းနှင့် စက်ပြင်စသည့် ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများ ဖွင့်လှစ်နိုင်ရန် အိပ်ဆောင်နှင့် စားရိပ်သာ ပြုပြင်မွမ်းမံနေမှု၊ ရုံးဝင်းအတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု၊ ခရိုင်ရုံးအသစ်တည်ဆောက်ရန် လျာထားသည့် မြေနေရာနှင့် ခရိုင်ရုံးဝင်းအတွင်း ပတ်လမ်းကတ္တရာ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်