Skip to main content

Nov 20, 2023

အခြေခံအဘိဓမ္မာတရားတွင် စိတ်ကို မကောင်းအောင် ခြယ်လှယ်တတ်သော အကုသိုလ်စိတ် ၁၄ ပါးကို မှတ်သားရှောင်ရှားနိုင်ရန် အရေးကြီးပါသည်။ ယခုကာလ လူတို့၌ အကုသိုလ်စိတ်တစ်မျိုးဖြစ်သည့် သောကစိတ်များ များပြားနေကြလေသည်။ သောကကို ဝမ်းနည်းမှုဟုဆိုသည်။ ဝမ်းနည်းစရာတွေ့၍ စိတ်မချမ်းမသာဖြစ်ရာ၌ သောကဟုခေါ်ရလေသည်။ သောကဖြစ်တိုင်း ဒေါသလည်းပါနေပြီး စိတ်မချမ်းသာမှု၊ စိုးရိမ်ကြောင့်ကြမှုတို့ ဖိစီးနှိပ်စက်တတ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 20, 2023

ကမ္ဘာတစ်ဝန်းလုံးရှိ ကလေးများ၏ အနာဂတ်ပိုမိုတောက်ပနိုင်စေရေး၊ ကလေးများအား ကာကွယ်မှုအပြည့်အဝပေးနိုင်ရေး၊ ကလေးများ၏ အခွင့်အရေးများ ပိုမိုရရှိစေနိုင်ရေး၊ ကလေးများ ရင်ဆိုင်ကြုံတွေ့ရတတ်သည့် အခက်အခဲများကို ဖြေရှင်းပေးနိုင်ရေးတို့အတွက်ရည်ရွယ်၍ နှစ်စဉ် နိုဝင်ဘာလ ၂၀ ရက်နေ့ကို ‘‘ကမ္ဘာ့ကလေးများနေ့” (World Children's Day) အဖြစ် ကျင်းပလျက်ရှိသည်။ ထိုနေ့သည် ၁၉၅၉ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေ ညီလာခံက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကြေညာစာတမ်း (Declaration of the Rights of the Child) နှင့် ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် (United Nations Convention on the Rights of the Child) တို့ကို အတည်ပြု ပြဋ္ဌာန်းခဲ့ခြင်းတို့ကို ကိုယ်စားပြုထားခြင်းလည်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 19, 2023

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သောပြည်ပနိုင်ငံသားများအနေဖြင့် နယ်စပ်ဒေသများမှတဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက် နေထိုင်လျက်ရှိကြောင်းသိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 19, 2023

ကမ်းရိုးတန်းဒေသ တစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ မောင်ရွှေလေးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ အခြေပြု၍ အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၄၄၃ ဦးအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 19, 2023

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 19, 2023

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိ သောလုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 19, 2023

နယ်ဘဏ်ခွဲအချို့သည် မမျှော်မှန်းနိုင်သည့် အခြေအနေတစ်ရပ်ကြောင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှု ရပ်တန့်ခဲ့ရသည်ကို အခွင့်ကောင်းယူ၍ ပြည်ဖျက်မီဒီယာများ၊ အကြမ်းဖက်အုပ်စုများနှင့် အကြမ်းဖက်အုပ်စုများကို ထောက်ခံအားပေးသူများက လူမှုကွန်ရက်များတွင် အဆိုပါ သတင်းများကိုဖော်ပြပြီး ပြည်သူ့ငွေများဆုံးရှုံးကာ ပြည်သူများက ဘဏ်များမှ ငွေများထုတ်ယူ၍ မရတော့သကဲ့သို့ သွေးထိုးလှုံ့ဆော်ရေးသားမှုများကြောင့် ပြည်သူများကစိုးရိမ်ပူပန်မှုများ မြင့်တက်ကာ ဘဏ်များမှငွေများကို လိုသည်ထက်ပို၍ ထုတ်ယူနေသည်ကို ကြားသိနေရပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 19, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် တပ်မတော်အရာရှိကြီးများ လိုက်ပါ၍ ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်၊ တပ်မတော်ဆေးရုံကုတင် (၁၀၀၀)ရှိ အရိုးရောဂါနှင့် ထိခိုက်ဒဏ်ရာကုသမှုဌာန၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များအား သွားရောက်ကြည့်ရှုအားပေး စကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 19, 2023

ရန်ကုန်တိုင်း‌ဒေသကြီး ကျောက်တံတားမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ မဟာဗန္ဓုလလမ်း၊ မြို့တော်ခန်းမရှေ့၌ ပြည်တွင်းရေးဝင်ရောက်စွက်ဖက်မှုများအား ဆန့်ကျင်ကန့်ကွက်ရှုတ်ချပွဲကို ယနေ့ညနေ ၄နာရီခွဲက အမျိုးသားရေးလှုပ်ရှားသူ ရဟန်းသံဃာတော်များက ဦးဆောင်ကျင်းပခဲ့‌သည်။

ဆက်လက်ဖတ်ရှုရန်

Nov 19, 2023

မကွေးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသော အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး(MSME)လုပ်ငန်းများ အောင်မြင်ဖွံ့ဖြိုးတိုးတက်စေရေး၊ လုပ်ငန်းရှင်များအချင်းချင်း ချိတ်ဆက်မှုအားကောင်းလာစေရေးနှင့် MSME ထုတ်ကုန်များအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် ရည်ရွယ်ပြီး မကွေးမြို့ မြသလွန်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်၌ (MSME) ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို နိုဝင်ဘာ ၉ ရက်မှ ၁၁ ရက်အထိ သုံးရက်ကြာကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 19, 2023

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် အောက်ဝါးနက်ချောင်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံပြည်သူစုစုပေါင်း ၁၈၃ ဦးတို့ကို အဆိုပါကျေးရွာရှိ စံပယ်ခြံတပ်ဦးကျောင်းတိုက်၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ရွှေဘုန်းရှိန်ရပ်ကွက် မြင်းဝန်မင်းကြီးကျောင်းတိုက်မှ သံဃာတော် ၁၄၈ ပါးတို့ကို အဆိုပါကျောင်းတိုက်၌လည်းကောင်း ယနေ့တွင် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံဆေးကုသရေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 19, 2023

PDF Game ဆော့ကစားခြင်းကြောင့် ဥပဒေအရ အရေးယူခံရနိုင်သည်

ဆက်လက်ဖတ်ရှုရန်

Nov 19, 2023

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Nov 19, 2023

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် မန္တလေးတိုင်းဒေသကြီးတွင် တာဝန်ထမ်းဆောင်နေသော ဦးစီးဌာန၊ အဖွဲ့ရုံးများမှ ဝန်ထမ်းများကို ယနေ့နံနက်ပိုင်းတွင် ပြည်ကြီးတံခွန် မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (မန္တလေး)၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်