Skip to main content

ဒုတိယဝန်ကြီး ဒေါ်နုမြဇံ မြနန်းစံကျော်ရွှေနန်းတော်၊ ဦးပိန်တံတားနှင့် အနုပညာအထက်တန်းကျောင်း (မန္တလေး) ကြည့်ရှုစစ်ဆေး

မန္တလေး နိုဝင်ဘာ ၂၀

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယနေ့နံနက်ပိုင်းက ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်ထည်ဖော်ဆောင်ရွက်နေသည့် မြနန်းစံကျော်ရွှေနန်းတော် နန်းဆောင်ပတ်လည် သစ်သားကြမ်းခင်းပြုပြင်ခြင်းလုပ်ငန်း၊ မြေနန်းပြာသာဒ်ဆောင်နှင့် မှန်နန်းဆောင်တို့တွင် ခင်းကျင်းပြသရန် ဆောင်ရွက်ထားရှိမှုနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် အမျိုးသားကဇာတ်ရုံ (မန္တလေး) ၌ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေး) ဌာနခွဲ၊ အနုပညာဦးစီးဌာန (မန္တလေး) ဌာနခွဲတို့မှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံပြီး  နိုင်ငံတော်၏ မူဝါဒများနှင့် လုပ်ငန်းတာဝန်များ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် အမရပူရမြို့နယ်ရှိ ဦးပိန်တံတားသို့ ရောက်ရှိပြီး ရှေးဟောင်းသမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ် တောင်သမန်ဦးပိန်တံတား ရေရှည်တည်တံ့ခိုင်မြဲရေး ဆောင်ရွက်နေမှုအခြေအနေများ ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

ထို့ပြင် ဒုတိယဝန်ကြီးသည် ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ရှိ အနုပညာအထက်တန်းကျောင်း (မန္တလေး) ဝင်းအတွင်း ပန်တျာသင်ကြားဆောင် ဆောက်လုပ်နေမှုကိုလည်းကောင်း၊ ဗန်းမော်ကျောင်းတိုက်၌ ဗန်းမော်ဆရာတော်ကြီး၏ အထိမ်းအမှတ် ပြတိုက်ဖွင့်လှစ်နိုင်ရေးအတွက် ခင်းကျင်းပြသမည့်ပစ္စည်းများနှင့် ပြသမည့်အခန်းတို့ကိုလည်းကောင်း သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်