နေပြည်တော် နိုဝင်ဘာ၂၀
အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့က အိမ်ရှင်အဖြစ် ပူးတွဲကျင်းပမည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွက် အာရှဇုန်ဒုတိယအဆင့်ခြေစစ်ပွဲ၏ ဒုတိယပွဲစဉ်အဖြစ် မြန်မာအမျိုးသားလက်ရွေးစင်အသင်းနှင့် မြောက်ကိုရီးယားအသင်းတို့သည် နိုဝင်ဘာ ၂၁ ရက် မြန်မာစံတော်ချိန် ညနေ ၄ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
အဆိုပါ ယှဉ်ပြိုင်ကစားကြပုံများကို နိုဝင်ဘာ ၂၁ ရက် ညနေ ၃ နာရီ ၄၅ မိနစ်မှ စတင်၍ MRTV-HD၊ MRTV Sports Channel၊ MRTV Farmers’ Channel၊ MRTV Parliament Channel တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်သွားမည်ဖြစ်ပြီး မြန်မာ့အသံရေဒီယိုနှင့် MRTV APP: အပါအဝင် Online တို့မှလည်း တစ်ပြိုင်တည်း ထုတ်လွှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်