ရန်ကုန် နိုဝင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရှိ ငါးလုပ်ငန်းအတတ်သင်သိပ္ပံ (ကြို့ကုန်း) တွင် “အခြေခံကွန်ပျူတာသင်တန်း” ကို နိုဝင်ဘာ ၂၀ ရက် နံနက် ၉ နာရီ က ဖွင့်လှစ်သည်။
အဆိုပါသင်တန်းဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ရွှေက အမှာစကားပြောကြားပြီး ငါးလုပ်ငန်းအတတ်သင်သိပ္ပံ (ကြို့ကုန်း) သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းကိုကိုက အခြေခံကွန်ပျူတာ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
သင်တန်းသို့ ငါးလုပ်ငန်းဦးစီးဌာနမှ ဌာနတွင်းဝန်ထမ်း သင်တန်းသားခြောက်ဦးနှင့် သင်တန်းသူ ၁၄ ဦး စုစုပေါင်း ၂၀ တက်ရောက်သင်ကြားလျက်ရှိသည်။ သင်တန်းကို ငါးလုပ်ငန်းဦးစီးဌာန စာကြည့်တိုက်နှင့် ကွန်ပျူတာဌာနစုမှ ဒုတိယဦးစီးမှူး ဒေါ်ဝိုင်းမှိန်အပါအဝင် ဆရာမသုံးဦးက သင်တန်းပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ နိုဝင်ဘာ ၂၀ ရက်မှ ၂၄ ရက်အထိ ငါးရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
